[Zawgyi]

ဝမ္းနည္းေနတဲ့ မ်က္ႏွာေလးေၾကာင့္ အင္တာနက္မွာေရပန္းစားေနတဲ့ Bulldog ေလး

ေခြးေတြက လူေတြနဲ႔အရင္းႏွီးဆုံး အိမ္ေမြးတိရစာၦန္ေတြျဖစ္ၾကတယ္ဆိုတာ အထူးေျပာစရာမရွိပါဘူး။ အဲဒီလိုပဲ ေခြးေတြမွာ ထူးျခားတဲ့စြမ္းရည္ေတြပိုင္ဆိုင္ထားၾကၿပီး ေသခ်ာေလ့က်င့္ေပးႏိုင္ရင္ ေလ့က်င့္ေပးႏိုင္သေလာက္ လူေတြအတြက္ အက်ိဳးျပဳတဲ့ေကာင္ေတြျဖစ္ပါတယ္။

madame eyebrows dog

ေခြးေတြနဲ႔ပတ္သက္ၿပီး မ်ိဳးစိပ္ေပါင္းမ်ားစြာရွိတဲ့အထဲကမွ Bulldog အမ်ိဳးအစားေတြကိုလည္း ပရိသတ္ေတြ ရင္ႏွီးၿပီးသားျဖစ္ၾကပါလိမ့္မယ္။ အဲဒီလို Bulldog ေတြဆိုတာ Muscle Dog ေတြျဖစ္ၿပီး Bulldog ေပါက္ေလးေတြဆိုရင္ ေတာ္႐ုံလမ္းေဘးေခြးေလာက္ကို မေၾကာက္မ႐ြံ႕မာန္ဖီတဲ့အထိ အေၾကာက္အလန္႔မရွိ အင္အားႀကီးၾကပါတယ္။ ဒါေၾကာင့္လည္း ေသခ်ာထိန္းသိမ္းၿပီး ေလ့က်င့္ေပးႏိုင္တဲ့သူေတြေလာက္သာ Bulldog ေတြကို ေမြးၾကပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

ဒါေပမဲ့ အခုေဖာ္ျပေပးမယ့္ Bulldog ကေတာ့ ပရိသတ္ေတြသိထားသလိုမဟုတ္ဘဲ သူ႔ကိုျမင္တာနဲ႔ သနားခ်စ္ခင္စိတ္ျဖစ္သြားမယ့္ ေကာင္ႀကီးပဲျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံက အဂၤလိပ္မ်ိဳးစိပ္ Bulldog ျဖစ္ၿပီး သူ႔နာမည္က Madame Eyebrows ျဖစ္ပါတယ္။ Madame ဟာ အမျဖစ္ၿပီးေတာ့ သူမရဲ႕မ်က္လုံးအထက္နားက မီးခိုးေရာင္အေမြးေလးေတြေၾကာင့္ မ်က္ခုံးေမြးပါတဲ့ ေခြးလိုျဖစ္ေနပါတယ္။ ဒါ့အျပင္ အဲဒီမ်က္ခုံးေမြးနဲ႔တူတဲ့ အကြက္ေလးေတြေၾကာင့္ပဲ သူမဟာ မ်က္ႏွာထားဆိုးၿပီး တစ္စုံတစ္ခုကို အၿမဲတမ္း အလိုမက်ျဖစ္ေနတဲ့ ႐ုပ္ျဖစ္ေနပါတယ္။

madame eyebrows dog

ပုံမွာျမင္ေတြ႕ရတဲ့အတိုင္းပဲ သူ႔ကိုၾကည့္လိုက္တာနဲ႔ Madame ဟာ သူမဘဝတစ္ေလွ်ာက္လုံး ေပ်ာ္စရာဆိုတာ မရွိခဲ့သလို သူမအေနနဲ႔ အသက္ရွင္သန္ရတာေတာင္ စိတ္ပ်က္ၿငီးေငြ႕ေနသလို ထင္ရေစပါတယ္။ သူမရဲ႕သခင္ကေတာ့ မစၥဂ်နီနာျဖစ္ၿပီး Madame ရဲ႕႐ုပ္ရည္ဟာ မေပ်ာ္မ႐ႊင္ျဖစ္ေနေပမယ့္ တကယ္လက္ေတြ႕မွာ Madame ဘယ္လိုေနထိုင္လဲဆိုတာကို ေျပာပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

