[Zawgyi]










PENSHOPPE

PENSHOPPE

www.akhayar.com
[Unicode]

‘အကယ်၍ လက်ထပ်ကြတဲ့အခါ’ ထဲက G Fatt လို ဖက်ရှင်ကျကျဝတ်ချင်တယ်ဆိုရင်

G Fatt ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “အကယ်၍ လက်ထပ်ကြတဲ့အခါ” Music Video လေးမှာဆိုရင် G Fatt နဲ့ နန်းဆုရတီစိုးတို့ သရုပ်ဆောင်တာ Romantic ဖြစ်လွန်းလို့ ချစ်တတ်လိုက်တာ ဆိုပြီး အားကျရပါတယ်။ ဒီ Music Video လေးက ပေါက်လွန်းလို့လည်း Facebook မှာ Viewers 1 Million ကျော်သွားတဲ့အထိ GFatt တစ်ယောက်အောင်မြင်ခဲ့ပါတယ်။နှစ်ယောက်ဝတ်ထားတာလေးတွေကလည်း ချစ်စရာလေး။ ကမ်းခြေဆိုရင်လည်း အသားအေးအေး၊ အရောင်လွင့်လွင့်၊ နန်းဆုရဲ့ ဖက်ရှင်လေးတွေက ခေတ်မီချစ်စရာကောင်းသလို G Fatt ရဲ့ ဖက်ရှင်တွေကလည်း သူနဲ့ လိုက်တယ်။ သူတို့ စုံတွဲလိုက် ဘယ်လိုမျိုး ဖက်ရှင်ကျကျဝတ်လဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်။

ဖုန်းခေါ်တဲ့အခန်းက G Fatt ဝတ်ထားတဲ့ “I’m different” ဆိုတဲ့ အမိုက်စား စာတမ်းလေးနဲ့ တီရှပ်ဟာဆိုရင်လည်း ရန်ကုန်မြို့ Junction City ၊ City Mall St. John နဲ့ Parkson Crystal Junction မှာ ရှိတဲ့ PENSHOPPE မှာ ရရှိနိုင်ပါတယ်။

ကမ်းခြေရောက်လို့ နန်းဆုနဲ့ G Fatt သူတို့ သူငယ်ချင်းတွေနဲ့ ဆော့ကစားကြတဲ့အခန်းမှာဆိုရင်လည်း ဟာဝိုင်ယီရှပ်လို့ ခေါ်တဲ့ ရှပ်ဒီဇိုင်းလေးနဲ့ G Fatt က လန်းနေသလို နန်းဆုကလည်း အဖြူရောင်ဝတ်စုံလေးတွေနဲ့ လှနေပါတယ်။

G Fatt ဝတ်တဲ့ ဟာဝိုင်ယီရှပ်ဟာဆိုရင် PENSHOPPE မှာ ရနိုင်ပြီး Zayn တောင် ဝတ်တာဆိုတော့ အားကျမခံ လိုက်ဖြုတ်လို့ ရပါပြီ။

ဖက်ရှင်ကျကျဝတ်မယ်ဆိုရင် အပေါ်ဝတ်တီရှပ်တွေတင်မဟုတ်ဘဲ ကမ်းခြေမှာ မပါမဖြစ် Short Pants လေးတွေလည်း လိုပါတယ်။

ကို G Fatt လို လွင့်လွင့် လွင်လွင်လေးဝတ်ချင်ရင်တော့ PENSHOPPE မှာပဲ ရရှိနိုင်ပါတယ်။

ယောကျာ်းလေးဖက်ရှင်တွေချည်း ကြည့်ပေးနေတော့ မိန်းကလေးတွေက နှုတ်ခမ်းစူနေကြပြီထင်တယ်။ မိန်းကလေးတွေ အတွက်တော့ အဲ့ဒီ Music Video ထဲမှာ နန်းဆု ဝတ်ထားတဲ့ Hoodie လေးကတော့ ကောင်မလေးအတော်များများနဲ့ လိုက်ဖက်ပြီး ခေတ်လူငယ်ကောင်မလေးပုံပေါ်စေမှာပါ။

G Fatt နဲ့ နန်းဆုရဲ့ ‘အကယ်၍ လက်ထပ်ကြတဲ့အခါ’ သီချင်းထဲကလို စုံတွဲလိုက် ဖက်ရှင်ကျကျ ရိုချင်တယ်ဆိုရင်တော့ ရန်ကုန်မြို့မှာ ရှိတဲ့ Junction City ၊ City Mall St. John နဲ့ Parkson Crystal Junction မှာရှိတဲ့ PENSHOPPE မှာ အရည်အသွေးအကောင်းစားနဲ့ လူငယ်ကြိုက် ဒီဇိုင်းအလန်းစားလေးတွေ ရှိတယ်လို့ အခရာက Fashion Advisor တစ်ယောက်အနေနဲ့ လက်တို့လိုက်ပါရစေနော်။

PENSHOPPE

PENSHOPPE

www.akhayar.com