[Zawgyi] 

Portrait Mode ႐ိုက္ဖို႔အတြက္ Dual Camera ပါတဲ့ဖုန္းကို ပိုင္ဆုိုင္ေနဖို႔ မလိုေတာ့ပါဘူး။ Portrait Mode ႐ိုက္ဖို႔ သင့္ဖုန္းမွာ Dual Camera မပါဘူးဆိုရင္ Instagram ရဲ႕အကူအညီကို ရယူႏိုင္ပါတယ္။ 

Portrait Mode ကေတာ့ Instagram က အခ်ိန္ယူစမ္းသပ္ေနတဲ့ Feature တစ္ခုျဖစ္ေနခဲ့တာ ၾကာပါၿပီ။ အခုေတာ့ ေကာင္းေကာင္း အသံုးျပဳႏိုင္တဲ့ အေျခအေနကိုေရာက္ရွိလာၿပီ ျဖစ္တာေၾကာင့္ Instagram User အားလံုးအတြက္ Portrait Mode Feature ကိုဖြင့္ေပးလိုက္ၿပီပဲျဖစ္ပါတယ္။ Instagram က သူတို႔ရဲ႕ Portrait Mode ကိုေတာ့ Focus လို႔နာမည္ေပးထားပါတယ္။ Focus အလုပ္လုပ္ပံုကေတာ့ ရွင္းပါတယ္။ သင့္မ်က္ႏွာကို Camera ကေတြ႕တာနဲ႔ ေနာက္ခံကိုခ်က္ခ်င္းဆိုသလို ဝါးေပးမွာျဖစ္ပါတယ္။ အလုပ္လုပ္တာျမန္ဆန္သလို တိက်မႈလည္းနည္းပါတယ္။ Face Recognition တစ္ခုတည္းကိုပဲသံုးထားတာေၾကာင့္ မ်က္ႏွာေတြြ႕တာနဲ႔ Bokeh Effect ရေအာင္လုပ္ေပးႏိုင္တာပဲျဖစ္ပါတယ္။

Enable Portrait Mode in Instagram Camera

Instagram က Focus Mode အတြက္ Software ပိုင္းမွာသိအမ်ားႀကီးအားစိုက္ထားတာမ်ိဳးကိုေတာ့ မေတြ႔ရပါဘူး။ Face Recognition တစ္ခုတည္းကို သံုးထားတာေၾကာင့္ ဆံပင္ေတြ၊ မ်က္မွန္ေတြနဲ႔ အစြန္းထြက္တဲ့အရာေတာ္ေတာ္မ်ားမ်ားကိုေတာ့ ဝါးေနတဲ့ ေနာက္ခံထဲ ေရာၿပီးပါသြားတတ္ပါတယ္။ Google Pixel 2 ဖုန္းေတြလို AI ပါသံုးထားတာမ်ိဳးမဟုတ္လို႔ Result ေတြကေတာ့ ေကာင္းမွာမဟုတ္ပါဘူး။ Focus Feature ကို iPhone 6s နဲေနာက္ထြက္တဲ့ iPhone ေတြမွာသံုးလို႔ရၿပီး သတ္မွတ္ထားတဲ့ Android ဖုန္းေတြမွာလည္း အသံုးျပဳလို႔ရပါတယ္။ သံုးလို႔ရမယ့္ Android Phone စာရင္းကိုေတာ့ အတိအက်ေဖာ္ျပမထားတာေၾကာင့္ သင့္ဖုန္းမွာရမရကေတာ့ သင္ကိုယ္တိုင္ပဲစမ္းသပ္ၾကည့္ႏိုင္ပါတယ္။ 

Ref: Engadget 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode] 

Portrait Mode ကို Single Camera ဖုန်းတွေအတွက် ထည့်ပေးလိုက်တဲ့ Instagram

Portrait Mode ရိုက်ဖို့အတွက် Dual Camera ပါတဲ့ဖုန်းကို ပိုင်ဆိုင်နေဖို့ မလိုတော့ပါဘူး။ Portrait Mode ရိုက်ဖို့ သင့်ဖုန်းမှာ Dual Camera မပါဘူးဆိုရင် Instagram ရဲ့အကူအညီကို ရယူနိုင်ပါတယ်။ 

Portrait Mode ကတော့ Instagram က အချိန်ယူစမ်းသပ်နေတဲ့ Feature တစ်ခုဖြစ်နေခဲ့တာ ကြာပါပြီ။ အခုတော့ ကောင်းကောင်း အသုံးပြုနိုင်တဲ့ အခြေအနေကိုရောက်ရှိလာပြီ ဖြစ်တာကြောင့် Instagram User အားလုံးအတွက် Portrait Mode Feature ကိုဖွင့်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ Instagram က သူတို့ရဲ့ Portrait Mode ကိုတော့ Focus လို့နာမည်ပေးထားပါတယ်။ Focus အလုပ်လုပ်ပုံကတော့ ရှင်းပါတယ်။ သင့်မျက်နှာကို Camera ကတွေ့တာနဲ့ နောက်ခံကိုချက်ချင်းဆိုသလို ဝါးပေးမှာဖြစ်ပါတယ်။ အလုပ်လုပ်တာမြန်ဆန်သလို တိကျမှုလည်းနည်းပါတယ်။ Face Recognition တစ်ခုတည်းကိုပဲသုံးထားတာကြောင့် မျက်နှာတွေ့တာနဲ့ Bokeh Effect ရအောင်လုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။

Enable Portrait Mode in Instagram Camera

Instagram က Focus Mode အတွက် Software ပိုင်းမှာသိအများကြီးအားစိုက်ထားတာမျိုးကိုတော့ မတွေ့ရပါဘူး။ Face Recognition တစ်ခုတည်းကို သုံးထားတာကြောင့် ဆံပင်တွေ၊ မျက်မှန်တွေနဲ့ အစွန်းထွက်တဲ့အရာတော်တော်များများကိုတော့ ဝါးနေတဲ့ နောက်ခံထဲ ရောပြီးပါသွားတတ်ပါတယ်။ Google Pixel 2 ဖုန်းတွေလို AI ပါသုံးထားတာမျိုးမဟုတ်လို့ Result တွေကတော့ ကောင်းမှာမဟုတ်ပါဘူး။ Focus Feature ကို iPhone 6s နဲနောက်ထွက်တဲ့ iPhone တွေမှာသုံးလို့ရပြီး သတ်မှတ်ထားတဲ့ Android ဖုန်းတွေမှာလည်း အသုံးပြုလို့ရပါတယ်။ သုံးလို့ရမယ့် Android Phone စာရင်းကိုတော့ အတိအကျဖော်ပြမထားတာကြောင့် သင့်ဖုန်းမှာရမရကတော့ သင်ကိုယ်တိုင်ပဲစမ်းသပ်ကြည့်နိုင်ပါတယ်။ 

Ref: Engadget 

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။