[Zawgyi]

မစၥတာ၀င္းဂါး Wenger ဘုံေပ်ာက္ခ်ိန္လား

ႏွစ္ကာလမ်ားစြာ ကုိယ္ပိုင္ဆိုင္ခဲ့ရာေနရာေလးတစ္ခု ဆံုး႐ႈံးရတဲ့အခါ ဘံုေပ်ာက္ၿပီဆိုၿပီး အရပ္ေျပာေျပာတတ္ၾကပါတယ္။ ပရီးမီးယားလိဂ္ရပ္၀န္းမွာလည္း ဘံုေပ်ာက္ကိန္းဆိုက္သူတစ္ဦးရွိေနတယ္။ အာဆင္နယ္နည္းျပ မစၥတာ၀င္းဂါး Wenger ပါပဲ။ လြန္ခဲ့တဲ့ႏွစ္ေတြမွာ အာဆင္နယ္ပရိသတ္နဲ႔ ၀င္းဂါးအၾကား မေျပလည္မႈေတြဟာ ရင့္မွည့္လာခဲ့၊ အာဆင္နယ္ပရိသတ္ေတြရဲ႕ လက္ထဲမွာ Wenger Out ဆိုတဲ့စာသားပါး ဆႏၵျပဆုိင္းဘုတ္ေတြ၊ အာဆင္နယ္အသင္းအိမ္ကြင္း အီမရိတ္စ္ေကာင္းကင္ယံထက္မွာ ေလယာဥ္တစ္စင္းပ်ံသန္းသြားပါတယ္။ အဲဒီေလယာဥ္ရဲ႕ အၿမီးမွာ Wenger Out ဆိုတဲ့စာသားကို ျမင္ရလိမ့္မယ္။ ဒါေတြဟာ ၂၀၀၀ျပည့္ႏွစ္ေက်ာ္ခုႏွစ္ေတြမွာ အာဆင္နယ္ကို ေရႊေရာင္ကာလေတြ ဖန္ဆင္းေပးခဲ့သူ ၀င္းဂါးအတြက္ရွက္ရြံ႕ဖြယ္ရာေတြပါပဲ။ ဂုဏ္သိကၡာထိုးႏွက္ခ်က္ေတြပါပဲ။ ဒါေပမဲ့ ၀င္းဂါးဟာ အာဆင္နယ္ကိုအခ်စ္ႀကီးခ်စ္ခဲ့တယ္။ တြယ္တာလြန္းအားႀကီးတယ္လို႔ပဲ ဆိုရမလား။ အာဆင္နယ္ကို စြန္႔ခြာလိုျခင္းမရိွ၊ စြန္႔ခြာမယ္လို႔ တစ္ခြန္းမေျပာ၊ ေနာက္ဆံုး အာဆင္နယ္နဲ႔ သက္တမ္းတိုးၿပီး သူ႕အနာဂတ္ကို ေဆးျခယ္တယ္။ ၿပီးခဲ့တဲ့ရာသီမွာ အက္ဖ္ေအဖလားတစ္လံုးရယူေပးၿပီး ပရိသတ္ကို ႏွစ္သိမ့္ခဲ့ပါတယ္။

