[Zawgyi] 


IGTV




Ref: Instagram

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Instagram ရဲ့နောက်ထပ် App အသစ်ဖြစ်လာတဲ့ IGTV

Social Media တွေပေါ်မှာ Video တွေတင်ကြတာ များလာပါပြီ။ Video တွေက လူတွေအတွက် အများကြီးအကျိုးရှိစေသလို အချက်အလက်အများကြီးကိုလည်း အချိန်တိုအတွင်းမှာ ပြနိုင်တဲ့အတွက် Vlogger တွေ သဘောကျကြပါတယ်။ 

IGTV

အဲ့ဒီလို Video တွေခေတ်စားလာတာကြောင့် Platform အသစ်တစ်ခုလိုအပ်လာပါတယ်။ အဲ့ဒီအတွက် Instagram ရဲ့အဖြေကတော့ IGTV ပါပဲ။ IGTV မှာတော့ ဖုန်းနဲ့ရိုက်ထားတဲ့ Video တွေကို အလွယ်တကူ တင်လို့ရအောင်လုပ်ထားသလို ကြည့်သူတွေအတွက်လည်း ရိုးရှင်းတဲ့ App အပြင်အဆင်ကိုအသုံးပြုပေးထားတာကြောင့် အသုံးပြုရတာ လွယ်ကူပါတယ်။ Video တစ်ခုပြီးတစ်ခု ကိုအဆက်မပြတ်ကြည့်နိုင်တာက IGTV ရဲ့ အဓိက Feature တစ်ခုပါပဲ။ သင် Follow လုပ်ထားသူတွေရဲ့ Video တွေကိုမြင်ရမှာဖြစ်တဲ့အပြင် လက်တလော နာမည်ကြီးတဲ့ Video တွေကိုလည်း အလွယ်တကူ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ 

Clean App User Interface

လက်ရှိမှာတော့ Video တင်နိုင်မယ့် ပမာဏကို ကန့်သတ်ထားပါသေးတယ်။ ၁ နာရီထက်ရှည်တဲ့ Video တွေကိုတော့ Upload တင်ခွင့်မရှိသေးပါဘူး။ ၁ နာရီအထိကြာချိန်ရှိတဲ့ Video တွေကိုလည်း လူတိုင်းတင်ခွင့်မရသေးပါဘူး။ IGTV App ကိုတော့ iOS အတွက် App Store မှာ Download ရယူနိုင်ပြီးတော့ Android မှာတော့ Google Play မှာ Download ရယူနိုင်ပါတယ်။ သင့်ရဲ့ Instagram Account နဲ့ပဲ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ 

Ref: Instagram

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။