

Instagram Payment


Instagram



Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Instagram ဆိုတာက Facebook က ပိုင်ဆိုင်တဲ့ Photo Sharing Social Media Platform တစ်ခုဖြစ်ပြီးတော့ လက်ရှိအချိန်မှာတဖြည်းဖြည်း အသုံးပြုသူတွေများပြားလာပြီပဲဖြစ်ပါတယ်။ အခုလိုမျိုး အသုံးပြုသူတွေ တိုးပွားလာတဲ့အတွက် Instagram မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေက ကြော်ငြာတွေပြုလုပ်လာကြပါတယ်။

အခုအချိန်မှာတော့ TechCrunch ကနေ အချို့သော Instagram အသုံးပြုသူတွေဆီမှာ In-App Payment စနစ်ကို အသုံးပြုလို့ရလာတာကို တွေ့ရှိရပါတယ်။ အဆိုပါ Feature က အသုံးပြုသူတွေကို Credit Card ဒါမှမဟုတ် Debit Card တစ်ခုခုကို Account Information မှာ ထည့်သွင်းနိုင်ပြီးတော့ လုံခြုံရေးအတွက် PIN Password ကိုပါ ထားရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။

Instagram Payment

အခုလိုမျိုး Instagram မှာ Payment Option ပါဝင်လာတာက အသုံးပြုသူတွေအနေနဲ့ ဝယ်ယူမှုတွေကို Instagram App ကနေပဲ တိုက်ရိုက်ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ Instagram ဟာ Third Party App တစ်ခုဖြစ်တဲ့ Dinner Reservation App Resy ကနေပဲ Spa တွေ၊ Restaurant တွေကို ကြိုတင် Booking ရယူနိုင်သေးတာဖြစ်ပါတယ်။

Instagram

Instagram က အခု Payment Feature ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မေလတုန်းက ကြေညာခဲ့ဖူးတဲ့ Business Platform တွေအတွက် Book လုပ်နိုင်တဲ့ Services ကို အသက်သွင်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက အဆိုပါ Feature ကို မထုတ်ပေးနိုင်ခဲ့တဲ့အတွက် အခုအချိန်မှ အချို့သော အသုံးပြုသူတွေကို စတင်စမ်းသပ်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Instagram မှာ Payment Options တွေပါဝင်လာတာက နောက်ပိုင်း Instagram မှာ စီးပွားရေးလုပ်ငန်းတွေ၊ Products တွေရဲ့ ကြော်ငြာတွေကို ပိုပြီး မြင်လာရလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com