[Zawgyi]



Zidane

Zidane


Deschamps

Deschamps


Courtois

Courtois


Modric

Modric


Ko Kyue(Akhayar)
www.akhayar.com

[Unicode]

IFFHS ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆုရှင်တွေ ထွက်ပေါ်လာခဲ့ပြီ

IFFHS ( International Federation of Football History & Statistics) ရဲ့ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆုရှင်တွေ ထွက်ပေါ်လာခဲ့ပြီလို့ သိရပါတယ်။ IFFHS ဟာ နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးဆုတွေကို ရွေးချယ်ပေးနေတာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဆုတွေကိုတော့ ရီးယဲလ်အသင်းကလွှမ်းမိုးနိုင်ခဲ့ပါတယ်။

Zidane

Zidane

၂၀၁၈ ခုနှစ်အတွက် IFFHS ရဲ့ THE WORLD’S BEST CLUB COACH ဆုကိုတော့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်း Zidane က ရရှိခဲ့တာဖြစ်ပါတယ်။ ဇီဒန်းက ဒီဆုကို (၂)နှစ်ဆက်ရရှိခဲ့တာပဲဖြစ်ပါတယ်။

Deschamps

Deschamps

၂၀၁၈ ခုနှစ်အတွက် IFFHS ရဲ့ THE WORLD’S BEST NATIONAL COACH ဆုကိုတော့ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံဆုရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ Deschamps ဒက်စ်ချမ့် ကရရှိခဲ့ပါတယ်။

Courtois

Courtois

၂၀၁၈ ခုနှစ်အတွက် IFFHS ရဲ့ THE WORLD’S BEST GOALKEEPER ဆုကိုတော့ ရီးယဲလ်အသင်းနဲ့ ဘယ်လ်ဂျီယံအသင်းဂိုးသမား ကော်တိုအာ Courtois ကရရှိခဲ့ပါတယ်။

Modric

Modric

၂၀၁၈ ခုနှစ်အတွက် IFFHS ရဲ့ THE WORLD’S BEST PLAYMAKER ဆုကိုတော့ ၂၀၁၈ ခုနှစ်မှာ တစ်ဦးချင်းထူးချွန်ဆုတွေကို သိမ်းကြုံးရယူနေတဲ့ ရီးယဲလ်နဲ့ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် Modric က ရရှိခဲ့ပါတယ်။ မိုဒရစ် ဟာ ဒီဆုကို မက်ဆီ Messi ၊ ဟာဇက် Hazard တို့ကိုကျော်ဖြတ်ပြီး ရရှိခဲ့တာဖြစ်ပါတယ်။

Ref: International Federation of Football History & Statistics
Photo: Daily Post Nigeria , Evening Standard , The Independent 
Ko Kyue(Akhayar)
www.akhayar.com