[Zawgyi] 


Instagram Web


Instagram App


Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Instagram Server ရုပ်တရက်ရပ်တန့်သွားခဲ့

လွန်ခဲ့တဲ့ နေ့လယ်တစ်နာရီခွဲဝန်းကျင်ကစပြီး Instagram App နဲ့ Web မှာ အသုံးပြုလို့ မရတော့ဘဲ ရပ်တန့်သွားခဲ့ပါတယ်။ App နဲ့ သုံးသူတွေအနေနဲ့တော့ Couldn’t Refresh Feed ဆိုပြီး ဖြစ်နေမှာပါ။ Web နဲ့ အသုံးပြုသူတွေအတွက်တော့ 5xx Server Error ဆိုပြီးပြနေပါတယ်။ 

Instagram Web

အခုလိုဖြစ်ပွားတာကတော့ Europe ၊ Australia ၊ US West Coast Regions နဲ့ Asia ပါတယ်လို့ သိရပါတယ်။ ဘယ်အချိန်မှာ ပြန်ကောင်းလာမလဲဆိုတာနဲ့ ဘာကြောင့် အခုလို ပြဿနာဖြစ်သွားတာလဲဆိုတာကိုတော့ Instagram အနေနဲ့ ကြေညာထားတာမျိုးမရှိသေးပါဘူး။ 

Instagram App

ပြီးခဲ့တဲ့အပါတ်ကလည်း Facebook ကနေ Instagram ရဲ့ Founder တွေဖြစ်တဲ့ Kevin Systrom နဲ့ Mike Krieger နှုတ်ထွက်သွားခဲ့သလို စက်တင်ဘာ ၂၈ ရက်နေ့မှာ Facebook User ပေါင်း ၅ သန်းကျော်ရဲ့ Account တွေကို Hack ခံခဲ့ရတယ်လို့ သိရပါတယ်။ အခု Instagram ဖြစ်နေတဲ့ ပြဿနာနဲ့ Facebook ပြဿနာဖြစ်ပွားရတာက သက်ဆိုင်နေမလား၊ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပါ။ အခုအချိန်မှာတော့ Instagram သုံးလို့ပြန်အဆင်ပြေသွားပါပြီ။ 

Min Than Htike (Akhayar)

www.akhayar.com