မိုးတြင္းမွာမၾကာခဏမိုးမိလို႔ေနမေကာင္းျဖစ္ၾကတာမ်ိဳးရွိသလို ေအးစိမ္႔တဲ႔ရာသီမို႔ အေအးဒဏ္နဲ႔ရာသီဥတုအေျပာင္းအလဲ ဒဏ္ကိုမခံႏိုင္ဘဲေနမေကာင္းျဖစ္ၾကတာမ်ိဳးလည္းရွိပါတယ္။ မိုးတြင္းအခ်ိန္မွာ ခႏၶာကိုယ္ရဲ႕ခုခံစြမ္းအားျမင္႔မားေနျပီး ေရာဂါဘယေတြခုခံကာကြယ္ႏိုင္ေအာင္ ခ်ဴခ်ာသူေလးေတြမျဖစ္ေအာင္ ဒီအခ်က္ေလးေတြကိုဂရုစိုက္ၾကမယ္ေနာ္။

အသံုးအေဆာင္ပစၥည္းေတြျပင္ဆင္

မိုးရာသီဝင္ေတာ႔မယ္ဆိုကတည္းက ၾကိဳတင္ျပင္ဆင္ရမွာက ထီး ၊ ဖိနပ္ ၊ အိတ္ေတြပါ။ မိုးတြင္းစီးဖိနပ္နဲ႔ ထီးကေတာ႔မျဖစ္မေနဝယ္ၾကပါတယ္။ ျဖစ္ႏိုင္ရင္ေပါ႔ေပါ႔ပါးပါး မိုးကာအက်ၤ ီေလးေတြလည္းေဆာင္ထားသင္႔ပါတယ္။ ဖိနပ္ကိုလည္းမိုးတြင္းစီး ေခ်ာ္မက်ႏိုင္တဲ႔ ေရနဲ႔ေခ်ာ္ေခ်ာ္ထြက္မေနတဲ႔ဖိနပ္မ်ိဳးကို ေရြးပါ။ မိန္းကေလးဆိုရင္ေတာ႔ ဖိနပ္အျမင္႔ေလးေတြစီးတာက ရႊ ႔ံေပ ဗြက္ေပသက္သာပါတယ္။

ဗီတာမင္ စီ

ဒီလိုရာသီမွာ အေရးၾကီးတာက ဗီတာမင္စီပါ။ ဗီတာမင္ စီ ခ်ိဳ႕တဲ႔ရင္ ေရာဂါဘယဝင္လြယ္ျပီး ခဏခဏဖ်ားလိုက္နာလိုက္ေနမေကာင္းလိုက္ျဖစ္ေနပါလိမ္႔မယ္။ ဗီတာမင္ စီ ၾကြယ္ဝတဲ႔ အသီးအႏွံေတြစားေပးသင္႔သလို Vicee လိုမ်ိဳး ေဆးျပားေလးေတြနဲ႔ စီဗက္ကို ေဆာင္ထားသင္႔ပါတယ္။ ကိုယ္ကေနမေကာင္းျဖစ္လြယ္ရင္ တစ္ေန႔တစ္လံုးလိုမ်ိဳးေသာက္သြားေပးႏိုင္ပါတယ္။

မိုးစိုရင္ေရျပန္ခ်ိဴး

မိုးမိလာျပီးရင္ ဒီအတိုင္းေျခာက္ေသြ႔ေအာင္ေနလိုက္တာထက္ အိမ္မွာေရျပန္ခ်ိဳးျပီးမွေႏြးေႏြးေထြးေထြးေနလိုက္တာက အေကာင္းဆံုးပါပဲ။ ေရျပန္ခ်ိဳးလိုက္တာက ကိုယ္မွာကပ္ျငိျပီးပါလာတဲ႔ေရာဂါပိုးမႊားေတြ ၊ မိုးေရစိုလို႔တင္က်န္ေနတဲ႔ ရႊ႕ံေရေတြ အညစ္အေၾကးေတြကို သန္႔စင္ျပီးသားျဖစ္ေစတာမို႔ ေရာဂါဘယေတြကိုတားဆီးေပးပါတယ္။ ေရျပန္ခ်ိဳးတဲ႔အခါေရေႏြးေႏြးေလးနဲ႔ ေရာဂါပိုးမႊားတိုက္ဖ်က္ကာကြယ္ေပးတဲ႔ မိသားစုသံုး Germ Protection ဆပ္ျပာမ်ိဳးကို သံုးေပးတာက အေကာင္းဆံုးပါပဲ။

