This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ယူရိုတုန္းကလို မထင္မွတ္တာေတြ လုပ္ျပဖို႔ ရုရွားေျမကို ခ်ီတက္လာတဲ့ အိုက္စလန္အသင္း

အိုက္စလန္အသင္း
ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာ ပထမဆံုးအႀကိမ္ ေျခစစ္ပြဲေအာင္ျမင္ၿပီး မထင္မွတ္တာေတြ လုပ္ျပခဲ့တဲ့ အိုက္စလန္အသင္း ကမၻာ႔ဖလားၿပိဳင္ပြဲမွာလည္း ပထမဆံုးအႀကိမ္ ေျခစစ္ပြဲေအာင္ျမင္လာခဲ့ပါတယ္။ ယူရိုတုန္းက ပါ၀င္ခဲ့တဲ့ ကစားသမားအမ်ားစု အၿပီးသတ္ လူစာရင္းမွာ ပါ၀င္လာခဲ့ၿပီး ကမၻာ႔ဖလားမွာလည္း မထင္မွတ္တာေတြ ထပ္မံလုပ္ျပဖို႔ တာဆူေနၾကပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲကို ၀င္ေရာက္ ယွဥ္ၿပိဳင္တဲ့ လူဦးေရ အနည္းဆံုးနဲ႔ အေသးဆံုး ႏိုင္ငံအျဖစ္ မွတ္တမ္း၀င္မယ့္ အသင္းျဖစ္ပါတယ္။ ၁၉၅၄ ၿပိဳင္ပြဲမွာ ေျခစစ္ပြဲ ၀င္ေရာက္ဖို႔ စာရင္းေပးသြင္းခဲ့ေပမယ့္ ပယ္ဖ်က္ခံခဲ့ရတဲ့ အသင္းျဖစ္ပါတယ္။ အသင္းကို ေဘာလံုးစင္ျမင့္ထက္ တက္လွမ္းႏိုင္ေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ဆြီဒင္လူမ်ိဳးနည္းျပ လာယာဘက္ခ္ အနားယူသြားခဲ့ေပမယ့္ သူနဲ႔အတူ အသင္းကို ပူးတြဲ ကိုင္တြယ္ခဲ့တဲ့ ဟယ္လ္ဂရင္မ္ဆမ္ကလည္း အသင္းကို လမ္းေၾကာင္းမွန္ေပၚမွာ ဆက္လက္ရပ္တည္ေစခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာ ေပၚတူဂီ၊ ၾသစႀတီးယားတို႔လို အသင္းေတြကို ေက်ာ္ျဖတ္ၿပီး ရံႈးထြက္အဆင့္မွာ နာမည္ႀကီး အဂၤလန္အသင္းကိုပါ ထပ္မံ ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အိုက္စလန္အသင္းရဲ႕ ေျခစြမ္းပိုင္းက လက္ရွိအခ်ိန္အထိလည္း ပံုစံမပ်က္ေသးလို႔ စိတ္၀င္စားဖို႔ ေကာင္းေနပါတယ္။

Iceland-Team-Celebrations

Iceland-Team-Celebrations

ကမၻာ႔ဖလားသမိုင္းေၾကာင္း
အိုက္စလန္ရဲ႕ ကမၻာ႔ဖလားသမိုင္းက အခုမွ အစျပဳတဲ့ အသင္းပါ။ သမိုင္းတစ္ေလွ်ာက္ တစ္ႀကိမ္မွ ေျခစစ္ပြဲ မေအာင္ျမင္ခဲ့တဲ့အတြက္ အခုတစ္ႀကိမ္ ေျခစစ္ပြဲ ေအာင္ျမင္မႈကတင္ အိုက္စလန္အတြက္ အျမင့္ဆံုး ေအာင္ျမင္မႈျဖစ္ေနပါၿပီ။