တကယ္ေတာ့ Madame ဟာ အရမ္းကိုေပ်ာ္႐ႊင္တတ္ၿပီး တျခားအေဖာ္ေခြးေတြနဲ႔အတူ ဖက္လွဲတကင္းေနတယ္။ လူေတြလိုဆိုရင္ေတာ့ ေပါေတာေတာေၾကာင္ေတာင္ေတာင္အျပဳအမူေတြလုပ္ၿပီး ဘဝကို ေပါ့ေပါ့ပါးပါးပဲ ျဖတ္သန္းေနတယ္လို႔ ဆိုပါတယ္။ “သူမရဲ႕မ်က္ႏွာေပါက္ကိုက ေမြးကတည္းက အဲဒီလိုျဖစ္ေနတာပါ။ သူ႔ကိုၾကည့္လိုက္ရင္ေတာ့ သနားစရာေခြးေလး၊ ဘာေတြစိတ္ညစ္ေနလဲေပါ့ ဒါေပမဲ့ သူမက တကယ္ေပ်ာ္တတ္တဲ့ေခြးေလးပါ၊ သူမေဆာ့ေနတဲ့အခ်ိန္ ရွင္တို႔ကို ခဏေလာက္ထိုင္ၾကည့္ေနေစခ်င္တယ္”လို႔ မစၥဂ်နီနာကေျပာပါတယ္။

madame eyebrows dog

ဘယ္လိုပဲျဖစ္ျဖစ္ ထူးျခားတဲ့မ်က္ႏွာေပါက္ေၾကာင့္ Madame Eyebrows ကေတာ့ အင္တာနက္သုံးစြဲသူေတြၾကားမွာ ေရပန္းစားလာခဲ့တာကေတာ့ သူမရဲ႕အျမတ္ထြက္မႈတစ္ခုလို႔ပဲဆိုရမွာပါ။ ကဲ Madame Eyebrows ရဲ႕ သနားစရာမ်က္ႏွာေပါက္ေလးနဲ႔ ဝမ္းနည္းေနတဲ့ပုံေလးေတြလည္း ပရိသတ္ေတြၾကည့္လို႔ရေအာင္ စုစည္းေဖာ္ျပေပးလိုက္ပါတယ္။

madame eyebrows dog

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဝမ်းနည်းနေတဲ့ မျက်နှာလေးကြောင့် အင်တာနက်မှာရေပန်းစားနေတဲ့ Bulldog လေး

ခွေးတွေက လူတွေနဲ့အရင်းနှီးဆုံး အိမ်မွေးတိရစ္ဆာန်တွေဖြစ်ကြတယ်ဆိုတာ အထူးပြောစရာမရှိပါဘူး။ အဲဒီလိုပဲ ခွေးတွေမှာ ထူးခြားတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားကြပြီး သေချာလေ့ကျင့်ပေးနိုင်ရင် လေ့ကျင့်ပေးနိုင်သလောက် လူတွေအတွက် အကျိုးပြုတဲ့ကောင်တွေဖြစ်ပါတယ်။ ခွေးတွေနဲ့ပတ်သက်ပြီး မျိုးစိပ်ပေါင်းများစွာရှိတဲ့အထဲကမှ Bulldog အမျိုးအစားတွေကိုလည်း ပရိသတ်တွေ ရင်နှီးပြီးသားဖြစ်ကြပါလိမ့်မယ်။ အဲဒီလို Bulldog တွေဆိုတာ Muscle Dog တွေဖြစ်ပြီး Bulldog ပေါက်လေးတွေဆိုရင် တော်ရုံလမ်းဘေးခွေးလောက်ကို မကြောက်မရွံ့မာန်ဖီတဲ့အထိ အကြောက်အလန့်မရှိ အင်အားကြီးကြပါတယ်။ ဒါကြောင့်လည်း သေချာထိန်းသိမ်းပြီး လေ့ကျင့်ပေးနိုင်တဲ့သူတွေလောက်သာ Bulldog တွေကို မွေးကြပါတယ်။