ပူပူေလးေတြေသာက္

မိုးမိလာရင္္ အေကာင္းဆံုးက ေရေႏြးပူပူ မိုင္လိုပူပူ ႏြားႏို႔ပူပူေလးေတြေသာက္လိုက္တာပါပဲ။ ေရခ်ိဳး ၊ အဝတ္အစားလဲျပီး ပူတဲ႔အရည္တစ္မ်ိဳးမ်ိဳးေသာက္ရင္း ေႏြးေႏြးေထြးေထြးေနေပးရင္ ေတာ္တန္ရံုအေအးမိတာမ်ိဳးကို သက္သာေစပါတယ္။ ခႏၶာကိုယ္အပူခ်ိန္ ရုတ္တရက္ေျပာင္းလဲတာမ်ိဳးေၾကာင္႔ျဖစ္တတ္တဲ႔ ေရာဂါဘယေတြမဝင္ေအာင္လည္းတားဆီးေပးပါတယ္။

သန္႔ရွင္းမႈရွိပါေစ

ဒီရာသီမွာ ကိုယ္ေနထိုင္တဲ႔ေနရာ ပတ္ဝန္းက်င္ကို ပိုျပီးသန္႔သန္႔ရွင္းရွင္းရွိေစဖို႔လိုအပ္ပါတယ္။ အစိုဓာတ္ရွိလို႔ မႈိနဲ႔ဗိုင္းရပ္စ္ေတြပိုမိုမ်ားျပားလာႏိုင္သလို ေရာဂါပိုးေတြကလည္းေနရာတိုင္းမွာ ကပ္ျငိေနႏိုင္ပါတယ္။ ဒါေၾကာင္႔ လက္မၾကာခဏေဆးပါ။ လက္သန္႔ေဆးသံုးပါ။ ကိုယ္ေနထိုင္ရာပတ္ဝန္းက်င္ကို သန္႔ရွင္းေျခာက္ေသြ႔ေအာင္ထားပါ။ ျခင္ေတြယင္ေတြေပါမ်ားတဲ႔အတြက္ ျခင္ႏိုင္ေဆး ယင္ႏိုင္ေဆးဘူးေတြထားရွိဖို႔လည္းလိုပါတယ္။

ေရမ်ားမ်ားေသာက္

ေရေသာက္တာကေတာ႔ အခ်ိန္တိုင္းအတြက္ အက်ိဳးမ်ားေနမွာပါ။ မိုးတြင္းမွာလည္းေရပိုေသာက္ေပးဖို႔လိုအပ္ပါတယ္။ ခႏၶာကိုယ္တြင္းမွာရွိတဲ႔ အဆိပ္အေတာက္ေတြဖယ္ရွားဖို႔နဲ႔ ဇီဝကမၼျဖစ္စဥ္ေတြပံုမွန္အတိုင္းလည္ပတ္ေနေစဖို႔အတြက္ ေရမ်ားမ်ားေသာက္ေပးပါ။

အစားအေသာက္ဂရုစိုက္

မိုးရာသီမွာ အာဟာရျပည္႔တဲ႔ က်န္းမာေရးနဲ႔ညီညြတ္တဲ႔အစားအေသာက္ေတြကို ပိုမိုစားေသာက္ေပးဖို႔လိုပါတယ္။ ယင္နားစာေတြ လမ္းေဘးစာေတြေရွာင္ပါ။ ပန္းသီး ၊ သလဲသီး ၊ ငွက္ေပ်ာသီး ၊ အခ်ဥ္ဓာတ္ပါေသာ အသီးမ်ား ၊ Green Tea ၊ Chamomile Tea ၊ အစိမ္းေရာင္အရြက္ဖားဖားမ်ား ၊ ပဲပင္ေပါက္ ၊ ေျပာင္းဖူးနဲ႔ အေစ႔အဆံေတြကို စားသံုးေပးႏိုင္ပါတယ္။