ဒီရာသီမွာ အာဆင္နယ္ခ်န္ပီယံလိဂ္၀င္ခြင့္မရခဲ့ပါဘူး။ ဒါေပမဲ့ ၀င္းဂါးဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ အိုေဇးလ္ Ozil နဲ႔ ဆန္းခ်က္ဇ္ Sanchez ကို ထိန္းထားႏုိင္တယ္။ လာကာဇက္ Lacazzatte ကို ေခၚယူေပးၿပီးပရိသတ္ကို ေခတၱေက်နပ္ေစခဲ့ျပန္တယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ မန္စီးတီးရဲ႕ တစ္ဖက္သတ္ဦးေဆာင္မႈေၾကာင့္ အာဆင္နယ္အသင္း ခ်န္ပီယံဆုလမ္းေၾကာင္းေပၚကေန ေသြဖယ္ေနတာဟာ အျပစ္ဆိုစရာသိပ္မဟုတ္ပါဘူး။ ဒါေပမဲ့ ခ်န္ပီယံလိဂ္၀င္ခြင့္ရယူေရးဟာ ၀င္းဂါးအတြက္ စိန္ေခၚမႈပါပဲ။ လာမယ့္ရာသီအတြက္ ခ်န္ပီယံလိဂ္၀င္ခြင့္မရယူႏုိင္ဘူးဆိုရင္ ၀င္းဂါးနဲ႔ အာဆင္နယ္ အိုးစားကြဲႏုိင္ပါတယ္။ ပရိသတ္ေတြဟာ လိဂ္ဖလားမွာမန္စီးတီးကို အရွက္တကြဲ႐ႈံးနိမ့္ခဲ့ၿပီးေနာက္ ၀င္းဂါးအေပၚယံုၾကည္စိတ္ဟာ ေဒါသစိတ္ေတြအျဖစ္ အသြင္ေျပာင္းသြားျပန္ပါၿပီ။ ခ်န္ပီယံလိဂ္၀င္ခြင့္သာ လြဲေခ်ာ္ခဲ့မယ္ဆိုရင္ Wenger Out ဆုိတဲ့ေတာင္းဆုိသံေတြဟာ ဆူညံလာဦးပါမယ္။

အာဆင္နယ္ဘုတ္အဖြဲ႕ကေရာ ၀င္းဂါးရဲ႕ ၿခိဳးျခံေခၽြတာေရးေပၚလစီကို သေဘာက်ၿပီး ၀င္းဂါးကိုဆက္ထားဦးမွာလား။ ပရိသတ္မ်က္ႏွာကို မၾကည့္ေတာ့ဘူးလား။ မန္စီးတီးကို ဂိုးျပတ္႐ႈံးခဲ့တဲ့လိဂ္ဖလားဗိုလ္လုပြဲမွာ ႐ႈိက္ႀကီးတငင္ငိုေနတဲ့ ကေလးငယ္ရဲ႕ နာက်င္မႈမ်ဳိး အာဆင္နယ္ပရိသတ္ေတြရင္ထဲ ဆက္လက္ပ်ံ႕ႏွံ႔ေနတာမ်ဳိး ျမင္ခ်င္ရဲ႕လား။ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ ခပ္ေ၀းေ၀းမွာ ေမွ်ာ္လင့္ခ်က္ကင္းမဲ့ေနရတာမ်ဳိးကို ဘယ္အာဆင္နယ္ပရိသတ္ လက္ခံႏုိင္မွာလဲ။ ခ်န္ပီယံလိဂ္၀င္ခြင့္မရဘူးဆုိရင္ ၀င္းဂါးကို လဲလွယ္သင့္ပါၿပီ။ လတ္တေလာမွာ အာဆင္နယ္ဘုတ္အဖြဲ႕ဟာ ၀င္းဂါးေနရာအစားထိုးဖို႔ ရွာေဖြေနၿပီလို႔ သတင္းေတြထြက္ေနပါတယ္။ မိုနာကိုနည္းျပ ယာဒင္း Jardim ၊ ဂ်ာမနီအသင္းနည္းျပ ဂ်ဳိအာခ်င္လိုး Joachim Low ၊ မန္စီးတီးလက္ေထာက္နည္းျပ အာတီတာ Arteta တို႔ဟာ အာဆင္နယ္နည္းျပသစ္ ေရပန္းစားသူေတြထဲ ပါ၀င္ေနတယ္။ ၿပီးေတာ့ အာဆင္နယ္ဂႏၳ၀င္တုိက္စစ္မွဴး အြန္နရီ Henry ၊ သူက အာဆင္နယ္နည္းျပရာထူးကို စိတ္၀င္စားတယ္လုိ႔ Sky Sports ႐ုပ္သံကေန တရား၀င္ေၾကညာထားတယ္။ ေသခ်ာတာက ခ်န္ပီယံလိဂ္၀င္ခြင့္သာလြဲေခ်ာ္ခဲ့မယ္ဆုိရင္ (၂၂)ႏွစ္ၾကာ က်င္လည္ခဲ့ရာ အာဆင္နယ္အရိပ္ကေန ၀င္းဂါး ထြက္ခြာရေတာ့ပါမယ္။ သံေယာစဥ္မ်ားစြာ စီးဆင္းခဲ့ရာ ေနရာတစ္ခုကို ၀င္းဂါး ႏႈတ္ဆက္ရပါေတာ့မယ္။ ၀င္းဂါးရဲ႕ ဘံုေပ်ာက္ခန္းဟာ မၾကာမီလာမည္ေမွ်ာ္လို႔ ဆုိရမလား။ လက္က်န္ရာသီမွာ ေ၀ဖန္သံေတြကို ဖယ္ရွားၿပီး အာဆင္နယ္နဲ႔အတူ မဆံုးေသာသီခ်င္းကို ၀င္းဂါး သီဆိုႏုိင္ဦးမလား။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မစ္စတာဝင်းဂါး Wenger ဘုံပျောက်ချိန်လား

