
Instagram



Instagram


Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

လက်ရှိအချိန်မှာ အကောင်းဆုံး Photo Sharing Application တစ်ခုဖြစ်ပြီးတော့ အခု Instagram ကနေ လက်ရှိအသုံးပြုသူစုစုပေါင်း ၁ ဘီလီယံ (သန်း ၁၀၀၀) ပြည့်သွားပြီလို့ သိရပါတယ်။

Instagram

Facebook က ပိုင်ဆိုင်တဲ့ Instagram ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက အသုံးပြုသူ သန်း ၈၀၀ ရှိနေခဲ့ပြီးတော့ အခုလိုမျိုး လပိုင်းအတွင်းမှာ အသုံးပြုသူ သန်း ၂၀၀ အထိ တိုးတက်လာတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကြည့်ရတာကတော့ တစ်နှစ်ကို အသုံးပြုသူ သန်း ၂၀၀ တိုးလာတယ်လို့တောင် ပြောလို့ရပါတယ်။

အခုသတင်းကို Instagram ရဲ့ Co-Founder ဖြစ်တဲ့ Kevin Systrom ကတော့ာ ဒါက အရမ်းကို ကောင်းမွန်ပြီးတော့ ဖြစ်လာမယ်လို့ လုံးဝမမျှော်လင့်မိထားတဲ့အရာဖြစ်တယ်လို့ပြောထားတာဖြစ်ပါတယ်။

Instagram

Instagram ဟာ Snapchat ရဲ့ Stories Feature ကိုလည်း ကူးယူခဲ့ပေမယ့် လက်ရှိအချိန်မှာ Snapchat ကိုတောင် ကျော်လွန်ပြီး အသုံးပြုသူတွေများပြားနေပြီဖြစ်ပါတယ်။ အခုလည်း Instagram ကနေ Vertical Videos တွေကို တင်နိုင်ပြီးတော့ Snapchat နဲ့ YouTube ကို ယှဉ်ပြိုင်မယ့် IGTV ကိုလည်း အသစ်ထုတ်လုပ်လိုက်တဲ့အတွက် Instagram ပိုပြီး အောင်မြင်လာဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com