[Zawgyi]

Petite Girl ေတြအတြက္ အရပ္ရွည္သေယာင္ထင္ေစရမယ့္ Fashion Trick မ်ား

တစ္ခါတစ္ရံမွာ အရပ္ပုတာက သင့္ရဲ႕ စတိုင္လ္ကို နည္းနည္းပါးပါး ေလ်ာ့သြားေစတယ္လို႔ ေတြးမိတဲ့အခ်ိန္ေတြ အရပ္မရွည္တဲ့ေကာင္မေလးေတြဆီမွာ ရွိေကာင္းရွိႏိုင္ပါတယ္။ ဒါေပမယ့္ အရပ္ပုတာေလးတစ္ခုအတြက္နဲ႔ စတိုင္လ္ေလ်ာ့မွာ စိတ္ပူစရာမလိုပါဘူး။
တကယ္တမ္းမွာ လူေကာင္ေသးေသးအရပ္ပုပုေကာင္မေလးေတြအတြက္ Fashion Trick ေတြရွိၿပီးသားပါ။ ဒီလွည့္ကြက္ေလးေတြသံုးၿပီး စတိုင္လ္ေျပာင္းလိုက္မယ္ဆိုရင္ တကယ့္အမိုက္စားေကာင္မေလးတစ္ေယာက္ျဖစ္သြားမွာ အေသအခ်ာပါပဲ။

Go for waisted bottoms

Go for waisted bottoms

ခါးျမင့္ေတြကို ၀တ္ဆင္ပါ။
ခါးျမင့္စကတ္ေတြ၊ ေဘာင္းဘီေတြ ၀တ္ဆင္တာက သင့္ရဲ႕ ခႏၶာကိုယ္အလယ္ပိုင္းကို လူေတြ ပိုအာရံုစုိက္မိေစသလို ေျခေထာက္ေတြကို ပိုရွည္သြယ္သြားသေယာင္ ခံစားရေစပါတယ္။

Go for waisted bottoms

Go for waisted bottoms

ခါးျမင့္စကတ္ေတြ၊ ေဘာင္းဘီေတြနဲ႔ တြဲ၀တ္ရင္ အက်ၤ ီကို အထဲထည့္၀တ္ဖုိ႔ လုိအပ္ၿပီး ဒါမွသာ ၾကည့္ရတာ ပိုအရပ္ရွည္သေယာင္ျဖစ္ေစမွာပါ။အက်ၤ ီဖံုးလိုက္ရင္ နဂိုတုိင္းပဲ ဘာမွထူးျခားလာမွာ မဟုတ္ေတာ့ပါဘူး။ ခါးျမင့္စကတ္ေတြ၊ေဘာင္းဘီေလးေတြကို စမ္း၀တ္ၾကည့္ဖို႔ မေမ့ပါနဲ႔။

Go for a mono-coloured outfit

Go for a mono-coloured outfit

၀တ္စံုကို တစ္ေရာင္တည္း ၀တ္ပါ။
ကိုယ္၀တ္မယ့္ ၀တ္စံုတစ္စံုလံုးကုိ အေရာင္ဆင္တူ Mono-Coloured Theme နဲ႔သြားတာကလည္း အရပ္ပိုရွည္သေယာင္ ထင္ရမယ့္နည္းလမ္းေတြထဲက  တစ္ခုျဖစ္ပါတယ္။ ဒီနည္းက ဆယ္လီေတြ၊ ဒီဇုိင္နာေတြပါ သံုးၾကတဲ့ နည္းပါ။ တစ္ေရာင္တည္း၀မ္းဆက္ ၀တ္လုိက္ျခင္းအားျဖင့္ အေရာင္မ်ားမ်ားစားစား ၾကည့္ဖို႔မလိုသလို ကိုယ္လံုးကို တစ္ေျဖာင့္တည္း တစ္သားတည္းျဖစ္ေစတဲ့အတြက္ အရပ္ရွည္သေယာင္ျဖစ္သြားေစပါတယ္။ ဒါေပမယ့္ သတိထားရမွာက Suit လို၊ Dress ၀မ္းဆက္လုိမ်ိဳး ၀တ္မွ ဒီအခ်က္ကို ထုတ္သံုးဖို႔ပါ။

