
Instagram Video



Instagram Explore



Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Instagram ဟာ မကြာသေးခင်ကပဲ အသုံးပြုသူ ၁ ဘီလီယံကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Instagram ကနေ အသုံးပြုသူတွေအတွက် အသုံးဝင်တဲ့ Feature အသစ်တစ်ခုကို ထည့်သွင်းလိုက်ပြီပဲဖြစ်ပါတယ်။

Instagram Video

အခု Instagram ရဲ့ Feature အသစ်ကတော့ Group Video Call Feature ပဲဖြစ်ပြီးတော့ ယခင်တုန်းက Instagram မှာ Video Call ထည့်သွင်းမယ်ဆိုတဲ့ ကောလဟာလက အမှန်တကယ်ဖြစ်လာတာပဲဖြစ်ပါတယ်။ Group Video Call ဖြစ်တဲ့အတွက် ကိုယ့်သူငယ်ချင်း ၄ ယောက်အထိ အတူ Video Call ခေါ်ဆိုနိုင်မယ်လို့ သိရပါတယ်။

အခု Video Call Feature ကို အသုံးပြုချင်တယ်ဆိုရင် Instagram ရဲ့ iOS နဲ့ Android Mobile App တွေကနေ အသုံးပြုနိုင်မှာဖြစ်ပြီး ကိုယ်ခေါ်ချင်တဲ့သူဆီကို ပုံမှန် Direct Message ကနေ ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Camera Icon ကို နှိပ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Instagram Explore

အခု Video Call Feature အပြင် Instagram က Explore Section ကို ထည့်သွင်းခဲ့ပြီးတော့ Search မှာ ပုံမှန်အတိုင်း ကိုယ်ရှာဖွေတာများတဲ့ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေအပြင် Art ၊ Travel စသဖြင့် Section အလိုက် ခွဲခြားပေးသွားမယ်လို့ သိရပါတယ်။

အခု Feature တွေဟာ Instagram ရဲ့ Android နဲ့ iOS App ၂ ခုစလုံးမှာ စတင်အသုံးပြုလို့ရနေပြီပဲဖြစ်ပါတယ်။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com