This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲက အာဂ်င္တီးနားအသင္း ထြက္ခဲ့ရသျဖင့္ အဆံုးစီရင္ခဲ့တဲ့ အိႏၵိယႏိုင္ငံသား

ျပင္သစ္အသင္းကို ရံႈးနိမ့္ၿပီး အာဂ်င္တီးနားအသင္း ကမၻာ႔ဖလားၿပိဳင္ပြဲက ထြက္ခြာခဲ့ရလို႔ အိႏၵိယႏိုင္ငံသား လူငယ္တစ္ဦး ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္သြားခဲ့ပါတယ္။ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္ခဲ့တဲ့ အိႏၵိယႏိုင္ငံသားဟာ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ မက္ဆီ Messi ကို အရူးအမူးအားေပးတဲ့ ပရိသတ္တစ္ဦးျဖစ္ေၾကာင္း သိရပါတယ္။ Monotosh Halder လို႔ အမည္ရတဲ့ အိႏၵိယႏိုင္ငံသားဟာ အေနာက္ဘင္ေဂါလ္အရပ္မွာ ေနထိုင္သူျဖစ္ၿပီး ဘဝတစ္ေလွ်ာက္လံုး မက္ဆီ Messi ကို အရူးအမူး အားေပးခဲ့တာျဖစ္ပါတယ္။ အသက္ (၂၀)အရြယ္သာရွိေသးတဲ့ Monotosh Halder ဟာ ကမၻာ႔ဖလားၿပိဳင္ပြဲကေန အာဂ်င္တီးနားအသင္း ထြက္ခြာခဲ့ရၿပီးေနာက္ ဝမ္းနည္းပက္လက္ျဖစ္ကာ ညစာသံုးေဆာင္ျခင္းမရွိဘဲ အိပ္ရာဝင္သြားခဲ့ပါတယ္။ မနက္မိုးလင္းတဲ့ အခ်ိန္မွာ Monotosh Halder ရဲ႕ အိပ္ခန္းအတြင္းက တံုျပန္မႈ တစ္စံုတစ္ရာမရွိလို႔ သူ႔ရဲ႕ မိသားစုက ရဲကိုအေၾကာင္းၾကားခဲ့ၿပီး အခန္းကို ဖ်က္ၾကည့္မွ ေရခ်ိဳးခန္းအတြင္း အသက္မဲ့ေနတဲ့ ရုပ္အေလာင္းကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။

Fellow-Messi-fanatic-Dinu-Alex-was-found-dead-last-month-after-Argentinas-loss-to-Croatia

Fellow-Messi-fanatic-Dinu-Alex-was-found-dead-last-month-after-Argentinas-loss-to-Croatia

Monotosh Halder ရဲ႕ အေဖျဖစ္သူက “ကၽြန္ေတာ့္သားဟာ က်န္းမာေရး ခ်ဴခ်ာတာလည္းမရွိပါဘူး၊ ကမၻာ႔ဖလားၿပိဳင္ပြဲစတင္ကတည္းက အာဂ်င္တီးနားအသင္းရဲ႕ ပြဲစဥ္ေတြကို တီဗီက မခြာတမ္း ေစာင့္ၾကည့္ခဲ့ၿပီး စြဲလမ္းစြာ အားေပးခဲ့တာပါ၊ အာဂ်င္တီးနားအသင္းရဲ႕ ရံႈးပြဲေၾကာင့္ သူဒီေလာက္ထိ ခံစားၿပီး အခုလုိလုပ္သြားလိမ့္မယ္လို႔ မထင္ခဲ့ပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပုိင္းတုန္းကလည္း အာဂ်င္တီးနားအသင္း အားေပးသူ အိႏၵိယႏိုင္ငံသားတစ္ဦး ခရိုေအးရွားအသင္းကို ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီး နာရီပိုင္းအၾကာမွာပဲ Meenachil လို႔အမည္ရတဲ့ ျမစ္အတြင္း ခုန္ခ်ကာ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္ခဲ့ေၾကာင္းသိရပါတယ္။ ရက္အနည္းအငယ္အၾကာမွ ျမစ္အတြင္း ခုန္ခ်ကာ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္ခဲ့တဲ့ Dinu Alex ရဲ႕ ရုပ္အေလာင္းကို ျမစ္အတြင္းက ျပန္လည္ေတြ႔ရွိိခဲ့ပါတယ္။ အိႏၵိယႏိုင္ငံဟာ ႏွစ္တိုင္းလိုလို ေဘာလံုးအားကစားေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ အဆံုးစီရင္မႈေတြ ရွိေနတဲ့ ႏိုင္ငံတစ္ႏုိင္ငံပဲျဖစ္ပါတယ္။

