Instagram ဆုိတာက အခုေနာက္ပိုင္းမွာ အသံုးျပဳသူေတြမ်ားျပားလာတဲ့ ဓါတ္ပံုဦးစားေပး Social Media App တစ္ခုျဖစ္လာပါျပီ။ Facebook နဲ႔ ယွဥ္ရင္ အသံုးျပဳသူနည္းေနေသးေပမယ့္ ဓါတ္ပံုသီးသန္႔ သိမ္းထားခ်င္တဲ့သူေတြ၊ မွ်ေဝေပးခ်င္တဲ့သူေတြအတြက္ကေတာ့ Instagram က အေကာင္းဆံုး Social App တစ္ခုျဖစ္ေနဆဲပဲျဖစ္ပါတယ္။

Instagram

ဒါ့အျပင္ Instagram ကို လူသံုးမ်ားေနၾကတာကလည္း Instrgram ရဲ႕ အျခားေသာ App ေတြမွာ မရရွိႏုိင္ေသးတဲ့ Features ေတြေၾကာင့္ဆုိရင္လည္း မမွားပါဘူး။ အခုအခ်ိန္မွာလည္း Instagram က ေနာက္ထပ္ Features အသစ္ေတြကို စမ္းသပ္ေနေသးတယ္လုိ႔ သိရပါတယ္။

ပထမဆံုးအေနနဲ႔ Instagram မွာ ရရွိလာမယ့္ Feature အသစ္တစ္ခုကေတာ့ Mute Posts ပဲျဖစ္ပါတယ္။ အခု Mute Posts ဆိုတာက Facebook ရဲ႕ Snooze Feature နဲ႔ တူညီတယ္လုိ႔ ယူဆရျပီးေတာ့ ကိုယ္မျမင္ခ်င္တဲ့သူေတြရဲ႕ Posts ေတြကုိ မတက္လာေအာင္ Mute လုပ္ထားႏုိင္ေတာ့မွာပါ။

ေနာက္တစ္ခုကေတာ့ Stories ေတြအတြက္ျဖစ္ျပီးေတာ့ Facebook မွာလုိမ်ိဳးပဲ Instagram Stories ေတြမွာပါ Reactions ေတြကို ေပးလုိ႔ရေတာ့မွာျဖစ္ပါတယ္။ Facebook Stories ေတြမွာ Reaction ေပးလုိ႔ရတဲ့ Feature က အခုအခ်ိန္မွာ လူသံုးမ်ားလာတဲ့ Feature တစ္ခုျဖစ္လာတဲ့အတြက္ေၾကာင့္ Instagram က အခုလုိမ်ိဳး ျပဳလုပ္ေပးတာျဖစ္ႏုိင္ပါတယ္။

ေနာက္ထပ္ Feature အသစ္ကလည္း Instagram Stories အတြက္ပဲျဖစ္ပါတယ္။ လက္ရွိ Instagram ရဲ႕ Add Post Feature မွာ Slow-Motion Video ေတြရုိက္လုိ႔ရသလုိပဲ Instagram Stories မွာလည္း Slow-Mo Video ေတြရုိက္လုိ႔ရေတာ့မွာပါ။

ဒါ့အျပင္ Instagram မွာ ကိုယ္ဘယ္ေန႔မွာ Stories တင္ျဖစ္တယ္ဆုိတာကိုလည္း ျပန္ၾကည့္ႏုိင္တဲ့ History View ကို Calendar View အေနနဲ႔ ေျပာင္းလဲေပးသြားမွာျဖစ္ျပီးေတာ့ အခုထက္ပိုျပီး အသံုးျပဳရတာ ပိုလြယ္ကူလာမွာျဖစ္ပါတယ္။

ဘာပဲျဖစ္ျဖစ္ Instagram ရဲ႕ အခုလုိမ်ိဳး အသစ္ထည့္သြင္းလုိက္တဲ့ Features ေတြက Instagram ကို ပိုျပီး လူသံုးမ်ားလာေစဦးမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Instagram ဆိုတာက အခုနောက်ပိုင်းမှာ အသုံးပြုသူတွေများပြားလာတဲ့ ဓါတ်ပုံဦးစားပေး Social Media App တစ်ခုဖြစ်လာပါပြီ။ Facebook နဲ့ ယှဉ်ရင် အသုံးပြုသူနည်းနေသေးပေမယ့် ဓါတ်ပုံသီးသန့် သိမ်းထားချင်တဲ့သူတွေ၊ မျှဝေပေးချင်တဲ့သူတွေအတွက်ကတော့ Instagram က အကောင်းဆုံး Social App တစ်ခုဖြစ်နေဆဲပဲဖြစ်ပါတယ်။

Instagram

ဒါ့အပြင် Instagram ကို လူသုံးများနေကြတာကလည်း Instrgram ရဲ့ အခြားသော App တွေမှာ မရရှိနိုင်သေးတဲ့ Features တွေကြောင့်ဆိုရင်လည်း မမှားပါဘူး။ အခုအချိန်မှာလည်း Instagram က နောက်ထပ် Features အသစ်တွေကို စမ်းသပ်နေသေးတယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ Instagram မှာ ရရှိလာမယ့် Feature အသစ်တစ်ခုကတော့ Mute Posts ပဲဖြစ်ပါတယ်။ အခု Mute Posts ဆိုတာက Facebook ရဲ့ Snooze Feature နဲ့ တူညီတယ်လို့ ယူဆရပြီးတော့ ကိုယ်မမြင်ချင်တဲ့သူတွေရဲ့ Posts တွေကို မတက်လာအောင် Mute လုပ်ထားနိုင်တော့မှာပါ။

နောက်တစ်ခုကတော့ Stories တွေအတွက်ဖြစ်ပြီးတော့ Facebook မှာလိုမျိုးပဲ Instagram Stories တွေမှာပါ Reactions တွေကို ပေးလို့ရတော့မှာဖြစ်ပါတယ်။ Facebook Stories တွေမှာ Reaction ပေးလို့ရတဲ့ Feature က အခုအချိန်မှာ လူသုံးများလာတဲ့ Feature တစ်ခုဖြစ်လာတဲ့အတွက်ကြောင့် Instagram က အခုလိုမျိုး ပြုလုပ်ပေးတာဖြစ်နိုင်ပါတယ်။

နောက်ထပ် Feature အသစ်ကလည်း Instagram Stories အတွက်ပဲဖြစ်ပါတယ်။ လက်ရှိ Instagram ရဲ့ Add Post Feature မှာ Slow-Motion Video တွေရိုက်လို့ရသလိုပဲ Instagram Stories မှာလည်း Slow-Mo Video တွေရိုက်လို့ရတော့မှာပါ။

ဒါ့အပြင် Instagram မှာ ကိုယ်ဘယ်နေ့မှာ Stories တင်ဖြစ်တယ်ဆိုတာကိုလည်း ပြန်ကြည့်နိုင်တဲ့ History View ကို Calendar View အနေနဲ့ ပြောင်းလဲပေးသွားမှာဖြစ်ပြီးတော့ အခုထက်ပိုပြီး အသုံးပြုရတာ ပိုလွယ်ကူလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Instagram ရဲ့ အခုလိုမျိုး အသစ်ထည့်သွင်းလိုက်တဲ့ Features တွေက Instagram ကို ပိုပြီး လူသုံးများလာစေဦးမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com