
Instagram



Instagram



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Instagram ဆိုတာကတော့ လက်ရှိအချိန်မှာ အောင်မြင်နေပြီဖြစ်တဲ့ Social Media တစ်ခုဖြစ်ပြီးတော့ အခုနောက်ဆုံးအနေနဲ့ Feature အသစ်တစ်ခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ အခု Instagram က စမ်းသပ်နေတဲ့ Feature ကတော့ ယခင်ကလည်း စမ်းသပ်ခဲ့ဖူးတဲ့ Regram လိုမျိုး Feature ပဲဖြစ်ပါတယ်။

Instagram

Instagram ဟာ ယခင်တုန်းက Instagram Post တွေကို ပြန် Share လို့ရတဲ့ Regram Feature ကို ထည့်သွင်းဖို့ စီစဉ်ခဲ့ဖူးပေမယ့် တကယ်တမ်းမှာတော့ မပြုလုပ်ဖြစ်ဘဲ Share To Stories Feature ကိုပဲ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာလည်း “Seamless Sharing” ဆိုပြီးတော့ Stories အစား Feed မှာ ပြန်လည် Share နိုင်တဲ့ Feature ကို စမ်းသပ်နေတာပါ။

အခုလိုမျိုး ကိုယ့်ရဲ့ Feed ကို ပြန်လည် Share မယ်ဆိုရင် ယခု Stories ကို ပြန်လည် Share သလိုမျိုးပဲ မူရင်းတင်ထားတဲ့သူရဲ့ Account ကိုပါ ဖော်ပြပေးသွားမှာဖြစ်ပြီးတော့ Stories ကို Share သလိုမျိုးပဲ Instagram Post တွေရဲ့ ညာဘက်က Menu ကနေ Share နိုင်မှာဖြစ်ပါတယ်။

Instagram

အခုလိုမျိုး Instagram Post တွေကို Re-share ပြုလုပ်နိုင်တာက ကောင်းတဲ့အချက်ဖြစ်ပေမယ့် Instagram ကတော့ လောလောဆယ်မှာ Fake News တွေ ပြန့်ပွားမှာနဲ့ Instagram Direct လိုမျိုး Direct Messaging Service ကို အသုံးပြုမှုနည်းပါးသွားမှာကို စိုးရိမ်နေပုံရပါတယ်။ နောက်ထပ်သိရတဲ့သတင်းတစ်ခုကတော့ Instagram က အခုလို Re-share ပြုလုပ်နိုင်မယ်ဆိုရင်လည်း Business Profile တွေကို Limit လုပ်ထားနိုင်အောင်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Instagram မှာ Post တွေကို Re-share ပြုလုပ်နိုင်မလား၊ မပြုလုပ်နိုင်ဘူးလားကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com