ကဲ…ဒီလိုေလးေတြဂရုစိုက္ေပးရင္ေတာ႔မိုးတြင္းမွာလည္း အခရာပရိသတ္ၾကီး က်န္းမာေပ်ာ္ရႊင္စြာနဲ႔အလုပ္လုပ္နိုင္မွာပါ။

ဂ်ဳဂ်ဳး(အခရာ)

www.akhayar.com

Unicode

မိုးတွင်းမှာမကြာခဏမိုးမိလို့နေမကောင်းဖြစ်ကြတာမျိုးရှိသလို အေးစိမ့်တဲ့ရာသီမို့ အအေးဒဏ်နဲ့ရာသီဥတုအပြောင်းအလဲ ဒဏ်ကိုမခံနိုင်ဘဲနေမကောင်းဖြစ်ကြတာမျိုးလည်းရှိပါတယ်။ မိုးတွင်းအချိန်မှာ ခန္ဓာကိုယ်ရဲ့ခုခံစွမ်းအားမြင့်မားနေပြီး ရောဂါဘယတွေခုခံကာကွယ်နိုင်အောင် ချူချာသူလေးတွေမဖြစ်အောင် ဒီအချက်လေးတွေကိုဂရုစိုက်ကြမယ်နော်။

အသုံးအဆောင်ပစ္စည်းတွေပြင်ဆင်
မိုးရာသီဝင်တော့မယ်ဆိုကတည်းက ကြိုတင်ပြင်ဆင်ရမှာက ထီး ၊ ဖိနပ် ၊ အိတ်တွေပါ။ မိုးတွင်းစီးဖိနပ်နဲ့ ထီးကတော့မဖြစ်မနေဝယ်ကြပါတယ်။ ဖြစ်နိုင်ရင်ပေါ့ပေါ့ပါးပါး မိုးကာအကျၤ ီလေးတွေလည်းဆောင်ထားသင့်ပါတယ်။ ဖိနပ်ကိုလည်းမိုးတွင်းစီး ချော်မကျနိုင်တဲ့ ရေနဲ့ချော်ချော်ထွက်မနေတဲ့ဖိနပ်မျိုးကို ရွေးပါ။ မိန်းကလေးဆိုရင်တော့ ဖိနပ်အမြင့်လေးတွေစီးတာက ရွှံ့ပေ ဗွက်ပေသက်သာပါတယ်။

ဗီတာမင် စီ
ဒီလိုရာသီမှာ အရေးကြီးတာက ဗီတာမင်စီပါ။ ဗီတာမင် စီ ချို့တဲ့ရင် ရောဂါဘယဝင်လွယ်ပြီး ခဏခဏဖျားလိုက်နာလိုက်နေမကောင်းလိုက်ဖြစ်နေပါလိမ့်မယ်။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေစားပေးသင့်သလို Vicee လိုမျိုး ဆေးပြားလေးတွေနဲ့ စီဗက်ကို ဆောင်ထားသင့်ပါတယ်။ ကိုယ်ကနေမကောင်းဖြစ်လွယ်ရင် တစ်နေ့တစ်လုံးလိုမျိုးသောက်သွားပေးနိုင်ပါတယ်။

