[Zawgyi]

Facebook ကိုလုံလုံခြုံခြုံသုံးနိုင်ဖို့အတွက် အခကြေးငွေပေးရမယ်ဆိုရင်

သိပ်မကြာခင်က ဖြစ်ပွားခဲ့တဲ့ Cambridge က Facebook ရဲ့ User Information တွေကိုရယူခဲ့တယ်ဆိုတဲ့သတင်း၊ Facebook ကလည်း ၄င်းရဲ့အသုံးပြုသူတွေရဲ့ Chat History တွေကိုဝင်ရောက်ဖတ်ရှုတာကိုဝန်ခံလိုက်တယ်ဆိုတဲ့သတင်းတွေကိုထွက်ပေါ်လာခဲ့တာကိုအားလုံးသိရှိကြပြီးဖြစ်မှာပါ။ ဒီလိုသတင်းတွေထွက်လာပြီးတဲ့နောက်မှာတော့ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြားသူဝင်ရောက်ကြည့်ရှုတာကိုမလိုလားတဲ့ Facebook အသုံးပြုသူတွေဟာ CEO မာခ့်ဇူကာဘတ်(Mark Zuckerberg)ကိုမေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ အဲ့တာကတော့ လုံခြုံစိတ်ချရတဲ့ Facebook ကွန်ယက်တစ်ခုကိုအသုံးပြုနိုင်ဖို့အတွက် အခကြေးငွေပေးဖို့လိုအပ်မလားဆိုတာပဲဖြစ်ပါတယ်။

ဒီမေးခွန်းနဲ့ပတ်သက်ပြီး Mark အနေနဲ့သေချာဖြေဆိုခဲ့ခြင်းမရှိတာကိုတွေ့ရှိခဲ့ရပြီး သိပ်မကြာခင်ကပဲBuzzfeed News ကတွက်ချက်ထားတဲ့ အဖြေတစ်ခုထွက်လာပါတယ်။ တွက်ချက်မှုအရ Facebook ဟာ အခကြေးငွေစနစ်နဲ့အသုံးပြုရမယ့် အစီအစဉ်ကိုထည့်သွင်းခဲ့မယ်ဆိုရင် ကျသင့်မယ့်တန်ဖိုးကတော့ တစ်လကို $11 ဖြစ်ပါတယ်။။( မြန်မာငွေနဲ့ဆိုရင်တော့ ၁သောင်းခွဲဝန်းကျင်ပါ) လပေးစနစ်နဲ့အသုံးပြုမယ်ဆိုရင်တော့ သင့်ရဲ့ Facebook မှာကြော်ငြာတွေ တက်လာမှာမဟုတ်တော့သလို သင့်ရဲ့ အချက်အလက်တွေကိုလည်းရယူစုဆောင်းခြင်းတွေပြုလုပ်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။

Buzzfeed News ရဲ့တွက်ချက်မှုအရ လစဉ် $11 ကျသင့်မယ့် Facebook Plan

ပုံမှန်အားဖြင့် ယခင်က Facebook အသုံးပြုရာမှာ သူငယ်ချင်းတွေနဲ့အပြန်အလှန်ပြောဆိုခဲ့ကြပြီး ကိုယ်လိုင်းပြန်တက်တဲ့အခါမှာ Notification လေးတွေကြည့်ပြီး ဘယ်သူက ဘာပြောထားလဲဆိုတာ ပြန်ပြန်ကြည့်ရတာ ကြည်နူးစရာပါ။ ဒါပေမယ့် အခုတော့ အဲ့လိုမဟုတ်တော့ပါဘူး။ သူငယ်ချင်းဘာလုပ်ထားလဲ၊ ဘာပြန်ပြောထားလဲ၊ သူဘာတွေတင်ထားလဲဆိုတဲ့ Notification တွေအစား ကြော်ငြာတွေရဲ့ ပရမ်းပတာ ပုံစံတွေကိုသာ စိတ်ပျက်ဖွယ်တွေ့မြင်ရပါတယ်။ ဒီလိုတွေဖြစ်နေတာဟာ Facebook မှာကိုယ့်သူငယ်ချင်းအချင်းချင်းဆက်သွယ်ရတဲ့ဘောင်တွေကိုလျော့ကျလာစေပါတယ်။(Facebook ရဲ့မူလဦးတည်ချက်တွေပါ လွဲချော်လာပါတယ်) ဒီလိုပြဿနာတွေကိုအများဆုံးကြုံတွေ့နေရတာကတော့ ဆယ်ကျော်သက်လူငယ်အများစုပဲဖြစ်ပါတယ်။

ကြော်ငြာတွေကိုဦးစားပေး ဖော်ပြလာတဲ့ Facebook

များသောအားဖြင့် အသက် ၃၀ ဝန်းကျင်နဲ့အထက်တွေမှာတော့ ပုံတင်ဖို့အတွက် Facebook အစား Instagram ကိုပဲအသုံးပြုကြသလို Chatting အတွက်လည်း Messenger ကိုအသုံးမပြုကြတော့ပါဘူး။ နှစ်ဦးတည်း ဒါမှမဟုတ် သီးသန့်အဖွဲ့အစည်းတစ်ခုအတွက် အခြားသော Message App တွေကို သီးသန့်အသုံးပြုလာကြပါတယ်။ (အသက် ၃၀ ဝန်းကျင်လို့ ပြောပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်လာသူအချို့ကလည်း Facebook ကိုစွဲစွဲမြဲမြဲအသုံးပြုလေ့မရှိကြတော့တာတွေ့ရပါတယ် xD)

ဒီတော့ အထက်မှာဖော်ပြခဲ့သလိုမျိုး Facebook သာ အခကြေးငွေပေးစနစ်နဲ့ အသုံးပြုမယ့်အစီအစဉ်ပေါ်လာခဲ့မယ်ဆိုရင် သင့်အနေနဲ့ဆက်သုံးဖို့ဆန္ဒရှိသေးသလား ဘာကြောင့်လဲ? သုံးဖို့မလိုတော့ဘူးလို့ရောထင်လား? ဘာကြောင့်များလဲ ဆွေးနွှေးပေးသွားဖို့ဖိတ်ခေါ်ပါတယ်။

Ref;TheNextWeb

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]