[Zawgyi]

အသစ္ဖြင့္လွစ္လိုက္တဲ့ Innwa Books & Café ဆီ အလည္တစ္ေခါက္

အခုတေလာ အရမ္းမိတ္ဆက္ေပးခ်င္ေနတဲ့ ရန္ကုန္ကဆိုင္အသစ္ေလးတစ္ဆိုင္ရွိပါတယ္။ ဘာဆိုင္လဲဆိုရင္ေတာ့ စာအုပ္ဆိုင္ပါေနာ္။ တခ်ိဳ႕လူေတြလည္း သိၿပီးေကာင္းသိၿပီးၾကမွာပါ။ Innwa Books & Café က ၾသဂုတ္လ ၁ရက္ေန႔တုန္းက စမ္းေခ်ာင္းမွာ ဆိုင္အသစ္တစ္ဆိုင္ထပ္ၿပီး ဖြင့္လွစ္ေပးလိုက္ပါၿပီ။ ဒီဆိုင္ကို ေမႊလာသမွ်ေလးေတြကို ဒီေန႔ ျပန္လည္မွ်ေ၀ေပးပါရေစ။

Innwa Books & Cafe

Innwa Books & Cafe

Innwa Books & Café စမ္းေခ်ာင္းဆိုင္ခြဲက ရန္ကုန္မွာ ဒုတိယေျမာက္ဆိုင္ခြဲျဖစ္ၿပီး တစ္ႏုိင္ငံလံုးအေနအထားနဲ႔ဆိုရင္ေတာ့ သံုးဆိုင္ေျမာက္ပါ။ ဘာျဖစ္လို႔လဲဆိုရင္ မႏၱေလးမွာလည္း ဆိုင္ခြဲတစ္ဆိုင္ရွိေနလို႔ပါ။ သံုးဆိုင္မကပါဘူးလို႔ ထင္တဲ့သူေတြရွိပါလိမ့္မယ္။ ဟုတ္ပါတယ္။ ပံုမွန္အားျဖင့္ သာမာန္ အင္း၀စာအုပ္ဆိုင္ေတြကေတာ့ ရွိေနေပမယ့္ စာအုပ္၀ယ္ယူရရွိႏုိင္ရံုတင္မကပဲ စာအုပ္ေအးေဆးဖတ္လည္း ရတယ္။ ေကာ္ဖီေသာက္ၿပီး မုန္႔စားရင္းဖတ္လည္း ရတယ္။ အဲဒီလိုဖတ္ၿပီး ႀကိဳက္သြားေတာ့မွ ၀ယ္ယူခ်င္ရင္လည္းရတယ္ဆိုတဲ့ ပံုမွန္အင္း၀စာအုပ္ဆိုင္ေတြကို အဆင့္ျမင့္ထားတဲ့ Innwa Books & Café ကေတာ့ သံုးဆိုင္ပဲရွိပါေသးတယ္ေနာ္။

Innwa Books & Cafe

Innwa Books & Cafe

စမ္းေခ်ာင္းဆိုင္ခြဲကေတာ့ ျမန္မာပလာဇာကဆုိင္ခြဲနဲ႔ ဘာကြာလဲဆိုရင္ေတာ့ စမ္းေခ်ာင္းဆိုင္မွာ ပညာေရးနဲ႔ သက္ဆုိင္တဲ့ စာအုပ္ေတြပိုမ်ားပါတယ္။ အထူးသျဖင့္ေတာ့ ေက်ာင္းသားေတြအတြက္ လိုအပ္တဲ့ သင္ေထာက္ကူစာအုပ္ေတြကို ရွာခ်င္ရင္ေတာ့ စမ္းေခ်ာင္းဆုိင္မွာ ရွာသင့္ပါတယ္။ ေနာက္ၿပီး ဘာသာေရးနဲ႔ ပတ္သက္တဲ့စာအုပ္ေတြကိုလည္း ပိုၿပိးေတြ႕ႏုိင္ပါတယ္။ ကေလးေတြအႀကိဳက္ေတြ႕မယ့္ Drawing Book ေတြနဲ႔ သူငယ္တန္းႀကိဳကေလးေတြအတြက္ အဂၤလိပ္စာသင္ေထာက္ကူစာအုပ္ေလးေတြလည္း အမ်ားႀကီးေတြ႕ရပါတယ္။ ဒါ့အျပင္ ေဘာပင္လွလွေလးေတြလည္း ၀ယ္လို႔ရပါတယ္ေနာ္။ စမ္းေခ်ာင္းက ေက်ာင္းသားေတြနဲ႔ ကေလးေတြကေတာ့ အႀကိဳက္ေတြ႕ဦးမွာပါ။