မိုးစိုရင်ရေပြန်ချိူး
မိုးမိလာပြီးရင် ဒီအတိုင်းခြောက်သွေ့အောင်နေလိုက်တာထက် အိမ်မှာရေပြန်ချိုးပြီးမှနွေးနွေးထွေးထွေးနေလိုက်တာက အကောင်းဆုံးပါပဲ။ ရေပြန်ချိုးလိုက်တာက ကိုယ်မှာကပ်ငြိပြီးပါလာတဲ့ရောဂါပိုးမွှားတွေ ၊ မိုးရေစိုလို့တင်ကျန်နေတဲ့ ရွှံ့ရေတွေ အညစ်အကြေးတွေကို သန့်စင်ပြီးသားဖြစ်စေတာမို့ ရောဂါဘယတွေကိုတားဆီးပေးပါတယ်။ ရေပြန်ချိုးတဲ့အခါရေနွေးနွေးလေးနဲ့ ရောဂါပိုးမွှားတိုက်ဖျက်ကာကွယ်ပေးတဲ့ မိသားစုသုံး Germ Protection ဆပ်ပြာမျိုးကို သုံးပေးတာက အကောင်းဆုံးပါပဲ။

ပူပူလေးတွေသောက်
မိုးမိလာရင် အကောင်းဆုံးက ရေနွေးပူပူ မိုင်လိုပူပူ နွားနို့ပူပူလေးတွေသောက်လိုက်တာပါပဲ။ ရေချိုး ၊ အဝတ်အစားလဲပြီး ပူတဲ့အရည်တစ်မျိုးမျိုးသောက်ရင်း နွေးနွေးထွေးထွေးနေပေးရင် တော်တန်ရုံအအေးမိတာမျိုးကို သက်သာစေပါတယ်။ ခန္ဓာကိုယ်အပူချိန် ရုတ်တရက်ပြောင်းလဲတာမျိုးကြောင့်ဖြစ်တတ်တဲ့ ရောဂါဘယတွေမဝင်အောင်လည်းတားဆီးပေးပါတယ်။

သန့်ရှင်းမှု
ဒီရာသီမှာ ကိုယ်နေထိုင်တဲ့နေရာ ပတ်ဝန်းကျင်ကို ပိုပြီးသန့်သန့်ရှင်းရှင်းရှိစေဖို့လိုအပ်ပါတယ်။ အစိုဓာတ်ရှိလို့ မှိုနဲ့ဗိုင်းရပ်စ်တွေပိုမိုများပြားလာနိုင်သလို ရောဂါပိုးတွေကလည်းနေရာတိုင်းမှာ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် လက်မကြာခဏဆေးပါ။ လက်သန့်ဆေးသုံးပါ။ ကိုယ်နေထိုင်ရာပတ်ဝန်းကျင်ကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ခြင်တွေယင်တွေပေါများတဲ့အတွက် ခြင်နိုင်ဆေး ယင်နိုင်ဆေးဘူးတွေထားရှိဖို့လည်းလိုပါတယ်။

ရေများများသောက်
ရေသောက်တာကတော့ အချိန်တိုင်းအတွက် အကျိုးများနေမှာပါ။ မိုးတွင်းမှာလည်းရေပိုသောက်ပေးဖို့လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေဖယ်ရှားဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေပုံမှန်အတိုင်းလည်ပတ်နေစေဖို့အတွက် ရေများများသောက်ပေးပါ။

အစားအသောက်ဂရုစိုက်
မိုးရာသီမှာ အာဟာရပြည့်တဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို ပိုမိုစားသောက်ပေးဖို့လိုပါတယ်။ ယင်နားစာတွေ လမ်းဘေးစာတွေရှောင်ပါ။ ပန်းသီး ၊ သလဲသီး ၊ ငှက်ပျောသီး ၊ အချဉ်ဓာတ်ပါသော အသီးများ ၊ Green Tea ၊ Chamomile Tea ၊ အစိမ်းရောင်အရွက်ဖားဖားများ ၊ ပဲပင်ပေါက် ၊ ပြောင်းဖူးနဲ့ အစေ့အဆံတွေကို စားသုံးပေးနိုင်ပါတယ်။ ်
ကဲ…ဒီလိုလေးတွေဂရုစိုက်ပေးရင်တော့မိုးတွင်းမှာလည်း အခရာပရိသတ်ကြီး ကျန်းမာပျော်ရွှင်စွာနဲ့အလုပ်လုပ်နိုင်မှာပါ။
ဂျုဂျုး(အခရာ)