This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

တိုက္စစ္ေျခစြမ္းျပၿပီး ပနားမားကုိ ဂုိးျပတ္အႏုိင္ယူခဲ့တဲ့ အဂၤလန္

လူငယ္ေတြ အမ်ားစုနဲ႔ စုဖဲြ႕ထားတဲ့ အဂၤလန္အသင္းကေတာ့ တိုက္စစ္အစြမ္းျပၿပီး ပနားမားအသင္းကုိ (၆-၁)ဂုိးနဲ႔ ဂုိးျပတ္အႏုိင္ယူခဲ့တယ္။ ၿပိဳင္ဘက္က ပနားမားလုိအသင္းမ်ိဳးဆုိေပမယ့္ အဂၤလန္အသင္းရဲ႕ေျခစြမ္းက တကယ့္ကုိ အားရစရာေကာင္းခဲ့ၿပီး အရင္ၿပိဳင္ပဲြေတြနဲ႔မတူတဲ့ စုစည္းမႈမ်ိဳး၊ ကစားသမားအခ်င္းခ်င္း နားလည္မႈေတြကုိလည္း ျမင္ေတြ႕ခဲ့ရတယ္။ ဒီပဲြမွာ ဟက္ထရစ္သြင္းခဲ့တဲ့ တိုက္စစ္မွဴး ဟာရီကိန္း Harry Kane ကေတာ့ တစ္ဦးခ်င္းစံခ်ိန္မွတ္တမ္းေကာင္းေတြ ရယူႏုိင္ခဲ့ပါတယ္။

Harry-Kane-Celebration

Harry-Kane-Celebration

၁၉၆၆ ကမၻာ႔ဖလားမွာ ေဂ်ာ႔ဖ္ဟတ္စ္ Geoff Hurst ၊ ၁၉၈၆ ကမၻာ႔ဖလားမွာ လုိင္နီကာ GaryLineker တို႔ေနာက္ပုိင္း ကမၻာ႔ဖလားပဲြတစ္ပဲြတည္းမွာ ဟက္ထရစ္သြင္းခဲ့တ့ဲ ပထမဆုံးကစားသမား၊ (၄၄)ႏွစ္အတြင္း ကစားသမားဘ၀ ပထမဆုံးအႀကိမ္ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၂)ပဲြဆက္ ဂုိးသြင္းခဲ့တဲ့ ကစားသမား၊ ကမၻာ႔ဖလားအုပ္စုအဆင့္မွာ ဟက္ထရစ္သြင္းခဲ့တဲ့ တတိယေျမာက္ အဂၤလန္ကစားသမား စတဲ့ မွတ္တမ္းေကာင္းေတြ ပုိင္ဆုိင္ခဲ့တယ္။

Harry-Kane-Score-From-Penalty

Harry-Kane-Score-From-Penalty

အဂၤလန္အသင္းအတြက္ အဖြင့္ဂုိးကုိ ပဲြအစ(၈)မိနစ္မွာပဲ ထရစ္ပီယာ Trippier ရဲ႕ေပးပုိ႔မႈကေန ဂၽြန္စတုန္းစ္ Jonh Stones က သြင္းယူခဲ့ၿပီး ေစာေစာစီးစီးဂုိးရလုိက္တဲ့အတြက္ အဂၤလန္အသင္း Pressure ေလ်ာ႔နည္းသြားခဲ့ပါတယ္။

John-Stones-Score-For-England

John-Stones-Score-For-England

(၂၂)မိနစ္မွာ ပယ္နယ္တီကေန ဟာရီကိန္းက ဒုတိယဂုိးသြင္းယူခဲ့ၿပီး (၃၆)မိနစ္မွာေတာ့ လင္ဂတ္ Lingard က လွပတဲ့ ေ၀့၀ုိက္ကန္ခ်က္ Curling Shot နဲ႔ တတိယဂုိးေတြ သြင္းယူခဲ့တယ္။ ပနားမားအသင္းရဲ႕ကစားပုံကုိေတာ့ သိပ္ၿပီး အျပစ္ေျပာစရာမရွိပါဘူး။ သူတို႔အတြက္ ပထမဆုံးအႀကိမ္ကမၻာ႔ဖလား ေျခစစ္ပဲြေအာင္ျမင္ခဲ့တာကပဲ ႀကီးမားတဲ့ေအာင္ျမင္မႈတစ္ခုပါပဲ။ မိနစ္(၄၀)မွာ ဂၽြန္စတုန္းစ္ကပဲ အနီးကပ္ေခါင္းတိုက္ၿပီး စတုတၳဂုိး၊ ပထမပုိင္းၿပီးခါနီးမွာ ပယ္နယ္တီကေနပဲ ဟာရီကိန္းက ပဥၥမေျမာက္ဂုိးေတြ သြင္းယူခဲ့ၾကတယ္။

England-Players-Celebration

England-Players-Celebration

အဂၤလန္အသငး္အေနနဲ႔ ကမၻာ႔ဖလားတစ္ပဲြတည္းမွာ (၄)ဂုိးအထိ သြင္းယူခဲ့တာက ၁၉၆၆ ခုႏွစ္ေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ၿပီး အသင္းတစ္သင္း ပထမပုိင္းမွာပဲ (၅)ဂုိးျပတ္ႏုိင္တာက ကမၻာ႔ဖလားၿပိဳင္ပဲြသမုိင္းတစ္ေလွ်ာက္ (၅)ႀကိမ္ေျမာက္ျဖစ္ခဲ့တယ္။အဂၤလန္အသင္းအတြက္ ေနာက္ဆုံးဂုိးကုိ ေလာ့ဖ္တက္ခ်ိခ္ Loftus-Cheek ရဲ႕ ကန္ခ်က္ကုိ ဟာရီကိန္းက လမ္းေၾကာင္းေျပာင္းသြင္းယူခဲ့ၿပီး အခုကမၻာ႔ဖလားၿပိဳင္ပဲြမွာ (၅)ဂုိးနဲ႔ သြင္းဂုိးအမ်ားဆုံးအျဖစ္ ရပ္တည္ႏုိင္ခဲ့တယ္။ ပနားမားအသင္းအတြက္ ႏွစ္သိမ့္ဂုိးကုိေတာ့ (၇၈)မိနစ္မွာ ဘာလိြဳင္း Baloy က သြင္းယူခဲ့တာပါ။