REF:The Sun
Photo:The Sun, Evening Standard
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲက အာဂျင်တီးနားအသင်း ထွက်ခဲ့ရသဖြင့် အဆုံးစီရင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသား

ပြင်သစ်အသင်းကို ရှုံးနိမ့်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲက ထွက်ခွာခဲ့ရလို့ အိန္ဒိယနိုင်ငံသား လူငယ်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ အိန္ဒိယနိုင်ငံသားဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီ Messi ကို အရူးအမူးအားပေးတဲ့ ပရိသတ်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။ Monotosh Halder လို့ အမည်ရတဲ့ အိန္ဒိယနိုင်ငံသားဟာ အနောက်ဘင်ဂေါလ်အရပ်မှာ နေထိုင်သူဖြစ်ပြီး ဘဝတစ်လျှောက်လုံး မက်ဆီ Messi ကို အရူးအမူး အားပေးခဲ့တာဖြစ်ပါတယ်။ အသက် (၂၀)အရွယ်သာရှိသေးတဲ့ Monotosh Halder ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ အာဂျင်တီးနားအသင်း ထွက်ခွာခဲ့ရပြီးနောက် ဝမ်းနည်းပက်လက်ဖြစ်ကာ ညစာသုံးဆောင်ခြင်းမရှိဘဲ အိပ်ရာဝင်သွားခဲ့ပါတယ်။ မနက်မိုးလင်းတဲ့ အချိန်မှာ Monotosh Halder ရဲ့ အိပ်ခန်းအတွင်းက တုံပြန်မှု တစ်စုံတစ်ရာမရှိလို့ သူ့ရဲ့ မိသားစုက ရဲကိုအကြောင်းကြားခဲ့ပြီး အခန်းကို ဖျက်ကြည့်မှ ရေချိုးခန်းအတွင်း အသက်မဲ့နေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

Fellow-Messi-fanatic-Dinu-Alex-was-found-dead-last-month-after-Argentinas-loss-to-Croatia

Fellow-Messi-fanatic-Dinu-Alex-was-found-dead-last-month-after-Argentinas-loss-to-Croatia

Monotosh Halder ရဲ့ အဖေဖြစ်သူက “ကျွန်တော့်သားဟာ ကျန်းမာရေး ချူချာတာလည်းမရှိပါဘူး၊ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ကတည်းက အာဂျင်တီးနားအသင်းရဲ့ ပွဲစဉ်တွေကို တီဗီက မခွာတမ်း စောင့်ကြည့်ခဲ့ပြီး စွဲလမ်းစွာ အားပေးခဲ့တာပါ၊ အာဂျင်တီးနားအသင်းရဲ့ ရှုံးပွဲကြောင့် သူဒီလောက်ထိ ခံစားပြီး အခုလိုလုပ်သွားလိမ့်မယ်လို့ မထင်ခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း အာဂျင်တီးနားအသင်း အားပေးသူ အိန္ဒိယနိုင်ငံသားတစ်ဦး ခရိုအေးရှားအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး နာရီပိုင်းအကြာမှာပဲ Meenachil လို့အမည်ရတဲ့ မြစ်အတွင်း ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်းသိရပါတယ်။ ရက်အနည်းအငယ်အကြာမှ မြစ်အတွင်း ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တဲ့ Dinu Alex ရဲ့ ရုပ်အလောင်းကို မြစ်အတွင်းက ပြန်လည်တွေ့ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်တိုင်းလိုလို ဘောလုံးအားကစားကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။

REF:The Sun
Photo:The Sun, Evening Standard
Aung Kyaw Wai (Akhayar)
www.akhayar.com