Crop your top

Crop your top

Crop Top ေတြ၀တ္ၾကည့္ပါ။
ခါးျမင့္ေတြနဲ႔ Crop Top အက်ၤ ီေတြကို တြဲဖက္လုိက္တဲ့အခါ ခႏၶာကိုယ္ကို ပိုၿပီး ညီမွ်သြားေစတဲ့အျပင္ အရပ္ပိုရွည္သြားေစပါတယ္။
Crop Topအက်ၤ ီေလးေတြကလည္း ခ်စ္စရာေကာင္းၿပီးသားဆိုေတာ့ လူေကာင္ေသးတဲ့ ေကာင္မေလးေတြနဲ႔လည္း ကြက္တိပဲေပါ့။

Go for vertical, not horizontal, stripes

Go for vertical, not horizontal, stripes

ေဒါင္လုိက္စင္းေတြ၀တ္ပါ။
တကယ္လို႔ ေကာင္မေလးတို႔က အစင္းေတြဘာေတြ၀တ္မယ္ဆိုရင္ အလ်ားလိုက္အစင္း ပြင့္ရုိက္ေတြထက္စာရင္ ေဒါင္လုိက္စင္း ၀တ္စံုမ်ိဳးကိုသာ ေရြးခ်ယ္၀တ္ဆင္သင့္ပါတယ္။ ေဒါင္လုိက္စင္းျဖစ္တဲ့အတြက္ အရပ္ပိုၿပီး ရွည္တဲ့အျပင္ ေျခေထာက္ပါပိုသြယ္လ်သြားသလို ခံစားရမွာပါ။ အလ်ားလိုက္အစင္းဆို ပိုပုၿပီး ၀၀ႀကီးျဖစ္သြားေစပါလိမ့္မယ္။ အစင္းေရြးတဲ့အခါလည္း သတိထားေရြးခ်ယ္ဖို႔ မေမ့ပါနဲ႔။

Bottoms with mixes of opaque and translucent fabrics

Bottoms with mixes of opaque and translucent fabrics

ေဖာက္ထြင္းျမင္ရတဲ့ See-through Dress ေတြကို ေရြးခ်ယ္ပါ။
မွန္ဇာလို ဇာပါးပါးေလးေတြနဲ႔ ဖန္တီးထားတဲ့ ေဖာက္ထြင္းျမင္ Dress ေတြကလည္း အရပ္ပုတဲ့ေကာင္မေလးေတြအတြက္ မရွိမျဖစ္ပါပဲ။
အထူးသျဖင့္ ေျခမ်က္စိထိဖံုးၿပီး ေျခေထာက္နားမွာ တ၀ဲ၀ဲက်ေနတဲ့ See-through Dress ေလးေတြက လူေတြအာရံုစူးစုိက္မႈကို ရေစတဲ့အျပင္ ေျခမ်က္စိဖံုးအရွည္ျဖစ္တဲ့အတြက္ အရပ္ကုိလည္း ပိုရွည္သြားေစပါတယ္။

Go for a low-vamp shoe

Go for a low-vamp shoe

Low-Vamp Shoe ေတြ ၀တ္ဆင္ပါ။
Vamp ဆိုတာ သင့္ေျခေထာက္ကို ဖံုးထားတဲ့ ဖိနပ္ရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ အလြယ္ေျပာရရင္ ဖိနပ္အဖံုးေပါ့။ ကြင္းထိုးဖိနပ္လိုမ်ိဳးမွာဆုိရင္ အေပၚက ကြင္းစြပ္မ်ိဳးကို ဆိုလိုပါတယ္။ တကယ္ေတာ့ ဒီလိုဖံုးေပးထားတဲ့ Vamp က နိမ့္ေလ်ာသြားေလ သင့္ေျခေထာက္က ပုိၿပီး ေပၚလြင္ေလပါ။ အထူးသျဖင့္ ေဒါက္ပါတဲ့ Low-Vamp Shoe ေတြစီးလိုက္တဲ့အခါမွာေတာ့  ေျခေထာက္ေတြက ပိုၿပီး သြယ္လ်ၿပီး ရွည္သြားတာ ေတြ႔ရပါလိမ့္မယ္။ ဒါေၾကာင့္ Low-Vamp Shoe တစ္ရံေလာက္ေတာ့ ၀ယ္ထားဖုိ႔ မေမ့ပါနဲ႔။

