[Zawgyi] 





Ref: Engadget 

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Apple Watch App ကိုရပ်တန့်လိုက်တဲ့ Instagram 

Apple Watch ရဲ့ watchOS ပေါ်က App တွေကို နာမည်ကြီး Online Platform အချို့က Update မပေးတော့ပဲဖြုတ်ချလာတာတော်တော်များနေပါပြီ။ အခုတော့ နောက်ဆုံးအနေနဲ့ Instagram ကသူတို့ရဲ့ watchOS ပေါ်မှာ Run တဲ့ Instagram App ကိုဖြုတ်ချလိုက်ပါပြီ။ 

လက်ရှိ watchOS ပေါ်မှာသုံးနေတဲ့ App တွေကတော့ iPhone ပေါ်က App တွေနဲ့တွဲဖက်ပါဝင်လာတာဖြစ်တာကြောင့် iPhone တွေအပေါ်တော်တော်လေးမှီခိုနေပါတယ်။ Apple အနေနဲ့ watchOS အတွက် iPhone နဲ့တွဲသုံးရတဲ့ App တွေကို ဖြုတ်ချခိုင်းနေခဲ့တာကတော့ April 1 ရက်နေကတည်းကပါ။ watchOS ပေါ်မှာ iPhone ရဲ့အကူအညီမပါပဲ သုံးလို့ရနိုင်မယ် App တွေကိုပိုအာရုံစိုက်လာပြီဖြစ်တာကြောင့် လာမယ့် WWDC မှာ watchOS အသစ်ကဘယ်လောက်ပြောင်းလဲလာနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ 

Apple Watch တွေအတွက်လည်း သီးသန့် App တွေကတစ်ကယ်လိုအပ်နေပါတယ်။ iPhone နဲ့ချိတ်ထားတာ ဒါမှမဟုတ် iPhone ပေါ်က Version မှာပါတဲ့ အရေးကြီး Feature တွေကို Watch App အတွက်ချန်ထားခဲ့တာမျိုးတွေရှိနေတာကြောင့် watchOS အတွက်သီးသန့်ရေးပေးထားတဲ့ App တွေသေခြာပေါက်လိုနေပါပြီ။ watchOS တိုးတက်လာတာနဲအမျှ Apple Watch တွေရဲ့ပရိတ်သတ်လည်းပိုများလာနိုင်မှာပါ။ Apple Watch Series 3 ရဲ့ရောင်းအားကတော့ Series 2 တွေရဲ့ ရောင်းအားထက် ၂ ဆတောင်ပိုများခဲ့တယ်လို့ Apple ကဆိုပါတယ်။ 

Ref: Engadget 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။