[Zawgyi]

ေခြးသားစားသူေတြေၾကာင့္ ေခြးေပါင္း ၂ သန္းေက်ာ္ႏွစ္စဥ္အသတ္ခံေနရတဲ့ ေတာင္ကိုရီးယားႏုိင္ငံ

ေခြးသား၊ ေၾကာင္သားစားတယ္ဆိုတာ ျမန္မာႏုိင္ငံမွာေတာင္ ျမိဳ႕ျပထက္ ေက်းလက္ဧရိယာေတြမွာ ေတြ႔ရတာမ်ားပါတယ္။ ဒါေပမယ့္ ေ

ခတ္မီလွပါတယ္ဆုိတဲ့ ကုိရီးယားႏုိင္ငံမွာေတာ့ ေခြးသားစားတယ္ဆိုတာ အစဥ္အဆက္ကိုက ခံယူလာတဲ့ ရုိးရာအစားအစာတစ္ခုပါ။

ေခြးသားရရွိဖို႔အတြက္ ေခြးေမြးျမဴေရးစခန္းေတြနဲ႔ကို သူတို႔ဆီမွာ ေမြးတာပါ။ ေမြးျမဴေရးစခန္းေတြမွာ ရွိတဲ့ တခ်ိဳ႕ေခြးေတြက Dog Fight လို႔ ေခၚတဲ့ ေခြးတိုက္ပြဲေတြ အတြက္၊တခ်ိဳ႕ကိုေတာ့ အသားစားဖို႔အတြက္ သီးသန္႔ေမြးျမဴထားတာျဖစ္ျပီး တခ်ိဳ႕ကိုေတာ့ ေခြးတုိက္ပြဲအတြက္ေရာ၊ အသားအတြက္ပါ ေမြးျမဴထားတာ ျဖစ္ပါတယ္။

ေခြးသားရရွိဖို႔အတြက္ ေခြးေပါင္း ၂သန္းေက်ာ္ ႏွစ္တိုင္း ေတာင္ကိုရီးယားမွာ အသတ္ခံေနရပါတယ္။ ဒီေခြးသားေရာင္းခ်မႈဟာ ေဒၚလာ ၂ဘီလီယံတန္ဖိုးေလာက္ အေရာင္းအဝယ္လုပ္ေနၾကတာျဖစ္ျပီး ကိုရီးယားရဲ႕ ေႏြရာသီကာလေတြမွာ Bosintang လို႔ ေခၚတဲ့ Spicy Stew လို ဟင္းလ်ာမ်ိဳးကို ေခြးသားနဲ႔ ခ်တ္ျပဳတ္စားေသာက္ေနၾကပါတယ္။

Bosintang Stew

Bosintang Stew

ဒီလုိ စားေသာက္တာဟာ လူေတြကို က်န္းမာေရးပိုေကာင္းေစႏုိင္ျပီး အားအင္ျပည့္ျဖိဳးေစႏုိင္တယ္လို႔လည္း သူတုိ႔က ယံုၾကည္ၾကပါတယ္။ ဒါေပမယ့္ တိရစာၦန္အခြင့္အေရးလႈပ္ရွားမႈအဖြဲ႔တစ္ဖြဲ႔ျဖစ္တဲ့ Humane Society International လို အဖြဲဲ႔အစည္းေတြကေတာ့ ေခြးသားက ေပးတဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို သိပၸံနည္းက်သက္ေသျပထားတာမရွိဘူးလို႔ ျငင္းဆုိထားပါတယ္။

ဒီလို ေခြးေမြးျမဴေရးလုပ္ငန္းကို ႏွစ္ ၄၀ လံုး လုပ္ခဲ့တဲ့ Kimmel Wong ဆိုတဲ့ ေခြးေမြးျမဴေရးသမားၾကီးကေတာ့ ဒီလိုစားရင္ က်န္းမာအားရွိတယ္ဆိုတဲ့ အယူအဆဟာ ကိုရီးယားယဥ္ေက်းမႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ျပီး ဘုိးဘြားဘီဘင္ေတြဆီက ဆင္းသက္လာတယ္လို႔ ဆုိပါတယ္။ ေခြးေတြကို အသားစားဖို႔နဲ႔ တုိက္ပြဲအတြက္ ဘယ္လို ခြဲျပီး ေမြးသလဲဆုိေတာ့ ေမြးလာလို႔ အေကာင္ထြားၾကိဳင္းလွပရင္ ေခြးတုိက္ပြဲအတြက္ ထားျပီး ရုပ္ဆိုးတဲ့အေကာင္ေတြကိုေတာ့ အသားအတြက္ ေမြးျမဴတယ္လို႔ ေျပာခဲ့ပါတယ္။