Love your flares

Love your flares

ေဘာင္းဘီရွည္ကားကားေလးေတြကုိ ေရြးခ်ယ္ပါ။
Flared Pants လို႔ေခၚတဲ့ ေခါင္းေလာင္းေဘာင္းဘီလို ေဘာင္းဘီရွည္ကားကားေလးေတြ၊ အထူးသျဖင့္ တစ္ေျဖာင့္တည္း ခပ္ပြပြကားကား Flared Pants ေတြက ေျခတံရွည္ရွည္ေလးျဖစ္ေအာင္ ဖန္တီးေပးႏိုင္ပါတယ္။

Love your flares

Love your flares

ဒီလိုေဘာင္းဘီကားကားေလးေတြကို ေဒါက္ျမင့္ဖိနပ္ေတြနဲ႔ တြဲဖက္လုိက္မယ္ဆုိရင္ လံုး၀အဆင္ေျပသြားမွာ အမွန္ပါ။ Skinny ေတြ၀တ္မယ့္အစား ဒီလို Flared Pants ေလးေတြ ၀တ္လုိက္တာက အရပ္ပုတဲ့ေကာင္မေလးတို႔အတြက္ အသင့္ေတာ္ဆံုး ျဖစ္ပါတယ္။

Go maxi for maximum effect

Go maxi for maximum effect

Maxi Dress ေတြ၊ Maxi Skirt ေတြကိုလည္း စမ္း၀တ္ၾကည့္ပါ။
ဂါ၀န္ရွည္၊စကတ္ရွည္ေတြမို႔ Maxi Skirt ေတြ၊Dress ေတြကို စမ္းရမွာ ေၾကာက္ေနပါသလား။ မစိုးရိမ္ပါနဲ႔။ တကယ္ေတာ့ သင္ထင္တာနဲ႔ ေျပာင္းျပန္ပါ။ ေျမႀကီးထိေအာင္ ရွည္ေနတဲ့ Maxi ေတြက သင့္ကို ပိုအရပ္ရွည္ၿပီး လူေကာင္ႀကီးသြားေစပါတယ္။ တစ္ခုပါပဲ အရမ္းထူထူ ပြပြ အထပ္ထပ္ေတြမ်ားတဲ့ Maxi မ်ိဳးေတာ့ ေရွာင္ရပါမယ္ေနာ္။ ဘာဂ်ာတြန္႔ေခါက္လို Pleated Maxi ေတြ၊ အသားပါးပါး Maxi ေတြကို ေရြးခ်ယ္ရင္ေတာ့ အေကာင္းဆံုးေပါ့။

Su Yi Htet (Akhayar)

[Unicode]

Petite Girl တွေအတွက် အရပ်ရှည်သယောင်ထင်စေရမယ့် Fashion Trick များ

တစ်ခါတစ်ရံမှာ အရပ်ပုတာက သင့်ရဲ့ စတိုင်လ်ကို နည်းနည်းပါးပါး လျော့သွားစေတယ်လို့ တွေးမိတဲ့အချိန်တွေ အရပ်မရှည်တဲ့ကောင်မလေးတွေဆီမှာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အရပ်ပုတာလေးတစ်ခုအတွက်နဲ့ စတိုင်လ်လျော့မှာ စိတ်ပူစရာမလိုပါဘူး။ လူကောင်သေးသေး အရပ်ပုပု
ကောင်မလေးတွေအတွက် Fashion Trick တွေရှိပြီးသားပါ။ ဒီလှည့်ကွက်လေးတွေသုံးပြီး စတိုင်လ်ပြောင်းလိုက်မယ်ဆိုရင် တကယ့်အမိုက်စား
ကောင်မလေးတစ်ယောက်ဖြစ်သွားမှာ အသေအချာပါပဲ။

Go for waisted bottoms

Go for waisted bottoms

ခါးမြင့်တွေကို ဝတ်ဆင်ပါ။
ခါးမြင့်စကတ်တွေ၊ ဘောင်းဘီတွေ ဝတ်ဆင်တာက သင့်ရဲ့ ခန္ဓာကိုယ်အလယ်ပိုင်းကို လူတွေ ပိုအာရုံစိုက်မိစေသလို ခြေထောက်တွေကို ပိုရှည်သွယ်သွားသယောင် ခံစားရစေပါတယ်။

