အိန္ဒိယမှာ iPhone ထုတ်ရင် အကုန်ကျ ပိုသက်သာမယ်လို့ Apple ပြောခဲ့တဲ့အတိုင်း India အလုံးတွေကို သြဂုတ်လအတွင်း ရောင်းချသွားတော့မှာပါ။
အတည် မပြုရသေးတဲ့ သတင်းတွေအရ iPhone XR နဲ့ XS တွေကို မြင်ရနိုင်တယ်လို့ Reuters အဆိုရ သိရပါတယ်။

ဒါပေမယ့် တရားဝင် ကြေညာချက်မျိုး မဟုတ်တဲ့အတွက် အိန္ဒိယအလုံးတွေကို ဘယ်လိုဈေးနဲ့ ရောင်းချသွားမလဲ ပြောဖို့ မလွယ်သေးပါဘူး။ နောက်ပြီး ဘယ်နိုင်ငံတွေမှာ ဝယ်လို့ရမလဲဆိုတာကိုလည်း ပြောဖို့ မဖြစ်နိုင်သေးပါဘူး။

Photo: Arstechnica

အခုချိန်ထိတော့ iPhone SE6S နဲ့ iPhone 7 တွေကို သက်သာတဲ့ ဈေးနဲ့ရောင်းချနေပြီး အိန္ဒိယတစ်နိုင်ငံထဲ ဝယ်လို့ရတဲ့ အနေထားပဲ ရှိပါတယ်။

အိန္ဒိယမှာပဲ ဝယ်လို့ရတယ်

မေလတုန်းကဆိုရင် ဒေါ်လာ ၃၈၂ တန် iPhone 6S ကို Incredible လို့ ကြော်ငြာ ကင်ပွန်းတပ်ရောင်းခဲ့တာ ထောက်ကြည့်ရင် Mid-Range Android ဖုန်းတွေလောက် ဈေးရှိတယ်လို့ ပြောရမှာပါ။

Apple အနေနဲ့ အခွန်ခရှောင်ရင် ပိုဈေးသက်သာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ခဲ့ပေမယ့် အိန္ဒိယဈေးကွက်မှာ တရုတ် Budget အလုံးတွေနဲ့ ယှဉ်ဖို့ မလွယ်သေးပါဘူး။

Photo: Arstechnica

နောက်ပြီး High-end ဖုန်းအနေနဲ့ ဝယ်လို့ရတာက iPhone 7 ပါ။ ဒီနယ်တဝန်းမှာတော့ အရည်သွေး အကောင်းဆုံးဖုန်းလို့ ပြောနိုင်ပေမယ့် X စီးရီးတွေလို Flagship Level ထုတ်လာမယ်လို့ ကောလာဟလ လွှင့်နေတာပါ။

ဈေးလျှော့ဖို့က Apple ပေါ်မူတည်နေဆဲ

ကျွမ်းကျင်သူတွေကတော့ ဒေါ်လာ ၁,၀၀၀ ဝန်းကျင်ရှိနေတဲ့ iPhone XS ၊ XR တွေကို ပိုသက်သာတဲ့ ဈေးနဲ့ ထုတ်လာမယ်ဆိုရင် အိန္ဒိယတစ်နိုင်ငံထဲတွက် ဖြစ်လာနိုင်မလား ဒါမှမဟုတ်
September Event ပြီးမှ မော်ဒယ်ဟောင်းတွေ ဈေးဖြုတ်ချပစ်တာမျိုး လုပ်လာမလားဆိုတာကို စိတ်ဝင်တစား ဖြစ်နေကြပါတယ်။

Source: GSMArena
2B (Akhayar)
www.akhayar.com