[ZawGyi]

Instagram Star ျဖစ္ျပီးဝင္ေငြေကာင္းေနၾကတဲ႔ေခြးေလးေတြ

အရင္ကဆုိရင္ေတာ႔ Instagram စတားေတြက ဆယ္လီေတြ ဘေလာဂါေတြ ဓာတ္ပံုဆရာေတြပါ။ အခုဆုိရင္ေတာ႔ လူသားေတြတင္မဟုတ္ေတာ႔ဘဲ ေခြးေလးေတြဟာလည္း Instagram စတားေလးေတြျဖစ္လာပါျပီ။ ေခြးေလးေတြကို သူတုိ႔အတြက္ သီးသန္႔အေကာင္႔ဖြင္႔ေပးျပီး စတုိင္လ္မ်ိဳးစံုနဲ႔ ပံုေလးေတြတင္လာၾကတာပါ။ သူတုိ႔ေလးေတြရဲ႕ Followers ကမနည္းမေနာရွိျပီး Social Influencer အေနနဲ႔ ဝင္ေငြေတြရေနတာမုိ႔ သခင္ေတြကိုဝင္ေငြေကာင္းေစတဲ႔သူေတြလုိ႔ဆုိရမွာပါ။ ေခြးခ်စ္တတ္သူေလးေတြအေနနဲဲ႔ ဒီ Instagram အေကာင္႔ေလးေတြကို Follow ထားသင္႔တယ္ေနာ္။

tunameltsmyheart

tunameltsmyheart

tunameltsmyheart

ဒီအထဲမွာ tunameltsmyheart အေကာင္႔ဆုိရင္ Follower 1.9 million ရွိပါတယ္။ ေခြးေလးက ေနရာစံုကိုေရာက္ ဝတ္စံုမ်ိဳးစံုဝတ္ျပီး Follower ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစသူျဖစ္ေနပါျပီ။ သူ႔ရဲ႕ ပံုေတြၾကည္႔လုိက္ရင္ ပုိျပီးရွင္းရွင္းလင္းလင္းသိသြားပါလိမ္႔မယ္။ သူအိပ္တာ စားတာ ေလွ်ာက္သြားတာ လူပ်ိဳလွည္႔တာအျပင္ သူ႔ကိုလူအဝတ္အစားေတြဝတ္ေပးျပီး Story ေလးေတြ တည္ေဆာက္ထားတာမ်ိဳးကလည္း လူေတြကိုေဖ်ာ္ေျဖမႈတစ္မ်ိဳးေပးပါတယ္။

poochofnyc

poochofnyc

poochofnyc

ေနာက္တစ္ေကာင္႔ကေတာ႔ poochofnyc ျဖစ္ပါတယ္။ ခ်စ္စရာ အေမြးဖြားဖြားနဲ႔ေခြးေလးက တည္ျငိမ္တဲ႔ဟန္နဲ႔ Gentleman Style ဖမ္းထားတာပါ။ သူ႔ရဲ႕အေကာင္႔မွာေတာ႔ Follower က 117K ရွိပါတယ္။ စမတ္က်တဲ႔ဒီေခြးေလးကို ျမင္ရတာနဲ႔တင္ မျပံဳးဘဲမေနႏိုင္ျဖစ္သြားမွာပါ။

frenchie.world

frenchie.world

frenchie.world

ေနာက္တစ္ေကာင္က frenchie.world အေကာင္႔ပိုင္ရွင္ပါ။ French Bulldog ၊ Born in Serbia လို႔မိတ္ဆက္ထားျပီး သူေလးကတစ္မ်ိဳးခ်စ္ဖို႔ေကာင္းပါတယ္။ ဒီအေကာင္႔ကေတာ႔ Follower 608K ရွိပါတယ္။ French Bulldog ခ်စ္တတ္သူေလးေတြ Follow လုပ္ထားသင္႔တဲ႔အေကာင္႔ပါပဲ။

 lokifdog

 

ူloki-the-wolfdog

ူloki-the-wolfdog

သူ႔သခင္နဲ႔အတူ ေတာေတာင္တစ္ခြင္သြားျပီး ဝ႔ံၾကြားခန္႔ညားတဲ႔ဟန္ ရွိတဲ႔ ဝံပုေလြေခြးေလးပါ။ ဒီေကာင္ၾကီးရဲ႕ မ်ိဳးႏြယ္နဲ႔ လိုက္ဖက္ေအာင္ ေတာေတာင္တစ္ခြင္ သြားလာ၊ ေရေတြ ေျမေတြနဲ႔ထိေတြ႔ေပးျပီး ၾကည္႔ျမင္ရသူေတြကို Fresh ျဖစ္တဲ႔ခံစားခ်က္ရေစပါတယ္။ သူကလည္း Instagram မွာ စတားျဖစ္ေနတာကို သိေနတဲ႔အလား ပို႔စ္ေပးေကာင္းတာာကိုေတြ႔ရမွာပါ။

