ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းက Facebook ကေန အသံုးျပဳသူေတြရဲ႕ Data ေတြကို ခိုးယူခံရမႈျဖစ္ပြားခဲ့တာကို မွတ္မိၾကဦးမွာပါ။ အဲ့ဒီအခ်ိန္တုန္းက စတင္ျပီးေတာ့ အျခားေသာ Social Media ေတြကလည္း အသံုးျပဳသူေတြရဲ႕ Privacy ကို အေလးထားျပီး Feature Update ေတြကို ထည့္သြင္းလာၾကပါတယ္။

Instagram

အဲ့ဒီထဲမွာမွ Facebook က ပိုင္ဆိုင္တဲ့ ကုမၸဏီတစ္ခုျဖစ္တဲ့ Instagram ကေန အခုအခ်ိန္မွာ ကိုယ္အသံုးျပဳထားတဲ့ Data ေတြကို ျပန္လည္ Download ရယူျပီး သိမ္းထားႏုိင္တဲ့ Feature တစ္ခုကို Website မွာ ထည့္သြင္းေပးလုိက္ျပီျဖစ္ပါတယ္။ အဲ့ဒီအတြက္ တေလာတုန္းက Instagram ကေျပာၾကားထားခဲ့တဲ့အတိုင္းပဲ အသံုးျပဳသူေတြက Instagram က ဘယ္လုိမ်ိဳး အသံုးျပဳသူေတြရဲ႕ Data ကို ရယူထားသလဲဆိုတာကို သိရွိႏုိင္ျပီပဲျဖစ္ပါတယ္။

Instagram Data Download

အခုလုိမ်ိဳး ကိုယ့္ရဲ႕ Instagram Data ကို Download ရယူခ်င္တယ္ဆုိရင္ေတာ့ Instagram Website ရဲ႕ ယခု Link မွာ သြားေရာက္ျပီးေတာ့ ကုိယ့္ရဲ႕ Instagram Username နဲ႔ Password ကို ရုိက္ထည့္ျပီး ကိုယ့္ရဲ႕ User Data ေတြကို Download ရယူဖို႔အတြက္ Request ျပဳလုပ္ရမွာျဖစ္ပါတယ္။

ျပီးတဲ့အခ်ိန္မွာေတာ့ အဆိုပါ User Data ေတြကို Download ရယူဖုိ႔အတြက္ Email Address တစ္ခုကို ထည့္သြင္းေပးရမွာျဖစ္ျပီးေတာ့ ၄၈ နာရီအတြင္းမွာ အဆိုပါ Data ေတြကို Download ရယူႏုိင္မယ့္ Download Link ကို Mail ပို႔ေပးမွာပဲျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Facebook ရဲ႕ Cambridge Analytica ကိစၥျဖစ္ျပီးေနာက္ပိုင္းမွာ အခုလိုမ်ိဳး Social Media ေတြက အသံုးျပဳသူေတြရဲ႕ Privacy ကို အေလးထားလာတာကေတာ့ ေကာင္းတဲ့အခ်က္လုိ႔ ေျပာလုိ႔ရပါတယ္။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Facebook ကနေ အသုံးပြုသူတွေရဲ့ Data တွေကို ခိုးယူခံရမှုဖြစ်ပွားခဲ့တာကို မှတ်မိကြဦးမှာပါ။ အဲ့ဒီအချိန်တုန်းက စတင်ပြီးတော့ အခြားသော Social Media တွေကလည်း အသုံးပြုသူတွေရဲ့ Privacy ကို အလေးထားပြီး Feature Update တွေကို ထည့်သွင်းလာကြပါတယ်။

Instagram

အဲ့ဒီထဲမှာမှ Facebook က ပိုင်ဆိုင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Instagram ကနေ အခုအချိန်မှာ ကိုယ်အသုံးပြုထားတဲ့ Data တွေကို ပြန်လည် Download ရယူပြီး သိမ်းထားနိုင်တဲ့ Feature တစ်ခုကို Website မှာ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် တလောတုန်းက Instagram ကပြောကြားထားခဲ့တဲ့အတိုင်းပဲ အသုံးပြုသူတွေက Instagram က ဘယ်လိုမျိုး အသုံးပြုသူတွေရဲ့ Data ကို ရယူထားသလဲဆိုတာကို သိရှိနိုင်ပြီပဲဖြစ်ပါတယ်။

Instagram Data Download

အခုလိုမျိုး ကိုယ့်ရဲ့ Instagram Data ကို Download ရယူချင်တယ်ဆိုရင်တော့ Instagram Website ရဲ့ ယခု Link မှာ သွားရောက်ပြီးတော့ ကိုယ့်ရဲ့ Instagram Username နဲ့ Password ကို ရိုက်ထည့်ပြီး ကိုယ့်ရဲ့ User Data တွေကို Download ရယူဖို့အတွက် Request ပြုလုပ်ရမှာဖြစ်ပါတယ်။

ပြီးတဲ့အချိန်မှာတော့ အဆိုပါ User Data တွေကို Download ရယူဖို့အတွက် Email Address တစ်ခုကို ထည့်သွင်းပေးရမှာဖြစ်ပြီးတော့ ၄၈ နာရီအတွင်းမှာ အဆိုပါ Data တွေကို Download ရယူနိုင်မယ့် Download Link ကို Mail ပို့ပေးမှာပဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook ရဲ့ Cambridge Analytica ကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ အခုလိုမျိုး Social Media တွေက အသုံးပြုသူတွေရဲ့ Privacy ကို အလေးထားလာတာကတော့ ကောင်းတဲ့အချက်လို့ ပြောလို့ရပါတယ်။

Ref : Engadget

Zawyè (Akhayar) 

www.akhayar.com