Voice and Video Calling Feature ကို ထည့်သွင်းလာနိုင်တဲ့ Instagram





Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Instagram ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးသော Photo Sharing Application တစ်ခုဖြစ်ပြီးတော့ လက်ရှိအချိန်မှာလည်း အသုံးပြုသူတွေတဖြည်းဖြည်းများပြားလာပြီပဲဖြစ်ပါတယ်။ Instagram ကိုယ်တိုင်ကလည်း အခုနောက်ပိုင်းမှာ Features Update တွေကို အမြဲမပြတ်ထည့်သွင်းပေးနေပြီးတော့အခုအချိန်မှာလည်း Major Feature အသစ်တစ်ခုကို ထည့်သွင်းပေးတော့မယ့်ပုံပါပဲ။

အခု Feature အသစ်ကတော့ Instagram ရဲ့ လက်ရှိ Direct Message မှာ Messaging Feature အပြင် Voice Call နဲ့ Video Call Feature တွေကိုထည့်သွင်းဖို့ ကြံစည်နေတာပဲဖြစ်ပါတယ်။ အခု Feature တွေထည့်သွင်းမှာကို Instagram ကိုယ်တိုင်ကတော့ ပြောကြားခဲ့ခြင်းမရှိပေမယ့်လည်း TechCrunch ကနေ Instagram App ရဲ့ Code တွေမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

TechCrunch ရဲ့ တွေ့ရှိချက်အရတော့ Instagram App မှာ “action_call” နဲ့ “video_call” ဆိုတဲ့ Files အသစ်တွေကို တွေ့ရှိခဲ့ရတာဖြစ်ပြီးတော့ ဒါက လက်ရှိ Instagram မှာမရရှိသေးတဲ့ Features တွေဖြစ်တဲ့အတွက် လောလောဆယ်မှာ အသုံးပြုလို့မရအောင် ပိတ်ထားတာလို့ ယူဆရပါတယ်။

ဒါပေမယ့် မကြာခင်မှာတော့ Instagram ဟာ Facebook Messenger နဲ့ WhatsApp တို့လိုမျိုး Voice Call နဲ့ Video Call Feature တွေကိုရရှိလာဖို့ များပြားနေပြီပဲဖြစ်ပါတယ်။

Ref : Android Authority

Zawyè (Akhayar)