Innwa Books & Cafe

Innwa Books & Cafe

ျမန္မာပလာဇာဆိုင္နဲ႔ ႀကီးႀကီးမားမားကြာျခားမႈမရွိေပမယ့္ အဂၤလိပ္စာအုပ္ေတြကို ၀ယ္ယူဖတ္ရွဳခ်င္တဲ့သူေတြကေတာ့ စမ္းေခ်ာင္းဆိုင္ထက္ ျမန္မာပလာဇာဆိုင္ကို သြားသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုရင္ေတာ့ စမ္းေခ်ာင္းဆိုင္ကေတာ့ Shopping Center မွာ မဟုတ္ပဲ ၿမိဳ႕နယ္ထဲမွာ ဖြင့္ထားတဲ့ဆိုင္ျဖစ္တာမို႔လို႔ အဂၤလိပ္စာအုပ္ေတြ ေလွ်ာ့ထားတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ စိတ္ေတာ့မပူပါနဲ႔။ လူေတြအ၀ယ္မ်ားလာရင္ေတာ့ ပိုၿပီးတင္ဖို႔ အစီအစဥ္ရွိပါတယ္တဲ့။ ေကာ္ဖီနဲပတ္သက္လို႔ကေတာ့ စမ္းေခ်ာင္းဆိုင္မွာ အင္း၀ေကာ္ဖီပဲ ေသာက္လို႔ရပါေသးတယ္။ Soda နဲ႔ တျခားေကာ္ဖီအမ်ိဳးအစားေတြကေတာ့ ျမန္မာပလာဇာဆုိင္မွာပဲ ေသာက္လို႔ရဦးမွာပါ။

Innwa Books & Cafe

Innwa Books & Cafe

ဆိုင္ခန္းေလးက ခ်စ္စရာေကာင္းတယ္။ နံရံကို အျဖဴေရာင္ေလးေတြျခယ္ထားလို႔ မ်က္စိလည္း ေအးတယ္။ ေအးေအးေဆးေဆး စာအုပ္ထိုင္ဖတ္ဖို႔အတြက္ ခ်စ္စရာေကာင္းၿပီး သက္ေတာင့္သက္သာျဖစ္ေစတဲ့ ထိုင္ခံုေလးေတြလည္း စီစဥ္ေပးထားတယ္။ သူ႔ရဲ႕ Slogan “The New Classic” ဆိုတဲ့အတိုင္းပဲ အရမ္း Classic ျဖစ္တယ္ဆိုတဲ့ ခံစားခ်က္ေလးကို ခံစားရေစတယ္။

Innwa Books & Cafe

Innwa Books & Cafe

Innwa Books & Café ရဲ႕ စမ္းေခ်ာင္းဆိုင္ခြဲကေတာ့ လူသူမမ်ားပဲ Private ဆန္တာေၾကာင့္ ေအးေအးလူလူ စာဖတ္ခ်င္တယ္။ အခ်ိန္ေပးၿပီး စိတ္တိုင္းက်စာအုပ္ေရြး၀ယ္ခ်င္တယ္ဆိုတဲ့သူေတြ သြားေစခ်င္ပါတယ္။ ျမန္မာပလာဇာေလာက္ လူအ၀င္အထြက္မမ်ားလို႔ အရမ္းဆိတ္ၿငိမ္ပါတယ္။ အက်ယ္အ၀န္းကေတာ့ ျမန္မာပလာဇာဆိုင္ေလာက္ မက်ယ္တဲ့အတြက္ေၾကာင့္မို႔လို႔ စာအုပ္သြားဖတ္ခ်င္တာပဲျဖစ္ျဖစ္၊ သြား၀ယ္ခ်င္တာပဲျဖစ္ျဖစ္ သီးသန္႔ျဖစ္ခ်င္ရင္ေတာ့ စေန၊ တနဂၤေႏြေန႔မ်ိဳးေတြမွာ သြားတာထက္ ၾကားရက္မွာသြားဖို႔ အႀကံေပးပါရေစေနာ္။

