[Zawgyi]

ကေလးေတြ ညစ္ညမ္းကားၾကည့္လို႔ Wi-Fi ျဖဳတ္ခိုင္းလိုက္ရတဲ့ အင္ဒိုနီးရွားရြာတစ္ရြာ

အင္ဒိုနီးရွားႏိုင္ငံရဲ႕ ေရွး႐ိုးစြဲေဒသတစ္ခုမွာ ရွိတဲ့ ရြာတစ္ရြာမွာ ကေလးေတြ ကိုရမ္ သင္ၾကားတဲ့အတန္းတက္ေရာက္ရမယ့္အစား ညစ္ညမ္းဇာတ္ကားၾကည့္ၾကလို႔ အာဏာပိုင္ေတြက အင္တာနက္ Wi-Fi ကို ျဖဳတ္သိမ္းခိုင္းလိုက္ပါတယ္။

Aceh ေဒသမွာရွိတဲ့ Curee Baroh ရြာမွာရွိတဲ့  ေဒသခံေကာ္ဖီဆိုင္ေတြကို သူတို႔ရဲ႕ Wi-Fi Service ကို ပိတ္သိမ္းဖို႔ အမိန္႔ေပးလိုက္ပါတယ္။ Bireun ခ႐ိုင္မွာရွိတဲ့ ဒီရြာမွာ ဘယ္ေလာက္ေတာင္စည္းကမး္တင္းၾကပ္သလဲဆိုရင္ ေယာက်ာ္းတစ္ေယာက္နဲ႔ မိန္းမတစ္ေယာက္ဟာ လက္မထပ္ရေသးခင္မွာ အတူတူညစာစားျခင္း အထိ တားျမစ္ထားပါတယ္။

၅နာရီသံုးစြဲမွ အေမရိကန္ေဒၚလာ ၂၁ ပဲနိေလာက္နဲ႔ ညီမွ်တဲ့ ေဒသသံုးေငြေၾကးနဲ႔ သံုးလို႔ရတဲ့ ဒီ Wi-Fi Service ဟာ ေဒသခံကေလးေတြရဲ႕ အက်င့္စာရိတၱကို ထိခိုက္ေစတယ္လို႔ အာဏာပိုင္ေတြက ဆိုပါတယ္။

“အရင္တုန္းက ကေလးေတြဟာ ညေနပိုင္းဝတ္ျပဳဆုေတာင္းမႈအၿပီးမွာ ကိုရမ္က်မ္းစာကို ရြတ္ဖတ္ေနၾကေပမယ့္ Wi-Fi ရၿပီးတဲ့ေနာက္မွာေတာ့ အဲဒီအစား ေကာ္ဖီဆိုင္ေတြပဲ သြားေနပါေတာ့တယ္” လို႔ ရြာသူႀကီး Helmiadi Mukhtaruddin ကေျပာျပခဲ့ပါတယ္။

“ကေလးေတြဟာ ညစ္ညမး္ဓာတ္ပံုနဲ႔ တျခားဝက္ဘ္ဆိုဒ္ေတြကို ေမႊေႏွာက္ၿပီး ဒါေတြက သူတို႔ရဲ႕ စာရိတၱကို ပ်က္စီးေစတာပါ” လို႔ပါ တဆက္တည္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ရြာသား ၉၀၀ ေက်ာ္ေလာက္ဟာ အမိန္႔ကို နာခံဖို႔ ျငင္းဆန္တဲ့ ေကာ္ဖီဆိုင္ေတြကို ဘယ္လို အျပစ္ေပးရမလဲဆိုတာ အခုထိ မဆံုးျဖတ္ရေသးဘူးလို႔ သိရပါတယ္။

Aceh ေဒသဟာ အင္ဒုိနီးရွားႏုိင္ငံမွာ အစၥလာမ္မစ္ဥပေဒကို အျပည့္အဝက်င့္သုံးတဲ့ တစ္ခုတည္းေသာ ေဒသျဖစ္ၿပီး လိင္တူခ်င္းခ်စ္တာ၊ ေလာင္းကစားအမႈျပဳလုပ္တာနဲ႔ အရက္ေသာက္တာစတ့ဲ လုပ္ရပ္ေတြအတြက္ ႀကိမ္ဒဏ္ေပးတဲ့ျဖစ္ရပ္ေတြ ရွိခဲ့ဖူးပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : https://www.straitstimes.com
[Unicode]