itsdoughthepug

itsdoughthepug

itsdoughthepug

Profile မွာ King of pop culture လို႔ခ်စ္စရာေကာင္းေအာင္ မိတ္ဆက္ထားတဲ႔ Doug က 3.2 Million Followers ေတာင္ရွိပါတယ္။ သာသာယာယာ သူ႔ရဲ႕ Life ကို အေကာင္႔ပိုင္ရွင္က Caption ေကာင္းေကာင္းေလးေတြနဲ႔ ေရးတင္ေပးတာမို႔ Followers ေတြရဲ႕ Comment ေတြကအားရစရာ အမ်ားၾကီးပါ။ သူ႔ကို Gym ေတြ စားေသာက္ဆုိင္ေတြကေတာင္ေခၚျပီး Influencer အေနနဲ႔ ရိုက္ကူးေၾကာ္ျငာတာမ်ဳိးရွိၾကပါတယ္။

chloekardoggian

chloekardoggian

chloekardoggian

Chihuahua မ်ိဳး ၁၃ ႏွစ္အရြယ္ ဒီေခြးေလးရဲ႕ Followers က 153 K ရွိပါတယ္။ ျပဴးက်ယ္တဲ႔သူ႔မ်က္လံုးနဲ႔ ခ်စ္စရာေကာင္းတဲ႔အသြင္ေၾကာင္႔ သူ႔အေကာင္႔ျဖစ္တဲ႔ chloekardoggian ဟာနာမည္ၾကီးျပီး ေခြးမဂၢဇင္းမွာေတာင္ မ်က္ႏွာဖံုးရွင္အျဖစ္ပါဝင္ခဲ႔ရတဲ႔ ေခြးေလးပါ။

tibbythecorgi

tibbythecorgi

tibbythecorgi

Instagram မွာ Followers 229K ရွိတဲ႔နာမည္ၾကီးေလးတစ္ေယာက္ပါ။ အေမြးဖြားဖြား တုတ္တုတ္ခဲခဲေလးနဲ႔ ခ်စ္စရာေကာင္းတဲ႔အျပင္သြက္လက္ရႊင္ပ်လုိ႔လည္း ျမင္သူကိုစိတ္ခ်မ္းေျမ႕ေစပါတယ္။ ျခေသၤ႔ ၊ ယုန္ နဲ႔ Corgi မ်ိဳးႏြယ္ေပါင္းစပ္ထားတာမို႔ အလွေတြစုေနတယ္လုိ႔ဆုိရႏိုင္ပါတယ္။

ကဲ…ဘယ္လုိလဲ ခ်စ္စရာေကာင္းတယ္မဟုတ္လား။ ကိုယ္႔အိမ္ေမြးတိရစာၦန္ေလးေတြကိုေရာ ကမၻာေက်ာ္ေအာင္လုပ္ေပးၾကရင္ေကာင္းမလားပဲေနာ္။

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

[Unicode]

Instagram Star ဖြစ်ပြီးဝင်ငွေကောင်းနေကြတဲ့ခွေးလေးတွေ

အရင်ကဆိုရင် Instagram စတားတွေက ဆယ်လီတွေ ဘလောဂါတွေ ဓာတ်ပုံဆရာတွေပါ။ အခုဆိုရင်တော့ လူသားတွေတင်မဟုတ်တော့ဘဲ ခွေးလေးတွေဟာလည်း Instagram စတားလေးတွေဖြစ်လာပါပြီ။ ခွေးလေးတွေကို သူတို့အတွက် သီးသန့်အကောင့်ဖွင့်ပေးပြီး စတိုင်လ်မျိုးစုံနဲ့ ပုံလေးတွေတင်လာကြတာပါ။ သူတို့လေးတွေရဲ့ Followers ကမနည်းမနောရှိပြီး Social Influencer အနေနဲ့ ဝင်ငွေတွေရနေတာမို့ သခင်တွေကိုဝင်ငွေကောင်းစေတဲ့သူတွေလို့ဆိုရမှာပါ။ ခွေးချစ်တတ်သူလေးတွေအနေနဲ့ ဒီ Instagram အကောင့်လေးတွေကို Follow ထားသင့်တယ်နော်။

tunameltsmyheart

tunameltsmyheart

tunameltsmyheart

ဒီအထဲမှာ tunameltsmyheart အကောင့်ဆိုရင် Follower 1.9 million ရှိပါတယ်။ ခွေးလေးက နေရာစုံကိုရောက် ဝတ်စုံမျိုးစုံဝတ်ပြီး Follower တွေကို ရယ်မောပျော်ရွှင်စေသူဖြစ်နေပါပြီ။ သူ့ရဲ့ ပုံတွေကြည့်လိုက်ရင် ပိုပြီးရှင်းရှင်းလင်းလင်းသိသွားပါလိမ့်မယ်။ သူအိပ်တာ စားတာ လျှောက်သွားတာ လူပျိုလှည့်တာအပြင် သူ့ကိုလူအဝတ်အစားတွေဝတ်ပေးပြီး Story လေးတွေ တည်ဆောက်ထားတာမျိုးကလည်း လူတွေကိုဖျော်ဖြေမှုတစ်မျိုးပေးပါတယ်။

