

Instagram


Instagram


Instagram က အခုလိုမျိုး သူရဲ့ App မှာ အချိန်ဘယ်လောက်ထိ အသုံးပြုနေသလဲဆိုတာကို ပြန်သိနိုင်အောင်ဆောင်ရွက်နေသလိုပဲ Google ကိုယ်တိုင်ကလည်း သူရဲ့ Android P Developer Preview မှာ Android OS မှာ ကိုယ်တိုင် ဘယ် App ကို ဘယ်လောက်အသုံးပြုနေသလဲဆိုတာကို ပြန်ကြည့်နိုင်မယ့် Dashboard Feature ကိုထည့်သွင်းပေးခဲ့ပါသေးတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Instagram ကို Facebook ထက်တောင် စွဲစွဲမြဲမြဲအသုံးပြုနေတဲ့သူတွေရှိနေတယ်ဆိုရင် Instagram ကနေ အချိန်အကြာကြီးမသုံးစွဲမိအောင် Feature အသစ်တစ်ခုကို ထည့်သွင်းပေးတော့မှာဖြစ်ပါတယ်။ အခုအသစ်ထည့်သွင်းပေးမယ့် Feature ကတော့”Usage Insights” လို့ ခေါ်တဲ့ Feature တစ်ခုဖြစ်ပါတယ်။

အစတုန်းက အခု Feature ကို App Researcher တစ်ယောက်ဖြစ်တဲ့ Jane Manchun Wong ကနေ Instagram Android App ရဲ့ ဖုံးကွယ်ထားတဲ့ Code ထဲမှာ ထည့်သွင်းထားတာကို တွေ့ရှိခဲ့တာဖြစ်ပြီးတော့ အခုအချိန်မှာတော့ Instagram ရဲ့ CEO Kevin Systrom ကနေ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

Instagram

Kevin ရဲ့ ပြောကြားချက်အရတော့ Instagram ကနေ အကောင်းဘက်ကို ဦးစားပေးပြီး ရည်ရွယ်တဲ့ ကိုယ်ဘယ်လောက်တောင် Instagram မှာ အချိန်ဖြုန်းနေသလဲဆိုတာကို သိနိုင်မယ့် Tool တစ်ခုကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Instagram

Instagram ဟာ ဆိုရင် လက်ရှိအချိန်မှာ အကောင်းဆုံးသော Photo Sharing Social Media Platform တစ်ခုဖြစ်ပြီးတော့ Facebook ထက်ဆိုင်ရာ ဓါတ်ပုံကိုပဲ ဦးစားပေးတဲ့အတွက် ဓါတ်ပုံတွေကိုပဲ အဓိကကြည့်ချင်တဲ့သူတွေ၊ Visual ကို အသားပေးပြီး ကြော်ငြာချင်တဲ့ စီးပွားရေးလုပ်ငန်းချင်တွေအတွက်ကတော့ အသုံးအများဆုံး App တစ်ခုဖြစ်နေတာပဲဖြစ်ပါတယ်။

Instagram က အခုလိုမျိုး သူရဲ့ App မှာ အချိန်ဘယ်လောက်ထိ အသုံးပြုနေသလဲဆိုတာကို ပြန်သိနိုင်အောင်ဆောင်ရွက်နေသလိုပဲ Google ကိုယ်တိုင်ကလည်း သူရဲ့ Android P Developer Preview မှာ Android OS မှာ ကိုယ်တိုင် ဘယ် App ကို ဘယ်လောက်အသုံးပြုနေသလဲဆိုတာကို ပြန်ကြည့်နိုင်မယ့် Dashboard Feature ကိုထည့်သွင်းပေးခဲ့တာလည်းဖြစ်ပါတယ်။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com