နှစ်ကာလများစွာ ကိုယ်ပိုင်ဆိုင်ခဲ့ရာနေရာလေးတစ်ခု ဆုံးရှုံးရတဲ့အခါ ဘုံပျောက်ပြီဆိုပြီး အရပ်ပြောပြောတတ်ကြပါတယ်။ ပရီးမီးယားလိဂ်ရပ်ဝန်းမှာလည်း ဘုံပျောက်ကိန်းဆိုက်သူတစ်ဦးရှိနေတယ်။ အာဆင်နယ်နည်းပြ မစ္စတာဝင်းဂါး Wenger ပါပဲ။ လွန်ခဲ့တဲ့နှစ်တွေမှာ အာဆင်နယ်ပရိသတ်နဲ့ ဝင်းဂါးအကြား မပြေလည်မှုတွေဟာ ရင့်မှည့်လာခဲ့၊ အာဆင်နယ်ပရိသတ်တွေရဲ့ လက်ထဲမှာ Wenger Out ဆိုတဲ့စာသားပါး ဆန္ဒပြဆိုင်းဘုတ်တွေ၊ အာဆင်နယ်အသင်းအိမ်ကွင်း အီမရိတ်စ်ကောင်းကင်ယံထက်မှာ လေယာဉ်တစ်စင်းပျံသန်းသွားပါတယ်။ အဲဒီလေယာဉ်ရဲ့ အမြီးမှာ Wenger Out ဆိုတဲ့စာသားကို မြင်ရလိမ့်မယ်။ ဒါတွေဟာ ၂၀၀၀ပြည့်နှစ်ကျော်ခုနှစ်တွေမှာ အာဆင်နယ်ကို ရွှေရောင်ကာလတွေ ဖန်ဆင်းပေးခဲ့သူ ဝင်းဂါးအတွက်ရှက်ရွံ့ဖွယ်ရာတွေပါပဲ။ ဂုဏ်သိက္ခာထိုးနှက်ချက်တွေပါပဲ။ ဒါပေမဲ့ ဝင်းဂါးဟာ အာဆင်နယ်ကိုအချစ်ကြီးချစ်ခဲ့တယ်။ တွယ်တာလွန်းအားကြီးတယ်လို့ပဲ ဆိုရမလား။ အာဆင်နယ်ကို စွန့်ခွာလိုခြင်းမရှိ၊ စွန့်ခွာမယ်လို့ တစ်ခွန်းမပြော၊ နောက်ဆုံး အာဆင်နယ်နဲ့ သက်တမ်းတိုးပြီး သူ့အနာဂတ်ကို ဆေးခြယ်တယ်။ ပြီးခဲ့တဲ့ရာသီမှာ အက်ဖ်အေဖလားတစ်လုံးရယူပေးပြီး ပရိသတ်ကို နှစ်သိမ့်ခဲ့ပါတယ်။

