Instagram ရဲ႕ Stories Feature ဟာ လက္ရွိအခ်ိန္မွာ အသံုးျပဳသူေတြအမ်ားအျပားရွိေနျပီပဲျဖစ္ပါတယ္။ အခု Stories Feature ကို Instagram က Snapchat ဆီကေန ကူးယူခဲ့တယ္လုိ႔ ဆိုႏုိင္ေပမယ့္ လက္ရွိအခ်ိန္မွာ ျပိဳင္ဘက္ေတြထက္ အသံုးျပဳသူအမ်ားဆံုးျဖစ္ေနတဲ့ Feature ျဖစ္ေနျပီပဲျဖစ္ပါတယ္။

Instagram

Instagram ရဲ႕ အဆုိအရေတာ့ အခု Instagram Stories ေတြကို တစ္ေန႔ကို လူအေယာက္ သန္း ၃၀၀ ေက်ာ္ အသံုးျပဳေနျပီျဖစ္တယ္လို႔ သိရပါတယ္။ တေလာက Instagram ဟာ သူရဲ႕ Stories ေတြမွာ ေၾကာ္ျငာေတြကို ထည့္သြင္းလာခဲ့သလုိပဲ အခုအခ်ိန္မွာလည္း ေနာက္ထပ္ Feature အသစ္တစ္ခုကို ထည့္သြင္းလုိက္ပါတယ္။

အဲ့ဒါကေတာ့ Stories တစ္ဆင့္ ေစ်းဝယ္ႏုိင္တဲ့ Shopping Feature ပဲျဖစ္ပါတယ္။ Instagram ဟာ ေလာေလာဆယ္မွာလည္း Posts ေတြမွာ ပစၥည္းေတြကို ဝယ္ယူႏုိင္တဲ့ Shopping Feature ကို ထည့္သြင္းခဲ့ျပီးျဖစ္ေပမယ့္ အခုအခ်ိန္မွာေတာ့ Stories ကိုပါ ယခု Feature ေရာက္ရွိလာတာပဲျဖစ္ပါတယ္။

Instagram ကေတာ့ အခုလုိမ်ိဳး Stories ေတြမွာ ကုန္ပစၥည္းေတြကို ေၾကာ္ျငာျပီးေတာ့ တစ္ခါတည္း Stories ပံုေတြမွာ “See Details” ကို ႏွိပ္ျပီး ဝယ္ယူႏုိင္တာက ပံုမွန္ Post အေနနဲ႔ ေၾကာ္ျငာတာထက္ ပိုျပီး ဝယ္ယူသူေတြကို ဆြဲေဆာင္ႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ထားတယ္လုိ႔ သိရပါတယ္။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Instagram ရဲ့ Stories Feature ဟာ လက်ရှိအချိန်မှာ အသုံးပြုသူတွေအများအပြားရှိနေပြီပဲဖြစ်ပါတယ်။ အခု Stories Feature ကို Instagram က Snapchat ဆီကနေ ကူးယူခဲ့တယ်လို့ ဆိုနိုင်ပေမယ့် လက်ရှိအချိန်မှာ ပြိုင်ဘက်တွေထက် အသုံးပြုသူအများဆုံးဖြစ်နေတဲ့ Feature ဖြစ်နေပြီပဲဖြစ်ပါတယ်။

Instagram

Instagram ရဲ့ အဆိုအရတော့ အခု Instagram Stories တွေကို တစ်နေ့ကို လူအယောက် သန်း ၃၀၀ ကျော် အသုံးပြုနေပြီဖြစ်တယ်လို့ သိရပါတယ်။ တလောက Instagram ဟာ သူရဲ့ Stories တွေမှာ ကြော်ငြာတွေကို ထည့်သွင်းလာခဲ့သလိုပဲ အခုအချိန်မှာလည်း နောက်ထပ် Feature အသစ်တစ်ခုကို ထည့်သွင်းလိုက်ပါတယ်။

အဲ့ဒါကတော့ Stories တစ်ဆင့် ဈေးဝယ်နိုင်တဲ့ Shopping Feature ပဲဖြစ်ပါတယ်။ Instagram ဟာ လောလောဆယ်မှာလည်း Posts တွေမှာ ပစ္စည်းတွေကို ဝယ်ယူနိုင်တဲ့ Shopping Feature ကို ထည့်သွင်းခဲ့ပြီးဖြစ်ပေမယ့် အခုအချိန်မှာတော့ Stories ကိုပါ ယခု Feature ရောက်ရှိလာတာပဲဖြစ်ပါတယ်။

Instagram ကတော့ အခုလိုမျိုး Stories တွေမှာ ကုန်ပစ္စည်းတွေကို ကြော်ငြာပြီးတော့ တစ်ခါတည်း Stories ပုံတွေမှာ “See Details” ကို နှိပ်ပြီး ဝယ်ယူနိုင်တာက ပုံမှန် Post အနေနဲ့ ကြော်ငြာတာထက် ပိုပြီး ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com