Innwa Books & Café စမ္းေခ်ာင္းဆိုင္ခြဲရဲ႕ လိပ္စာကေတာ့ အမွတ္ (၅၆) ေျမညီထပ္ ကၽြန္းေတာလမ္း စမ္းေခ်ာင္းၿမိဳ႕နယ္ပဲျဖစ္ပါတယ္။

Moethaesay (Akhayar)

[Unicode]

အသစ်ဖွင့်လှစ်လိုက်တဲ့ Innwa Books & Café ဆီ အလည်တစ်ခေါက်

အခုတလော အရမ်းမိတ်ဆက်ပေးချင်နေတဲ့ ရန်ကုန်ကဆိုင်အသစ်လေးတစ်ဆိုင်ရှိပါတယ်။ ဘာဆိုင်လဲဆိုရင်တော့ စာအုပ်ဆိုင်ပါနော်။ တချို့လူတွေလည်း သိပြီးကောင်းသိပြီးကြမှာပါ။ Innwa Books & Café က သြဂုတ်လ ၁ရက်နေ့တုန်းက စမ်းချောင်းမှာ ဆိုင်အသစ်တစ်ဆိုင်ထပ်ပြီး ဖွင့်လှစ်ပေးလိုက်ပါပြီ။ ဒီဆိုင်ကို မွှေလာသမျှလေးတွေကို ဒီနေ့ ပြန်လည်မျှဝေပေးပါရစေ။

Innwa Books & Cafe

Innwa Books & Cafe

Innwa Books & Café စမ်းချောင်းဆိုင်ခွဲက ရန်ကုန်မှာ ဒုတိယမြောက်ဆိုင်ခွဲဖြစ်ပြီး တစ်နိုင်ငံလုံးအနေအထားနဲ့ဆိုရင်တော့ သုံးဆိုင်မြောက်ပါ။ ဘာဖြစ်လို့လဲဆိုရင် မန္တလေးမှာလည်း ဆိုင်ခွဲတစ်ဆိုင်ရှိနေလို့ပါ။ သုံးဆိုင်မကပါဘူးလို့ ထင်တဲ့သူတွေရှိပါလိမ့်မယ်။ ဟုတ်ပါတယ်။ ပုံမှန်အားဖြင့် သာမာန် အင်းဝစာအုပ်ဆိုင်တွေကတော့ ရှိနေပေမယ့် စာအုပ်ဝယ်ယူရရှိနိုင်ရုံတင်မကပဲ စာအုပ်အေးဆေးဖတ်လည်း ရတယ်။ ကော်ဖီသောက်ပြီး မုန့်စားရင်းဖတ်လည်း ရတယ်။ အဲဒီလိုဖတ်ပြီး ကြိုက်သွားတော့မှ ဝယ်ယူချင်ရင်လည်းရတယ်ဆိုတဲ့ ပုံမှန်အင်းဝစာအုပ်ဆိုင်တွေကို အဆင့်မြင့်ထားတဲ့ Innwa Books & Café ကတော့ သုံးဆိုင်ပဲရှိပါသေးတယ်နော်။

Innwa Books & Cafe

Innwa Books & Cafe

စမ်းချောင်းဆိုင်ခွဲကတော့ မြန်မာပလာဇာကဆိုင်ခွဲနဲ့ ဘာကွာလဲဆိုရင်တော့ စမ်းချောင်းဆိုင်မှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေပိုများပါတယ်။ အထူးသဖြင့်တော့ ကျောင်းသားတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူစာအုပ်တွေကို ရှာချင်ရင်တော့ စမ်းချောင်းဆိုင်မှာ ရှာသင့်ပါတယ်။ နောက်ပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့စာအုပ်တွေကိုလည်း ပိုပြိးတွေ့နိုင်ပါတယ်။ ကလေးတွေအကြိုက်တွေ့မယ့် Drawing Book တွေနဲ့ သူငယ်တန်းကြိုကလေးတွေအတွက် အင်္ဂလိပ်စာသင်ထောက်ကူစာအုပ်လေးတွေလည်း အများကြီးတွေ့ရပါတယ်။ ဒါ့အပြင် ဘောပင်လှလှလေးတွေလည်း ဝယ်လို့ရပါတယ်နော်။ စမ်းချောင်းက ကျောင်းသားတွေနဲ့ ကလေးတွေကတော့ အကြိုက်တွေ့ဦးမှာပါ။