madame eyebrows dog

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

ဒါပေမဲ့ အခုဖော်ပြပေးမယ့် Bulldog ကတော့ ပရိသတ်တွေသိထားသလိုမဟုတ်ဘဲ သူ့ကိုမြင်တာနဲ့ သနားချစ်ခင်စိတ်ဖြစ်သွားမယ့် ကောင်ကြီးပဲဖြစ်ပါတယ်။ ဂျာမနီနိုင်ငံက အင်္ဂလိပ်မျိုးစိပ် Bulldog ဖြစ်ပြီး သူ့နာမည်က Madame Eyebrows ဖြစ်ပါတယ်။ Madame ဟာ အမဖြစ်ပြီးတော့ သူမရဲ့မျက်လုံးအထက်နားက မီးခိုးရောင်အမွေးလေးတွေကြောင့် မျက်ခုံးမွေးပါတဲ့ ခွေးလိုဖြစ်နေပါတယ်။ ဒါ့အပြင် အဲဒီမျက်ခုံးမွေးနဲ့တူတဲ့ အကွက်လေးတွေကြောင့်ပဲ သူမဟာ မျက်နှာထားဆိုးပြီး တစ်စုံတစ်ခုကို အမြဲတမ်း အလိုမကျဖြစ်နေတဲ့ ရုပ်ဖြစ်နေပါတယ်။

madame eyebrows dog

ပုံမှာမြင်တွေ့ရတဲ့အတိုင်းပဲ သူ့ကိုကြည့်လိုက်တာနဲ့ Madame ဟာ သူမဘဝတစ်လျှောက်လုံး ပျော်စရာဆိုတာ မရှိခဲ့သလို သူမအနေနဲ့ အသက်ရှင်သန်ရတာတောင် စိတ်ပျက်ငြီးငွေ့နေသလို ထင်ရစေပါတယ်။ သူမရဲ့သခင်ကတော့ မစ္စဂျနီနာဖြစ်ပြီး Madame ရဲ့ရုပ်ရည်ဟာ မပျော်မရွှင်ဖြစ်နေပေမယ့် တကယ်လက်တွေ့မှာ Madame ဘယ်လိုနေထိုင်လဲဆိုတာကို ပြောပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

တကယ်တော့ Madame ဟာ အရမ်းကိုပျော်ရွှင်တတ်ပြီး တခြားအဖော်ခွေးတွေနဲ့အတူ ဖက်လှဲတကင်းနေတယ်။ လူတွေလိုဆိုရင်တော့ ပေါတောတောကြောင်တောင်တောင်အပြုအမူတွေလုပ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတယ်လို့ ဆိုပါတယ်။ “သူမရဲ့မျက်နှာပေါက်ကိုက မွေးကတည်းက အဲဒီလိုဖြစ်နေတာပါ။ သူ့ကိုကြည့်လိုက်ရင်တော့ သနားစရာခွေးလေး၊ ဘာတွေစိတ်ညစ်နေလဲပေါ့ ဒါပေမဲ့ သူမက တကယ်ပျော်တတ်တဲ့ခွေးလေးပါ၊ သူမဆော့နေတဲ့အချိန် ရှင်တို့ကို ခဏလောက်ထိုင်ကြည့်နေစေချင်တယ်”လို့ မစ္စဂျနီနာကပြောပါတယ်။

madame eyebrows dog

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့မျက်နှာပေါက်ကြောင့် Madame Eyebrows ကတော့ အင်တာနက်သုံးစွဲသူတွေကြားမှာ ရေပန်းစားလာခဲ့တာကတော့ သူမရဲ့အမြတ်ထွက်မှုတစ်ခုလို့ပဲဆိုရမှာပါ။ ကဲ Madame Eyebrows ရဲ့ သနားစရာမျက်နှာပေါက်လေးနဲ့ ဝမ်းနည်းနေတဲ့ပုံလေးတွေလည်း ပရိသတ်တွေကြည့်လို့ရအောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။

madame eyebrows dog

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။