[Zawgyi]

Group video chat



Min Than Htike (Akhayar)

www.akhayar.com

[Unicode]

Instagram မှာ လူ ၆ ယောက်အထိ Video Chat နိုင်ပြီ

Instagram ကတော့ ဆက်တိုက် Update တွေလုပ်ပေးနေပါပြီ။ အခုဆိုရင်တော့ လူ ၆ ယောက်အထိ Video Call ခေါ်နိုင်ဖို့တွက် Update လုပ်ပေးလိုက်ပါပြီ။ Instagram ကနေ တခြား App ကိုပြောင်းသွားဖို့မလိုဘဲ Video Chat လုပ်နိုင်စေဖို့ ရည်ရွယ်ထားတာပါ။

Group video chat

Instagram က Direct Message ဆိုတဲ့ Feature ကို သုံးလို့ရနေပြီဖြစ်ပေမယ့် အခုလို Group Video Chat ကို ၆ ယောက်အထိ ရအောင်လုပ်ပေးလာတာ အခုမှပါ။ Video Chat ကတော့ သူငယ်ချင်းတွေနဲ့ Chat လုပ်ဖို့အတွက် အဓိကလုပ်ပေးထားတာဖြစ်လို့ Filter တွေ၊ Effect တွေ ထည့်သုံးလို့ရမှာမဟုတ်ပါဘူး။ အခုလို Video Chat Feature အတွက် Instagram က App Update ကို ထုတ်ပေးထားပြီးပြီဖြစ်လို့ App Store နဲ့ Google Play မှာ Update လုပ်နိုင်ပါတယ်။

Instagram မှာ နောက်ထပ် Update တစ်ခုထပ်ပါလာတယ်လို့ ပြောလို့ရတာက Filter အသစ်ပါ။ Filter အသစ်ကတော့ Instagram My Day အတွက်ဖြစ်ပြီး Halloween အတွက်လုပ်ပေးထားတာပါ။ Filter ကိုသုံးဖို့အတွက်တော့ My Day မှာ Filter ကို ရွေးပြီး ပါးစပ်ဟလိုက်ရင် ရပါပြီ။ နည်းနည်းတော့ ကြောက်ဖို့ကောင်းအောင်လုပ်ပေးထားလို့ သူငယ်ချင်းတွေကြားမှာ စနောက်ပျော်ပါးနိုင်ပါတယ်။

Min Than Htike (Akhayar)

www.akhayar.com