ကလေးတွေ ညစ်ညမ်းကားကြည့်လို့ Wi-Fi ဖြုတ်ခိုင်းလိုက်ရတဲ့ အင်ဒိုနီးရှားရွာတစ်ရွာ

အင်ဒိုနီးရှားနိုင်ငံရဲ့ ရှေးရိုးစွဲဒေသတစ်ခုမှာ ရှိတဲ့ ရွာတစ်ရွာမှာ ကလေးတွေ ကိုရမ် သင်ကြားတဲ့အတန်းတက်ရောက်ရမယ့်အစား ညစ်ညမ်းဇာတ်ကားကြည့်ကြလို့ အာဏာပိုင်တွေက အင်တာနက် Wi-Fi ကို ဖြုတ်သိမ်းခိုင်းလိုက်ပါတယ်။

Aceh ဒေသမှာရှိတဲ့ Curee Baroh ရွာမှာရှိတဲ့  ဒေသခံကော်ဖီဆိုင်တွေကို သူတို့ရဲ့ Wi-Fi Service ကို ပိတ်သိမ်းဖို့ အမိန့်ပေးလိုက်ပါတယ်။ Bireun ခရိုင်မှာရှိတဲ့ ဒီရွာမှာ ဘယ်လောက်တောင်စည်းကမ်းတင်းကြပ်သလဲဆိုရင် ယောကျာ်းတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဟာ လက်မထပ်ရသေးခင်မှာ အတူတူညစာစားခြင်း အထိ တားမြစ်ထားပါတယ်။

၅နာရီသုံးစွဲမှ အမေရိကန်ဒေါ်လာ ၂၁ ပဲနိလောက်နဲ့ ညီမျှတဲ့ ဒေသသုံးငွေကြေးနဲ့ သုံးလို့ရတဲ့ ဒီ Wi-Fi Service ဟာ ဒေသခံကလေးတွေရဲ့ အကျင့်စာရိတ္တကို ထိခိုက်စေတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။

“အရင်တုန်းက ကလေးတွေဟာ ညနေပိုင်းဝတ်ပြုဆုတောင်းမှုအပြီးမှာ ကိုရမ်ကျမ်းစာကို ရွတ်ဖတ်နေကြပေမယ့် Wi-Fi ရပြီးတဲ့နောက်မှာတော့ အဲဒီအစား ကော်ဖီဆိုင်တွေပဲ သွားနေပါတော့တယ်” လို့ ရွာသူကြီး Helmiadi Mukhtaruddin ကပြောပြခဲ့ပါတယ်။

“ကလေးတွေဟာ ညစ်ညမ်းဓာတ်ပုံနဲ့ တခြားဝက်ဘ်ဆိုဒ်တွေကို မွှေနှောက်ပြီး ဒါတွေက သူတို့ရဲ့ စာရိတ္တကို ပျက်စီးစေတာပါ” လို့ပါ တဆက်တည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရွာသား ၉၀၀ ကျော်လောက်ဟာ အမိန့်ကို နာခံဖို့ ငြင်းဆန်တဲ့ ကော်ဖီဆိုင်တွေကို ဘယ်လို အပြစ်ပေးရမလဲဆိုတာ အခုထိ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

Aceh ဒေသဟာ အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ်မစ်ဥပဒေကို အပြည့်အဝကျင့်သုံးတဲ့ တစ်ခုတည်းသော ဒေသဖြစ်ပြီး လိင်တူချင်းချစ်တာ၊ လောင်းကစားအမှုပြုလုပ်တာနဲ့ အရက်သောက်တာစတဲ့ လုပ်ရပ်တွေအတွက် ကြိမ်ဒဏ်ပေးတဲ့ဖြစ်ရပ်တွေ ရှိခဲ့ဖူးပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : https://www.straitstimes.com