Innwa Books & Cafe

Innwa Books & Cafe

မြန်မာပလာဇာဆိုင်နဲ့ ကြီးကြီးမားမားကွာခြားမှုမရှိပေမယ့် အင်္ဂလိပ်စာအုပ်တွေကို ဝယ်ယူဖတ်ရှုချင်တဲ့သူတွေကတော့ စမ်းချောင်းဆိုင်ထက် မြန်မာပလာဇာဆိုင်ကို သွားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ စမ်းချောင်းဆိုင်ကတော့ Shopping Center မှာ မဟုတ်ပဲ မြို့နယ်ထဲမှာ ဖွင့်ထားတဲ့ဆိုင်ဖြစ်တာမို့လို့ အင်္ဂလိပ်စာအုပ်တွေ လျှော့ထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် စိတ်တော့မပူပါနဲ့။ လူတွေအဝယ်များလာရင်တော့ ပိုပြီးတင်ဖို့ အစီအစဉ်ရှိပါတယ်တဲ့။ ကော်ဖီနဲပတ်သက်လို့ကတော့ စမ်းချောင်းဆိုင်မှာ အင်းဝကော်ဖီပဲ သောက်လို့ရပါသေးတယ်။ Soda နဲ့ တခြားကော်ဖီအမျိုးအစားတွေကတော့ မြန်မာပလာဇာဆိုင်မှာပဲ သောက်လို့ရဦးမှာပါ။

Innwa Books & Cafe

Innwa Books & Cafe

ဆိုင်ခန်းလေးက ချစ်စရာကောင်းတယ်။ နံရံကို အဖြူရောင်လေးတွေခြယ်ထားလို့ မျက်စိလည်း အေးတယ်။ အေးအေးဆေးဆေး စာအုပ်ထိုင်ဖတ်ဖို့အတွက် ချစ်စရာကောင်းပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ထိုင်ခုံလေးတွေလည်း စီစဉ်ပေးထားတယ်။ သူ့ရဲ့ Slogan “The New Classic” ဆိုတဲ့အတိုင်းပဲ အရမ်း Classic ဖြစ်တယ်ဆိုတဲ့ ခံစားချက်လေးကို ခံစားရစေတယ်။

Innwa Books & Cafe

Innwa Books & Cafe

Innwa Books & Café ရဲ့ စမ်းချောင်းဆိုင်ခွဲကတော့ လူသူမများပဲ Private ဆန်တာကြောင့် အေးအေးလူလူ စာဖတ်ချင်တယ်။ အချိန်ပေးပြီး စိတ်တိုင်းကျစာအုပ်ရွေးဝယ်ချင်တယ်ဆိုတဲ့သူတွေ သွားစေချင်ပါတယ်။ မြန်မာပလာဇာလောက် လူအဝင်အထွက်မများလို့ အရမ်းဆိတ်ငြိမ်ပါတယ်။ အကျယ်အဝန်းကတော့ မြန်မာပလာဇာဆိုင်လောက် မကျယ်တဲ့အတွက်ကြောင့်မို့လို့ စာအုပ်သွားဖတ်ချင်တာပဲဖြစ်ဖြစ်၊ သွားဝယ်ချင်တာပဲဖြစ်ဖြစ် သီးသန့်ဖြစ်ချင်ရင်တော့ စနေ၊ တနင်္ဂနွေနေ့မျိုးတွေမှာ သွားတာထက် ကြားရက်မှာသွားဖို့ အကြံပေးပါရစေနော်။

Innwa Books & Café စမ်းချောင်းဆိုင်ခွဲရဲ့ လိပ်စာကတော့ အမှတ် (၅၆) မြေညီထပ် ကျွန်းတောလမ်း စမ်းချောင်းမြို့နယ်ပဲဖြစ်ပါတယ်။

Moethaesay (Akhayar)