Photo:FIFA World Cup,Twitter
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

တိုက်စစ်ခြေစွမ်းပြပြီး ပနားမားကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ အင်္ဂလန်

လူငယ်တွေ အများစုနဲ့ စုဖွဲ့ထားတဲ့ အင်္ဂလန်အသင်းကတော့ တိုက်စစ်အစွမ်းပြပြီး ပနားမားအသင်းကို (၆-၁)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့တယ်။ ပြိုင်ဘက်က ပနားမားလိုအသင်းမျိုးဆိုပေမယ့် အင်္ဂလန်အသင်းရဲ့ခြေစွမ်းက တကယ့်ကို အားရစရာကောင်းခဲ့ပြီး အရင်ပြိုင်ပွဲတွေနဲ့မတူတဲ့ စုစည်းမှုမျိုး၊ ကစားသမားအချင်းချင်း နားလည်မှုတွေကိုလည်း မြင်တွေ့ခဲ့ရတယ်။ ဒီပွဲမှာ ဟက်ထရစ်သွင်းခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်း Harry Kane ကတော့ တစ်ဦးချင်းစံချိန်မှတ်တမ်းကောင်းတွေ ရယူနိုင်ခဲ့ပါတယ်။

Harry-Kane-Celebration

Harry-Kane-Celebration

၁၉၆၆ ကမ္ဘာ့ဖလားမှာ ဂျော့ဖ်ဟတ်စ် Geoff Hurst ၊ ၁၉၈၆ ကမ္ဘာ့ဖလားမှာ လိုင်နီကာ GaryLineker တို့နောက်ပိုင်း ကမ္ဘာ့ဖလားပွဲတစ်ပွဲတည်းမှာ ဟက်ထရစ်သွင်းခဲ့တဲ့ ပထမဆုံးကစားသမား၊ (၄၄)နှစ်အတွင်း ကစားသမားဘ၀ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၂)ပွဲဆက် ဂိုးသွင်းခဲ့တဲ့ ကစားသမား၊ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ တတိယမြောက် အင်္ဂလန်ကစားသမား စတဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တယ်။

Harry-Kane-Score-From-Penalty

Harry-Kane-Score-From-Penalty

အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကို ပွဲအစ(၈)မိနစ်မှာပဲ ထရစ်ပီယာ Trippier ရဲ့ပေးပို့မှုကနေ ဂျွန်စတုန်းစ် Jonh Stones က သွင်းယူခဲ့ပြီး စောစောစီးစီးဂိုးရလိုက်တဲ့အတွက် အင်္ဂလန်အသင်း Pressure လျော့နည်းသွားခဲ့ပါတယ်။

John-Stones-Score-For-England

John-Stones-Score-For-England

(၂၂)မိနစ်မှာ ပယ်နယ်တီကနေ ဟာရီကိန်းက ဒုတိယဂိုးသွင်းယူခဲ့ပြီး (၃၆)မိနစ်မှာတော့ လင်ဂတ် Lingard က လှပတဲ့ ဝေ့ဝိုက်ကန်ချက် Curling Shot နဲ့ တတိယဂိုးတွေ သွင်းယူခဲ့တယ်။ ပနားမားအသင်းရဲ့ကစားပုံကိုတော့ သိပ်ပြီး အပြစ်ပြောစရာမရှိပါဘူး။ သူတို့အတွက် ပထမဆုံးအကြိမ်ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့တာကပဲ ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ။ မိနစ်(၄၀)မှာ ဂျွန်စတုန်းစ်ကပဲ အနီးကပ်ခေါင်းတိုက်ပြီး စတုတ္ထဂိုး၊ ပထမပိုင်းပြီးခါနီးမှာ ပယ်နယ်တီကနေပဲ ဟာရီကိန်းက ပဉ္စမမြောက်ဂိုးတွေ သွင်းယူခဲ့ကြတယ်။

England-Players-Celebration

England-Players-Celebration

အင်္ဂလန်အသင်းအနေနဲ့ ကမ္ဘာ့ဖလားတစ်ပွဲတည်းမှာ (၄)ဂိုးအထိ သွင်းယူခဲ့တာက ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး အသင်းတစ်သင်း ပထမပိုင်းမှာပဲ (၅)ဂိုးပြတ်နိုင်တာက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် (၅)ကြိမ်မြောက်ဖြစ်ခဲ့တယ်။အင်္ဂလန်အသင်းအတွက် နောက်ဆုံးဂိုးကို လော့ဖ်တက်ချိခ် Loftus-Cheek ရဲ့ ကန်ချက်ကို ဟာရီကိန်းက လမ်းကြောင်းပြောင်းသွင်းယူခဲ့ပြီး အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၅)ဂိုးနဲ့ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့တယ်။ ပနားမားအသင်းအတွက် နှစ်သိမ့်ဂိုးကိုတော့ (၇၈)မိနစ်မှာ ဘာလွိုင်း Baloy က သွင်းယူခဲ့တာပါ။

Photo:FIFA World Cup,Twitter
Naing Linn(Akhayar)
www.akhayar.com