[Zawgyi]

ခံစားခ်က္ေတြကို ရင္ဖြင့္လာတဲ့ Idiots ဝုိင္းရဲ့ အဆုိရွင္ ေရမြန္

Idiots Band ရဲ ့ေဖ်ာ္ေျဖပြဲၿပီးတဲ့ေနာက္မွာေတာ့ ေရမြန္တစ္ေယာက္သူ႕ရဲ႕ခံစားခ်က္ေတြကို ရင္ဖြင့္လာခဲ့ပါျပီ…..။ ေရမြန္က “Idiots Band ေဖ်ာ္ေျဖပြဲၿပီးသြားတဲ့ရလဒ္ကို ေက်နပ္ပါတယ္။ ေတာ္ေတာ္ေပ်ာ္ပါတယ္။ ကၽြန္ေတာ္ အခုထိခံစားလို႔မၿပီးေသးဘူး။ ပုံေတြ ဗီဒီယိုေတြျပန္ၾကည့္ၿပီး ခံစားလို႔ေကာင္းတုန္းပါပဲ။ Idiots Fan အစစ္ေတြလည္း ေတာ္ေတာ္လာတယ္။ ကၽြန္ေတာ္တို႔ေဖ်ာ္ေျဖရတဲ့အေပၚမွာလည္း ေက်နပ္အားရမွဳရိွပါတယ္။ ကိုယ့္ကိုကိုယ္ အဲ့ေလာက္လုပ္ႏိုင္မယ္လို႔လည္းမထင္ထားဘူး။ ပြဲမတိုင္ခင္မွာတုန္းက ရင္ေတြခုန္ၿပီးစိတ္လွဳပ္ရွားရတယ္။ ပြဲလုပ္တဲ့ေန႔မွာ ကၽြန္ေတာ္အေကာင္းဆုံးလုပ္ႏိုင္ခဲ့ပါတယ္။ အားရပါတယ္။ ေက်နပ္ပါတယ္” လို႔ ဆုိပါတယ္။

လတ္တေလာ အႏုပညာလွဳပ္ရွားမွဳေလးေတြနဲ႔ပတ္သက္ျပီးေတာ့လည္း အခုလုိေျပာျပခဲ့ပါေသးတယ္။ “လတ္တေလာအႏုပညာလွဳပ္ရွားမႈေတြကေတာ့ ဒီႏွစ္ထဲမွာ တတိယအေခြ Forever Group နဲ ့ထြက္ဖို႔ရိွတယ္။ မထြက္ရေသးတဲ့ Music Video ေတြရိွမယ္”လို႔ ဆိုပါတယ္။ ပရိသတ္ေတြစိတ္၀င္စားေနတဲ့ အခ်စ္ေရးအေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့လည္း အခုလိုေျပာျပခဲ့ျပန္ပါတယ္။ “အခ်စ္ေရး ကေတာ့ ခုခ်ိန္မွာ Single ပါပဲ။ ကိုယ့္ဘာသာ ေအးေဆးေနခ်င္ပါတယ္။ ကၽြန္ေတာ္က ေတာ္ေတာ္ ဆိုးတယ္။ အသုံးလည္းမက်ပါဘူး။ ကၽြန္ေတာ့္ကို ေတာ္ေတာ္လည္းသည္းခံရမယ္။ ကၽြန္ေတာ္ရဲ႕အမူအက်င့္က မိန္းကေလးေတြေတာ္ေတာ္သည္းခံရမယ့္ အေနအထားမွာရိွေနပါတယ္။ အခုလက္ရိွမွာ တစ္ေယာက္တည္းဆိုေတာ့ ကၽြန္ေတာ္လူပ်ိဳႀကီးျဖစ္ဖို ့မ်ားေနပါတယ္”ဆိုၿပီးဖြင့္ဟခဲ့ပါတယ္။

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ခံစားချက်တွေကို ရင်ဖွင့်လာတဲ့ Idiots ဝိုင်းရဲ့ အဆိုရှင် ရေမွန်

Idiots Band ရဲ့ဖျော်ဖြေပွဲပြီးတဲ့နောက်မှာတော့ ရေမွန်တစ်ယောက်သူ့ရဲ့ခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါပြီ…..။ ရေမွန်က “Idiots Band ဖျော်ဖြေပွဲပြီးသွားတဲ့ရလဒ်ကို ကျေနပ်ပါတယ်။ တော်တော်ပျော်ပါတယ်။ ကျွန်တော် အခုထိခံစားလို့မပြီးသေးဘူး။ ပုံတွေ ဗီဒီယိုတွေပြန်ကြည့်ပြီး ခံစားလို့ကောင်းတုန်းပါပဲ။ Idiots Fan အစစ်တွေလည်း တော်တော်လာတယ်။ ကျွန်တော်တို့ဖျော်ဖြေရတဲ့အပေါ်မှာလည်း ကျေနပ်အားရမှုရှိပါတယ်။ ကိုယ့်ကိုကိုယ် အဲ့လောက်လုပ်နိုင်မယ်လို့လည်းမထင်ထားဘူး။ ပွဲမတိုင်ခင်မှာတုန်းက ရင်တွေခုန်ပြီးစိတ်လှုပ်ရှားရတယ်။ ပွဲလုပ်တဲ့နေ့မှာ ကျွန်တော်အကောင်းဆုံးလုပ်နိုင်ခဲ့ပါတယ်။ အားရပါတယ်။ ကျေနပ်ပါတယ်” လို့ ဆိုပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေနဲ့ပတ်သက်ပြီးတော့လည်း အခုလိုပြောပြခဲ့ပါသေးတယ်။ “လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ ဒီနှစ်ထဲမှာ တတိယအခွေ Forever Group နဲ့ထွက်ဖို့ရှိတယ်။ မထွက်ရသေးတဲ့ Music Video တွေရှိမယ်”လို့ ဆိုပါတယ်။ ပရိသတ်တွေစိတ်ဝင်စားနေတဲ့ အချစ်ရေးအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောပြခဲ့ပြန်ပါတယ်။ “အချစ်ရေး ကတော့ ခုချိန်မှာ Single ပါပဲ။ ကိုယ့်ဘာသာ အေးဆေးနေချင်ပါတယ်။ ကျွန်တော်က တော်တော်ဆိုးတယ်။ အသုံးလည်းမကျပါဘူး။ ကျွန်တော့်ကို တော်တော်လည်းသည်းခံရမယ်။ ကျွန်တော်ရဲ့အမူအကျင့်က မိန်းကလေးတွေတော်တော်သည်းခံရမယ့် အနေအထားမှာရှိနေပါတယ်။ အခုလက်ရှိမှာ တစ်ယောက်တည်းဆိုတော့ ကျွန်တော်လူပျိုကြီးဖြစ်ဖို့များနေပါတယ်”ဆိုပြီးဖွင့်ဟခဲ့ပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။