Korea Dog Farms

Korea Dog Farms

စားေသာက္တဲ့သူေတြ စားေသာက္ၾကသလို တားျမစ္ဖို႔ ၾကိဳးစားတဲ့သူေတြကလည္း တားျမစ္ၾကတာပါပဲ။ ၁၉၈၈ ခုႏွစ္ ေတာင္ကုိရီးယားႏုိင္ငံ Seoul ျမိဳ႕မွာျပဳလုပ္တဲ့ 1988 Summer Olympic မွာဆုိရင္ ရိုးရာကိုရီးယားအစားအစာလိုျဖစ္ေနတဲ့ ေခြးသားစတူးနဲ႔ တီေကာင္စြပ္ျပဳတ္လို ဟင္းလ်ာမ်ိဳးေတြကို အုိလံပစ္ပြဲေတာ္က်င္းပရာ အနီးတစ္ဝုိက္မွာ မေရာင္းခ်ဖို႔ ျမိဳ႕ရဲ႕ အာဏာပိုင္ေတြက တားျမစ္ခဲ့ဖူးပါတယ္။

ဒါတင္မဟုတ္ဘဲ ၂၀၀၂ ခုႏွစ္ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ပူးတြဲက်င္းပတဲ့ ကမာၻ႕ဖလားပြဲမွာလည္း FIFA အေနနဲ႔ တိရစာၦန္ေတြကို ေလွာင္ထားျပီး ညွင္းပန္းႏွိပ္စက္တာကို ရပ္ဖို႔ ဖိအားေပးခဲ့ဖူးပါတယ္။

Korea Dog Farms

Korea Dog Farms

ေခြးသားစားတာကို တရားဥပေဒအရ တားျမစ္ဖို႔ကလည္း ေသာင္မတင္ေရမက်အေနအထားျဖစ္သလို ေခြးတုိက္ပြဲေတြဟာလည္း တားျမစ္မထားေပမယ့္ တရားမဝင္တဲ့အေနအထားနဲ႔ တစ္ေနပါတယ္။

ဘယ္လိုပဲ ျဖစ္ျဖစ္ ေခြးေတြကို ခ်စ္ခ်စ္ခင္ခင္ေမြးျမဴလာၾကတဲ့ ေတာင္ကိုရီးယားလူငယ္မ်ိဳးဆက္သစ္ေတြေၾကာင့္ စားသံုးသူေတြ ရွိေနေပမယ့္ ေခြးသားေရာင္းခ်တဲ့ဆုိင္ေတြဟာ တစ္စတစ္စေလ်ာ့နည္းလာခဲ့ျပီ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : Tech Insider
[Unicode]

ခွေးသားစားသူတွေကြောင့် ခွေးပေါင်း ၂ သန်းကျော်နှစ်စဉ်အသတ်ခံနေရတဲ့ တောင်ကိုရီးယားနိုင်ငံ

ခွေးသား၊ ကြောင်သားစားတယ်ဆိုတာ မြန်မာနိုင်ငံမှာတောင် မြို့ပြထက် ကျေးလက်ဧရိယာတွေမှာ တွေ့ရတာများပါတယ်။ ဒါပေမယ့် ခေတ်မီလှပါတယ်ဆိုတဲ့ ကိုရီးယားနိုင်ငံမှာတော့ ခွေးသားစားတယ်ဆိုတာ အစဉ်အဆက်ကိုက ခံယူလာတဲ့ ရိုးရာအစားအစာတစ်ခုပါ။

ခွေးသားရရှိဖို့အတွက် ခွေးမွေးမြူရေးစခန်းတွေနဲ့ကို သူတို့ဆီမှာ မွေးတာပါ။ မွေးမြူရေးစခန်းတွေမှာ ရှိတဲ့ တချို့ခွေးတွေက Dog Fight လို့ ခေါ်တဲ့ ခွေးတိုက်ပွဲတွေ အတွက်၊တချို့ကိုတော့ အသားစားဖို့အတွက် သီးသန့်မွေးမြူထားတာဖြစ်ပြီး တချို့ကိုတော့ ခွေးတိုက်ပွဲအတွက်ရော၊ အသားအတွက်ပါ မွေးမြူထားတာ ဖြစ်ပါတယ်။

