[Zawgyi]

အသင္းသစ္နဲ႔ ပထမဆံုးသြင္းဂိုး ရရွိခဲ့တဲ့ အင္နီေယစတာ Iniesta

ဂ်ပန္ကလပ္ Vissel Kobe အသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ စပိန္ဝါရင့္ကြင္းလယ္လူ အင္နီေယစတာ Iniesta ဟာ အသင္းသစ္နဲ႔ အတူ ပထမဆံုး သြင္းဂိုးကို ရရွိခဲ့ပါတယ္။ အသင္းသစ္နဲ႔အတူ (၃)ပြဲေျမာက္ ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ပြဲစဥ္မွာ အသင္းအတြက္ ပထမဆံုးသြင္းဂိုးကို သြင္းယူေပးခဲ့တာပါ။ Iwata အသင္းကို (၂-၁)ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ အင္နီေယစတာ Iniesta က အသင္းေဖာ္တိုက္စစ္ကစားသမား ပိုေဒါစကီး Podolski ရဲ႕ ဖန္တီးေပးမႈကေန သူ႔ရဲ႕ ပံုစံအတိုင္း ၿပိဳင္ဘက္ေနာက္ခံလူကို လွလွပပလွည့္စားၿပီး ဂိုးသမားကိုပါ ေက်ာ္ျဖတ္ကာ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

Iniesta-scores-his-first-goal

Iniesta-scores-his-first-goal

Vissel Kobe အသင္းဟာ အင္နီေယစတာ Iniesta ရဲ႕ သြင္းဂိုးအျပင္ Kyogo Furuhashi ရဲ႕ သြင္းဂိုးေတြနဲ႔ (၂-၀)ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးေနာက္ဆံုးမိနစ္မွာ Iwata အသင္းအတြက္ Kengo Kawamata က ျပန္လည္ေခ်ပခဲ့လို႔ (၂-၁)ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ Vissel Kobe အသင္းကို အင္နီေယစတာ Iniesta ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ပိုင္း တတိယေျမာက္ အျဖစ္ ကစားခဲ့တဲ့ ပြဲစဥ္မွာ ပထမဆံုးႏိုင္ပြဲရရွိခဲ့တာျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံရဲ႕ အဆင့္အတန္းအျမင့္ဆံုး လိဂ္ၿပိဳင္ပဲြျဖစ္တဲ့ J-League ၿပိဳင္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတဲ့ Vissel Kobe အသင္းဟာ (၂၁)ပြဲကစား ရမွတ္ (၃၂)မွတ္ ရရွိကာ အမွတ္ေပးဇယားရဲ႕ အဆင့္ (၄)ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။

REF:Marca
Photo:Sports News, Malay Mail
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

အသင်းသစ်နဲ့ ပထမဆုံးသွင်းဂိုး ရရှိခဲ့တဲ့ အင်နီယေစတာ Iniesta

ဂျပန်ကလပ် Vissel Kobe အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ စပိန်ဝါရင့်ကွင်းလယ်လူ အင်နီယေစတာ Iniesta ဟာ အသင်းသစ်နဲ့ အတူ ပထမဆုံး သွင်းဂိုးကို ရရှိခဲ့ပါတယ်။ အသင်းသစ်နဲ့အတူ (၃)ပွဲမြောက် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့တာပါ။ Iwata အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အင်နီယေစတာ Iniesta က အသင်းဖော်တိုက်စစ်ကစားသမား ပိုဒေါစကီး Podolski ရဲ့ ဖန်တီးပေးမှုကနေ သူ့ရဲ့ ပုံစံအတိုင်း ပြိုင်ဘက်နောက်ခံလူကို လှလှပပလှည့်စားပြီး ဂိုးသမားကိုပါ ကျော်ဖြတ်ကာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Iniesta-scores-his-first-goal

Iniesta-scores-his-first-goal

Vissel Kobe အသင်းဟာ အင်နီယေစတာ Iniesta ရဲ့ သွင်းဂိုးအပြင် Kyogo Furuhashi ရဲ့ သွင်းဂိုးတွေနဲ့ (၂-ဝ)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ Iwata အသင်းအတွက် Kengo Kawamata က ပြန်လည်ချေပခဲ့လို့ (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ Vissel Kobe အသင်းကို အင်နီယေစတာ Iniesta ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း တတိယမြောက် အဖြစ် ကစားခဲ့တဲ့ ပွဲစဉ်မှာ ပထမဆုံးနိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ အဆင့်အတန်းအမြင့်ဆုံး လိဂ်ပြိုင်ပွဲဖြစ်တဲ့ J-League ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Vissel Kobe အသင်းဟာ (၂၁)ပွဲကစား ရမှတ် (၃၂)မှတ် ရရှိကာ အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

REF:Marca
Photo:Sports News, Malay Mail
Aung Kyaw Wai(Akhayar)
www.akhayar.com