ဒီရာသီမှာ အာဆင်နယ်ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ဝင်းဂါးဟာ နွေရာသီအပြောင်းအရွှေ့မှာ အိုဇေးလ် Ozil နဲ့ ဆန်းချက်ဇ် Sanchez ကို ထိန်းထားနိုင်တယ်။ လာကာဇက် Lacazzatte ကို ခေါ်ယူပေးပြီးပရိသတ်ကို ခေတ္တကျေနပ်စေခဲ့ပြန်တယ်။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးရဲ့ တစ်ဖက်သတ်ဦးဆောင်မှုကြောင့် အာဆင်နယ်အသင်း ချန်ပီယံဆုလမ်းကြောင်းပေါ်ကနေ သွေဖယ်နေတာဟာ အပြစ်ဆိုစရာသိပ်မဟုတ်ပါဘူး။ ဒါပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရယူရေးဟာ ဝင်းဂါးအတွက် စိန်ခေါ်မှုပါပဲ။ လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်မရယူနိုင်ဘူးဆိုရင် ဝင်းဂါးနဲ့ အာဆင်နယ် အိုးစားကွဲနိုင်ပါတယ်။ ပရိသတ်တွေဟာ လိဂ်ဖလားမှာမန်စီးတီးကို အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် ဝင်းဂါးအပေါ်ယုံကြည်စိတ်ဟာ ဒေါသစိတ်တွေအဖြစ် အသွင်ပြောင်းသွားပြန်ပါပြီ။ ချန်ပီယံလိဂ်ဝင်ခွင့်သာ လွဲချော်ခဲ့မယ်ဆိုရင် Wenger Out ဆိုတဲ့တောင်းဆိုသံတွေဟာ ဆူညံလာဦးပါမယ်။

အာဆင်နယ်ဘုတ်အဖွဲ့ကရော ဝင်းဂါးရဲ့ ခြိုးခြံချွေတာရေးပေါ်လစီကို သဘောကျပြီး ဝင်းဂါးကိုဆက်ထားဦးမှာလား။ ပရိသတ်မျက်နှာကို မကြည့်တော့ဘူးလား။ မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့တဲ့လိဂ်ဖလားဗိုလ်လုပွဲမှာ ရှိုက်ကြီးတငင်ငိုနေတဲ့ ကလေးငယ်ရဲ့ နာကျင်မှုမျိုး အာဆင်နယ်ပရိသတ်တွေရင်ထဲ ဆက်လက်ပျံ့နှံ့နေတာမျိုး မြင်ချင်ရဲ့လား။ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ခပ်ဝေးဝေးမှာ မျှော်လင့်ချက်ကင်းမဲ့နေရတာမျိုးကို ဘယ်အာဆင်နယ်ပရိသတ် လက်ခံနိုင်မှာလဲ။ ချန်ပီယံလိဂ်ဝင်ခွင့်မရဘူးဆိုရင် ဝင်းဂါးကို လဲလှယ်သင့်ပါပြီ။ လတ်တလောမှာ အာဆင်နယ်ဘုတ်အဖွဲ့ဟာ ဝင်းဂါးနေရာအစားထိုးဖို့ ရှာဖွေနေပြီလို့ သတင်းတွေထွက်နေပါတယ်။ မိုနာကိုနည်းပြ ယာဒင်း Jardim ၊ ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim Low ၊ မန်စီးတီးလက်ထောက်နည်းပြ အာတီတာ Arteta တို့ဟာ အာဆင်နယ်နည်းပြသစ် ရေပန်းစားသူတွေထဲ ပါဝင်နေတယ်။ ပြီးတော့ အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူး အွန်နရီ Henry ၊ သူက အာဆင်နယ်နည်းပြရာထူးကို စိတ်ဝင်စားတယ်လို့ Sky Sports ရုပ်သံကနေ တရားဝင်ကြေညာထားတယ်။ သေချာတာက ချန်ပီယံလိဂ်ဝင်ခွင့်သာလွဲချော်ခဲ့မယ်ဆိုရင် (၂၂)နှစ်ကြာ ကျင်လည်ခဲ့ရာ အာဆင်နယ်အရိပ်ကနေ ဝင်းဂါး ထွက်ခွာရတော့ပါမယ်။ သံယောစဉ်များစွာ စီးဆင်းခဲ့ရာ နေရာတစ်ခုကို ဝင်းဂါး နှုတ်ဆက်ရပါတော့မယ်။ ဝင်းဂါးရဲ့ ဘုံပျောက်ခန်းဟာ မကြာမီလာမည်မျှော်လို့ ဆိုရမလား။ လက်ကျန်ရာသီမှာ ဝေဖန်သံတွေကို ဖယ်ရှားပြီး အာဆင်နယ်နဲ့အတူ မဆုံးသောသီချင်းကို ဝင်းဂါး သီဆိုနိုင်ဦးမလား။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။