Go for waisted bottoms

Go for waisted bottoms

ခါးမြင့်စကတ်တွေ၊ ဘောင်းဘီတွေနဲ့ တွဲဝတ်ရင် အင်္ကျ ီကို အထဲထည့်ဝတ်ဖို့ လိုအပ်ပြီး ဒါမှသာ ကြည့်ရတာ ပိုအရပ်ရှည်သယောင်ဖြစ်စေမှာပါ။
အင်္ကျ ီဖုံးလိုက်ရင် နဂိုတိုင်းပဲ ဘာမှထူးခြားလာမှာ မဟုတ်တော့ပါဘူး။ ခါးမြင့်စကတ်တွေ၊ဘောင်းဘီလေးတွေကို စမ်းဝတ်ကြည့်ဖို့ မမေ့ပါနဲ့။

Go for a mono-coloured outfit

Go for a mono-coloured outfit

ဝတ်စုံကို တစ်ရောင်တည်း ဝတ်ပါ။
ကိုယ်ဝတ်မယ့် ဝတ်စုံတစ်စုံလုံးကို အရောင်ဆင်တူ Mono-Coloured Theme နဲ့သွားတာကလည်း အရပ်ပိုရှည်သယောင် ထင်ရမယ့်နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီနည်းက ဆယ်လီတွေ၊ ဒီဇိုင်နာတွေပါ သုံးကြတဲ့ နည်းပါ။ တစ်ရောင်တည်းဝမ်းဆက် ဝတ်လိုက်ခြင်းအားဖြင့် အရောင်များများစားစား ကြည့်ဖို့မလိုသလို ကိုယ်လုံးကို တစ်ဖြောင့်တည်း တစ်သားတည်းဖြစ်စေတဲ့အတွက် အရပ်ရှည်သယောင်ဖြစ်သွားစေပါတယ်။ ဒါပေမယ့် သတိထားရမှာက Suit လို၊ Dress ဝမ်းဆက်လိုမျိုး ဝတ်မှ ဒီအချက်ကို ထုတ်သုံးဖို့ပါ။

Crop your top

Crop your top

Crop Top တွေဝတ်ကြည့်ပါ။
ခါးမြင့်တွေနဲ့ Crop Top အင်္ကျ ီတွေကို တွဲဖက်လိုက်တဲ့အခါ ခန္ဓာကိုယ်ကို ပိုပြီး ညီမျှသွားစေတဲ့အပြင် အရပ်ပိုရှည်သွားစေပါတယ်။ Crop Top
အင်္ကျ ီလေးတွေကလည်း ချစ်စရာကောင်းပြီးသားဆိုတော့ လူကောင်သေးတဲ့ ကောင်မလေးတွေနဲ့လည်း ကွက်ကိပေါ့။

Go for vertical, not horizontal, stripes

Go for vertical, not horizontal, stripes

ဒေါင်လိုက်စင်းတွေဝတ်ပါ။
တကယ်လို့ ကောင်မလေးတို့က အစင်းတွေဘာတွေဝတ်မယ်ဆိုရင် အလျားလိုက်အစင်း ပွင့်ရိုက်တွေထက်စာရင် ဒေါင်လိုက်စင်း ဝတ်စုံမျိုးကိုသာ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဒေါင်လိုက်စင်းဖြစ်တဲ့အတွက် အရပ်ပိုပြီး ရှည်တဲ့အပြင် ခြေထောက်ပါပိုသွယ်လျသွားသလို ခံစားရမှာပါ။ အလျားလိုက်အစင်းဆို ပိုပုပြီး ၀၀ကြီးဖြစ်သွားစေပါလိမ့်မယ်။ အစင်းရွေးတဲ့အခါလည်း သတိထားရွေးချယ်ဖို့ မမေ့ပါနဲ့။

