[Zawgyi] 


Instagram Lite




Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Android Phone တွေအတွက် ထွက်လာပြီဖြစ်တဲ့ Instagram Lite

Instagram ကတော့ ပြိုင်ဖက်မရှိတဲ့ Media Platform တစ်ခုဖြစ်နေသလို မကြာသေးခင်ကပဲ အသုံးပြုသူ ၁ ဘီလီယံ ပြည့်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း IGTV ဆိုတဲ့ App အသစ်တစ်ခုကို Instagram က မိတ်ဆက်ခဲ့ပါသေးတယ်။ Video သီးသန့် App ဖြစ်တာကြောင့် Instagram ရဲ့ ဓာတ်ပုံဦးစားပေးတဲ့ သင်္ကေတတစ်ခုကလည်း မပျက်စီးပဲ ကျန်ရှိနေဦးမှာပါ။ 

Instagram Lite

Android ဖုန်းတွေအတွက်တော့ App တွေအားလုံးက တူညီနေလို့မရပါဘူး။ Android အသုံးပြုထားတဲ့ ဖုန်းတွေက အမျိုးအစား အများကြီးရှိတာကြောင့် Instagram လို နာမည်ကြီး App တွေကလည်း ဖုန်းအများကြီးနဲ့ အဆင်ပြေပြေသုံးနိုင်မယ့် Version တွေကို ထုတ်ပေးလာရပါတယ်။ အခုတော့ တန်ဖိုးနည်း စွမ်းဆောင်ရည်နိမ့် Android ဖုန်းတွေအတွက် Instagram Lite ကိုထုတ်ပေးလိုက်ပါပြီ။ လက်ရှိမှာတော့ နိုင်ငံတိုင်းအတွက်မရသေးပေမယ့် မကြာခင်မှာ နိုင်ငံတော်တော်များများအတွက် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ 

Instagram Lite On Google Play

Instagram Lite App ရဲ့ အရွယ်အစားက 573 KB ပဲ ရှိတာပါ။ သာမန် Instagram App က iOS မှာဆိုရင် 141 MB ရှိပါတယ်။ Lite Version ကတော့ ဆိုဒ်သေးတာကြောင့် Memory နည်းပြီး စွမ်းဆောင်ရည်နိမ့် Android ဖုန်းတွေမှာ အဆင်ပြေပြေနဲ့ သုံးနိုင်မှာပါ။ Lite Version တွေမှာ တွေ့နေကျပုံစံအတိုင်း မူရင်း App မှာပါတဲ့ Feature တွေ အစုံပါမှာတော့ မဟုတ်ပါဘူး။ Instagram ရဲ့ အဓိက Feature ဖြစ်တဲ့ ဓာတ်ပုံတင်တာနဲ့ Story တွေကို ကြည့်တာလောက်ပဲ လုပ်လို့ရမှာဖြစ်ပါတယ်။ မူရင်း App မှာပဲ ပါတဲ့ Direct Message လို Feature နဲ့ Video Upload တွေကတော့ Lite မှာ လုပ်လို့မရပါဘူး။ အခုလို Lite Version App တွေက အခုဆိုရင် များလာပါပြီ။ Facebook Lite အပါအဝင် နာမည်ကြီး App တော်တော်များများ ရှိနေပြီဖြစ်တာကြောင့် တန်ဖိုးနည်း Android ဖုန်းသုံးသူတွေအတွက် အရင်ကထက် ပိုအဆင်ပြေလာပါတယ်။ 

Ref: The Verge

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။