ပြီးခဲ့တဲ့ တနင်္ဂနွေညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာတော့ အားလုံးသိတဲ့ အတိုင်း မန်စီးတီးအသင်းဟာ ချယ်လ်ဆီးအသင်းကို ခက်ခက်ခဲခဲကစားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လိဂ်ဖလားချန်ပီယံဆုကို (၂)နှစ်ဆက်ရရှိခဲ့တာဖြစ်သလို အဂွဲရိုး Aguero ဟာလည်း ပယ်နယ်တီအဆုံးအဖြတ်မှာ အသင်းအတွက် တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အခု ပရိသတ်တွေကို ပြောပြပေးချင်တာကတော့ ပွဲအပြီး အ၀တ်လဲခန်းထဲမှာ အဂွဲရိုး ကပြီး အောင်ပွဲခံခဲ့တဲ့ အကြောင်းပဲဖြစ်ပါတယ်။ တခြားကစားသမားတွေကကတော့ သူ့နေရာမှာသူရှိနေကြပေမယ့် အဂွဲရိုး ကသာပုံစံမျိုးနဲ့ ကနေခဲ့တာဖြစ်ပြီး သူ့နဲ့အခု နောက်ခံလူ လာပေါ့တ် Laporte ကလည်း လိုက်ပါကခဲ့ပါသေးတယ်။ ချန်ပီယံဖြစ်သွားတဲ့ အသင်းသားတွေရဲ့ ပျော်ရွှင်မှုဟာ ကြည်နူးစရာကောင်းသလို အဂွဲရိုး ကနေတဲ့ ပုံစံကလည်း ရယ်ရွှင်ဖွယ်ဖြစ်ခဲ့တာကြောင့် ပရိသတ်တွေ ဒီဗီဒီယိုကို ဖော်ပြပေးလိုက်ရပါတယ်။

အဂွဲရိုး ကနေတဲ့ ဗီဒီယိုကြည့်ရန်လင်ခ့်

Ref: Daily Mail
Photo: Daily Mail
Ko Kyue(Akhayar)
www.akhayar.com