poochofnyc

poochofnyc

poochofnyc

နောက်တစ်ကောင့်ကတော့ poochofnyc ဖြစ်ပါတယ်။ ချစ်စရာ အမွေးဖွားဖွားနဲ့ခွေးလေးက တည်ငြိမ်တဲ့ဟန်နဲ့ Gentleman Style ဖမ်းထားတာပါ။ သူ့ရဲ့အကောင့်မှာတော့ Follower က 117K ရှိပါတယ်။ စမတ်ကျတဲ့ဒီခွေးလေးကို မြင်ရတာနဲ့တင် မပြုံးဘဲမနေနိုင်ဖြစ်သွားမှာပါ။

frenchie.world

frenchie.world

frenchie.world

နောက်တစ်ကောင်က frenchie.world အကောင့်ပိုင်ရှင်ပါ။ French Bulldog ၊ Born in Serbia လို့မိတ်ဆက်ထားပြီး သူလေးကတစ်မျိုးချစ်ဖို့ကောင်းပါတယ်။ ဒီအကောင့်ကတော့ Follower 608K ရှိပါတယ်။ French Bulldog ချစ်တတ်သူလေးတွေ Follow လုပ်ထားသင့်တဲ့အကောင့်ပါပဲ။

 lokifdog

 

ူloki-the-wolfdog

ူloki-the-wolfdog

သူ့သခင်နဲ့အတူ တောတောင်တစ်ခွင်သွားပြီး ဝံ့ကြွားခန့်ညားတဲ့ဟန် ရှိတဲ့ ဝံပုလွေခွေးလေးပါ။ ဒီကောင်ကြီးရဲ့ မျိုးနွယ်နဲ့ လိုက်ဖက်အောင် တောတောင်တစ်ခွင် သွားလာ၊ ရေတွေ မြေတွေနဲ့ထိတွေ့ပေးပြီး ကြည့်မြင်ရသူတွေကို Fresh ဖြစ်တဲ့ခံစားချက်ရစေပါတယ်။ သူကလည်း Instagram မှာ စတားဖြစ်နေတာကို သိနေတဲ့အလား ပို့စ်ပေးကောင်းတာာကိုတွေ့ရမှာပါ။

itsdoughthepug

itsdoughthepug

itsdoughthepug

Profile မှာ King of pop culture လို့ချစ်စရာကောင်းအောင် မိတ်ဆက်ထားတဲ့ Doug က 3.2 Million Followers တောင်ရှိပါတယ်။ သာသာယာယာ သူ့ရဲ့ Life ကို အကောင့်ပိုင်ရှင်က Caption ကောင်းကောင်းလေးတွေနဲ့ ရေးတင်ပေးတာမို့ Followers တွေရဲ့ Comment တွေကအားရစရာ အများကြီးပါ။ သူ့ကို Gym တွေ စားသောက်ဆိုင်တွေကတောင်ခေါ်ပြီး Influencer အနေနဲ့ ရိုက်ကူးကြော်ငြာတာမျိုးရှိကြပါတယ်။

chloekardoggian

chloekardoggian

chloekardoggian

Chihuahua မျိုး ၁၃ နှစ်အရွယ် ဒီခွေးလေးရဲ့ Followers က 153 K ရှိပါတယ်။ ပြူးကျယ်တဲ့သူ့မျက်လုံးနဲ့ ချစ်စရာကောင်းတဲ့အသွင်ကြောင့် သူ့အကောင့်ဖြစ်တဲ့ chloekardoggian ဟာနာမည်ကြီးပြီး ခွေးမဂ္ဂဇင်းမှာတောင် မျက်နှာဖုံးရှင်အဖြစ်ပါဝင်ခဲ့ရတဲ့ ခွေးလေးပါ။

tibbythecorgi

tibbythecorgi

tibbythecorgi

Instagram မှာ Followers 229K ရှိတဲ့နာမည်ကြီးလေးတစ်ယောက်ပါ။ အမွေးဖွားဖွား တုတ်တုတ်ခဲခဲလေးနဲ့ ချစ်စရာကောင်းတဲ့အပြင်သွက်လက်ရွှင်ပျလို့လည်း မြင်သူကိုစိတ်ချမ်းမြေ့စေပါတယ်။ ခင်္သြေ့ ၊ ယုန် နဲ့ Corgi မျိုးနွယ်ပေါင်းစပ်ထားတာမို့ အလှတွေစုနေတယ်လို့ဆိုရနိုင်ပါတယ်။

ကဲ…ဘယ်လိုလဲ ချစ်စရာကောင်းတယ်မဟုတ်လား။ ကိုယ့်အိမ်မွေးတိရစ္ဆာန်လေးတွေကိုရော ကမ္ဘာကျော်အောင်လုပ်ပေးကြရင်ကောင်းမလားပဲနော်။

ဂျူဂျူး(အခရာ)

www.akhayar.com