အိန္ဒိယဟာ အရှေ့တောင်အာရှ မိုဘိုင်းဖုန်းဈေးကွက်ကို ရည်ရွယ်ပြီး ပထမဆုံး Mobile Congress ကို စက်တင်ဘာလမှာ ပြုလုပ်မှာဖြစ်ကြောင်းသိရပါတယ်။

“ဘာစီလိုနာ နဲ့ ရှန်ဟိုင်းမှာ Mobile World Congress တွေရှိပေမဲ့ အရှေ့တောင်အာရှမှာ တစ်ခုမှ မရှိသေးပါဘူး။

အိန္ဒိယဟာ  မိုဘိုင်းလောကမှာ Global Leaders အနေနဲ့ တစ်ဖြည်းဖြည်း ပေါ်ထွက်လာတာကို စက်တင်ဘာမှာကျင်းပမယ့် Indian Mobile Congress မှာထင်ထင်ရှားရှားမြင်တွေ့နိုင်မှာပါ” လို့ COAI ရဲ့ ဒါရိုက်တာဖြစ်တဲ့  Rajan S Mathews က ပြောခဲ့ပါတယ်။ Telecom ဌာန၊ လျှပ်စစ်ဝန်ကြီးဌာန၊ IT ပညာရှင်တွေနဲ့ Cellular Operators Association တို့ဦးစီးပြီးဒီပွဲကို ဖြစ်မြောက်အောင်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

Mobile World Congress (MWC) နှစ်ပတ်လည် ပွဲကို စီစဉ်ဆောင်ရွက်ပေးသော GSM Association သည် စက်တင်ဘာလ ၂၇ ရက်နေ့ Pragati Maidan မှာ ၃ ၇က်ကြာကျင်းပမယ့် ဒီပွဲကို တွဲဖက်လုပ်ဆောင်သွားမည်ဟု သဘောတူထားကြောင်းသိရပါတယ်။

ဒီ Mobile World Congress ကို အိန္ဒိယမိုဘိုင်းအော်ပရေတာတွေအပြင်  Facebook ၊ Huawei ၊ Ericsson နဲ့ Cisco တို့မှလည်း ပူးပေါင်းမည့်အစီအစဉ် ရှိပြီး အခြား အိန္ဒိယ စီးပွားရေး အဖွဲ့အစည်း များကိုလည်း ပြပွဲတွင် ပါဝင်ဖို့ မျှော်လင့် ထားတယ်လို့ သိရပါတယ်။ ဒီ Event မှာ အဓိက ရည်ရွယ်ထားတာကတော့ အသိပညာ ဖလှယ်ခြင်း၊ နည်းပညာ ခင်းကျင်းပြသခြင်း၊ Start Up လုပ်ငန်းတွေနဲ့ အိန္ဒိယမှာ Digital ပိုင်းပိုမိုတိုးတက်လာစေရန် ဖြစ်တယ်လို့သိရပါတယ်။

Jan ( Akhayar)

Ref : indianexpress