ခွေးသားရရှိဖို့အတွက် ခွေးပေါင်း ၂သန်းကျော် နှစ်တိုင်း တောင်ကိုရီးယားမှာ အသတ်ခံနေရပါတယ်။ ဒီခွေးသားရောင်းချမှုဟာ ဒေါ်လာ ၂ဘီလီယံတန်ဖိုးလောက် အရောင်းအဝယ်လုပ်နေကြတာဖြစ်ပြီး ကိုရီးယားရဲ့ နွေရာသီကာလတွေမှာ Bosintang လို့ ခေါ်တဲ့ Spicy Stew လို ဟင်းလျာမျိုးကို ခွေးသားနဲ့ ချတ်ပြုတ်စားသောက်နေကြပါတယ်။

Bosintang Stew

Bosintang Stew

ဒီလို စားသောက်တာဟာ လူတွေကို ကျန်းမာရေးပိုကောင်းစေနိုင်ပြီး အားအင်ပြည့်ဖြိုးစေနိုင်တယ်လို့လည်း သူတို့က ယုံကြည်ကြပါတယ်။ ဒါပေမယ့် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားမှုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Humane Society International လို အဖွဲ့အစည်းတွေကတော့ ခွေးသားက ပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိပ္ပံနည်းကျသက်သေပြထားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒီလို ခွေးမွေးမြူရေးလုပ်ငန်းကို နှစ် ၄၀ လုံး လုပ်ခဲ့တဲ့ Kimmel Wong ဆိုတဲ့ ခွေးမွေးမြူရေးသမားကြီးကတော့ ဒီလိုစားရင် ကျန်းမာအားရှိတယ်ဆိုတဲ့ အယူအဆဟာ ကိုရီးယားယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘိုးဘွားဘီဘင်တွေဆီက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ခွေးတွေကို အသားစားဖို့နဲ့ တိုက်ပွဲအတွက် ဘယ်လို ခွဲပြီး မွေးသလဲဆိုတော့ မွေးလာလို့ အကောင်ထွားကြိုင်းလှပရင် ခွေးတိုက်ပွဲအတွက် ထားပြီး ရုပ်ဆိုးတဲ့အကောင်တွေကိုတော့ အသားအတွက် မွေးမြူတယ်လို့ ပြောခဲ့ပါတယ်။

Korea Dog Farms

Korea Dog Farms

စားသောက်တဲ့သူတွေ စားသောက်ကြသလို တားမြစ်ဖို့ ကြိုးစားတဲ့သူတွေကလည်း တားမြစ်ကြတာပါပဲ။ ၁၉၈၈ ခုနှစ် တောင်ကိုရီးယားနိုင်ငံ Seoul မြို့မှာပြုလုပ်တဲ့ 1988 Summer Olympic မှာဆိုရင် ရိုးရာကိုရီးယားအစားအစာလိုဖြစ်နေတဲ့ ခွေးသားစတူးနဲ့ တီကောင်စွပ်ပြုတ်လို ဟင်းလျာမျိုးတွေကို အိုလံပစ်ပွဲတော်ကျင်းပရာ အနီးတစ်ဝိုက်မှာ မရောင်းချဖို့ မြို့ရဲ့ အာဏာပိုင်တွေက တားမြစ်ခဲ့ဖူးပါတယ်။

ဒါတင်မဟုတ်ဘဲ ၂၀၀၂ ခုနှစ် တောင်ကိုရီးယားနဲ့ ဂျပန်ပူးတွဲကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲမှာလည်း FIFA အနေနဲ့ တိရစ္ဆာန်တွေကို လှောင်ထားပြီး ညှင်းပန်းနှိပ်စက်တာကို ရပ်ဖို့ ဖိအားပေးခဲ့ဖူးပါတယ်။

Korea Dog Farms

Korea Dog Farms

ခွေးသားစားတာကို တရားဥပဒေအရ တားမြစ်ဖို့ကလည်း သောင်မတင်ရေမကျအနေအထားဖြစ်သလို ခွေးတိုက်ပွဲတွေဟာလည်း တားမြစ်မထားပေမယ့် တရားမဝင်တဲ့အနေအထားနဲ့ တစ်နေပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ခွေးတွေကို ချစ်ချစ်ခင်ခင်မွေးမြူလာကြတဲ့ တောင်ကိုရီးယားလူငယ်မျိုးဆက်သစ်တွေကြောင့် စားသုံးသူတွေ ရှိနေပေမယ့် ခွေးသားရောင်းချတဲ့ဆိုင်တွေဟာ တစ်စတစ်စလျော့နည်းလာခဲ့ပြီ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : Tech Insider