Bottoms with mixes of opaque and translucent fabrics

Bottoms with mixes of opaque and translucent fabrics

ဖောက်ထွင်းမြင်ရတဲ့ See-through Dress တွေကို ရွေးချယ်ပါ။
မှန်ဇာလို ဇာပါးပါးလေးတွေနဲ့ ဖန်တီးထားတဲ့ ဖောက်ထွင်းမြင် Dress တွေကလည်း အရပ်ပုတဲ့ကောင်မလေးတွေအတွက် မရှိမဖြစ်ပါပဲ။
အထူးသဖြင့် ခြေမျက်စိထိဖုံးပြီး ခြေထောက်နားမှာ တဝဲ၀ဲကျနေတဲ့ See-through Dress လေးတွေက လူတွေအာရုံစူးစိုက်မှုကို ရစေတဲ့အပြင် ခြေမျက်စိဖုံးအရှည်ဖြစ်တဲ့အတွက် အရပ်ကိုလည်း ပိုရှည်သွားစေပါတယ်။

Go for a low-vamp shoe

Go for a low-vamp shoe

Low-Vamp Shoe တွေ ဝတ်ဆင်ပါ။
Vamp ဆိုတာ သင့်ခြေထောက်ကို ဖုံးထားတဲ့ ဖိနပ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အလွယ်ပြောရရင် ဖိနပ်အဖုံးပေါ့။ ကွင်းထိုးဖိနပ်လိုမျိုးမှာဆိုရင် အပေါ်က ကွင်းစွပ်မျိုးကို ဆိုလိုပါတယ်။ တကယ်တော့ ဒီလိုဖုံးပေးထားတဲ့ Vamp က နိမ့်လျောသွားလေ သင့်ခြေထောက်က ပိုပြီး ပေါ်လွင်လေပါ။ အထူးသဖြင့် ဒေါက်ပါတဲ့ Low-Vamp Shoe တွေစီးလိုက်တဲ့အခါမှာတော့ ခြေထောက်တွေက ပိုပြီး သွယ်လျပြီး ရှည်သွားတာ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် Low-Vamp Shoe တစ်ရံလောက်တော့ ဝယ်ထားဖို့ မမေ့ပါနဲ့။

Love your flares

Love your flares

ဘောင်းဘီရှည်ကားကားလေးတွေကို ရွေးချယ်ပါ။
Flared Pants လို့ခေါ်တဲ့ ခေါင်းလောင်းဘောင်းဘီလို ဘောင်းဘီရှည်ကားကားလေးတွေ၊ အထူးသဖြင့် တစ်ဖြောင့်တည်း ခပ်ပွပွကားကား Flared Pants တွေက ခြေတံရှည်ရှည်လေးဖြစ်အောင် ဖန်တီးပေးနိုင်ပါတယ်။

Love your flares

Love your flares

ဒီလိုဘောင်းဘီကားကားလေးတွေကို ဒေါက်မြင့်ဖိနပ်တွေနဲ့ တွဲဖက်လိုက်မယ်ဆိုရင် လုံးဝအဆင်ပြေသွားမှာ အမှန်ပါ။ Skinny တွေဝတ်မယ့်အစား ဒီလို Flared Pants လေးတွေ ဝတ်လိုက်တာက အရပ်ပုတဲ့ကောင်မလေးတို့အတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။

Go maxi for maximum effect

Go maxi for maximum effect

Maxi Dress တွေ၊ Maxi Skirt တွေကိုလည်း စမ်းဝတ်ကြည့်ပါ။
ဂါဝန်ရှည်၊စကတ်ရှည်တွေမို့ Maxi Skirt တွေ၊Dress တွေကို စမ်းရမှာ ကြောက်နေပါသလား။ မစိုးရိမ်ပါနဲ့။ တကယ်တော့ သင်ထင်တာနဲ့ ပြောင်းပြန်ပါ။ မြေကြီးထိအောင် ရှည်နေတဲ့ Maxi တွေက သင့်ကို ပိုအရပ်ရှည်ပြီး လူကောင်ကြီးသွားစေပါတယ်။ တစ်ခုပါပဲ အရမ်းထူထူ ပွပွ အထပ်ထပ်တွေများတဲ့ Maxi မျိုးတော့ ရှောင်ရပါမယ်နော်။ ဘာဂျာတွန့်ခေါက်လို Pleated Maxi တွေ၊ အသားပါးပါး Maxi တွေကို ရွေးချယ်ရင်တော့ အကောင်းဆုံးပေါ့။

Su Yi Htet (Akhayar)