[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Facebook Profile မှာတောင် ဖြိုးမြတ်အောင်ပုံ ကို Frame ထားပြီး အားပေးနေတဲ့ ဘေဘီမောင်

Myanmar Idol Season 3 Grand Final နီးကပ်လာတာနဲ့ အမျှ အားပေးကြတဲ့ သူတွေကလည်း ပိုလို့ပိုလို့ ကို မိမိအားပေးကြတဲ့သူတွေ ကို Winner ဖြစ်စေလိုစိတ်တွေနဲ့ အားပေးမှုတွေ ပြင်းထန်လာတာတွေ့ရပါတယ်။ ဒီထဲမှာ ဘေဘီမောင် ကလည်း ဖြိုးမြတ်အောင် ကို Winner ဖြစ်စေချင်တယ် ဆိုပြီးတော့ အားပေးစကားတွေကို သူမရဲ့လူမှုကွန်ရက် မှာဖော်ပြထားတာတွေ့ရပါတယ်။

ဒါတင်မကသေးဘဲ သူမကဘုရားရှစ်ခိုးနေတဲ့ ပုံနဲ့ပါတွဲတင်ပြီး ဖြိုးမြတ်အောင် အနိုင်ရရှိရန်အတွက် ဆုတောင်နေတဲ့ ပုံစံမျိုးကိုလည်း သူမရဲ့အကောင့်မှာတင်ထားခဲ့တာဖြစ်ပါတယ်။

ဘေဘီမောင်ဟာ အကောင့် Profile ပုံကိုတောင် ဖြိုးမြတ်အောင်ရဲ့ ပုံပါတဲ့ Frame နဲ့ပြောင်းထားပြီး ဖြိုးမြတ်အောင် ကို အားပေးနေတာတွေ့ရတဲ့ အနုပညာရှင်တစ်ဦးလို့တောင်ဆိုရမှာဖြစ်ပါတယ်။

သူမအနေနဲ့ အခုလိုအားပေးရတာဟာလည်း ဘဝတူတွေ အချင်းချင်း မို့ ဖြစ်တယ်လို့ မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာဖြေလေ့ရှိပြီး ပိုက်ဆံတွေအများကြီး ချမ်းသာရင် ဖြိုးမြတ်အောင်ကို အခွေတောင်ထုတ်ပေးချင်ပါတယ်လို့လည်း ပြောဖူးတာကို လူမှုကွန်ရက်ပေါ်မှာတွေ့ရပါတယ်။

Photo Credit: Baby Maung Facebook

ကြည်သာ (Akhayar)

www.akhayar.com