ကမၻာ႔ဖလားေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ခရိုေအးရွား၊ ယူကရိန္းနဲ႔ တူရကီတို႔လို႔ မာေက်ာတဲ့ အသင္းေတြကို အေကာင္းဆံုး ေက်ာ္ျဖတ္ၿပီး အုပ္စုပထမေနရာကို ရယူႏိုင္ခဲ့တာက အိုက္စလန္အတြက္ အထင္ႀကီးေလာက္စရာပါ။ ေျခစစ္ပြဲ အဖြင့္ပြဲစဥ္ေတြမွာ ရုန္းကန္ခဲ့ရေပမယ့္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ေတာက္ေလွ်ာက္ ေျခစြမ္းျပခဲ့ၿပီး တိုက္ရိုက္ေျခစစ္ပြဲေအာင္ျမင္မယ့္ အုပ္စုပထမေနရာကိုပါ ရယူႏိုင္ခဲ့ပါတယ္။ ေျခစစ္ပြဲ (၁၀)ပြဲ ကစားခဲ့ရာမွာ (၇)ပြဲႏိုင္၊ (၁)ပြဲသေရ၊ (၂)ပြဲရံႈးရလဒ္ေတြနဲ႔ ရမွတ္ (၂၂)မွတ္ထိ ရယူကာ အုပ္စုပထမေနရာကို ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲမွာေတာ့ အဲဗာတန္အသင္းရဲ႕ ကြင္းလယ္ ကစားသမား ဆီဂတ္ဒ္ဆန္က ေျခစြမ္းျပခဲ့ၿပီး အသင္းအတြက္ (၄)ဂိုးအထိ သြင္းယူေပးခဲ့ပါတယ္။

Iceland-Key-Player-Gylfi-Sigurdsson

Iceland-Key-Player-Gylfi-Sigurdsson

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
အၿပီးသတ္လူစာရင္းမွာ ဥေရာပအေျခစိုက္ ကစားသမား အမ်ားစုကို ေရြးခ်ယ္ထားခဲ့ၿပီး ေတာင့္တင္းတဲ့ စုဖြဲ႔မႈနဲ႔ ကမၻာ႔ဖလားၿပိဳင္ပြဲကို ယွဥ္ၿပိဳင္မွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာ လက္စြမ္းျပခဲ့တဲ့ ၀ါရင့္ဂိုးသမား ဟယ္လ္ေဒၚဆင္ ဦးစားေပးဂိုးသမားအျဖစ္ ပါ၀င္လာခဲ့ၿပီး ေနာက္တန္းမွာေတာ့ မထင္မရွား ဥေရာပအေျခစိုက္ ကစားသမားေတြ ပါ၀င္လာခဲ့ပါတယ္။ ကြင္းလယ္ပိုင္းမွာေတာ့ အဓိက ကြင္းလယ္လူ ဆီဂတ္ဒ္ဆန္ ဦးေဆာင္မႈနဲ႔အတူ ပံုစံေကာင္းျပေနတဲ့ အသင္းေခါင္းေဆာင္ ဂူနာဆန္၊ ဂူမန္ဆန္၊ ဘီယန္းနာဆန္နဲ႔ ဟယ္လ္ေဒၚဆန္တို႔ ပါ၀င္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာ ပါ၀င္ခဲ့တဲ့ ကစားသမားေတြျဖစ္တဲ့ ဖင္ေဘာ္ဂါဆန္၊ ဘီယြန္းဆီဂတ္ဒ္ဆန္နဲ႔ ေဘာ့တ္ဗာဆန္တို႔အျပင္ PSV အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္တိုက္စစ္ ကစားသမား အဲလ္ဘတ္ဂူမန္ဆန္ကိုပါ ေရြးခ်ယ္ထားပါတယ္။ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမားကေတာ့ ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာ အဓိက ေနရာက ေျခစြမ္းျပခဲ့သလို အသက္အရြယ္ပိုင္းအရလည္း အေကာင္းဆံုးအခ်ိန္ကို ေရာက္ေနတဲ့ ကြင္းလယ္လူ ဆီဂတ္ဒ္ဆန္ပဲ ျဖစ္ပါတယ္။ ယူရိုၿပိဳင္ပြဲနဲ႔ ကမၻာ႔ဖလားေျခစစ္ပြဲေတြမွာ ျပသခဲ့တဲ့ ေျခစြမ္းပိုင္းအရ လာမယ့္ ၿပိဳင္ပြဲမွာလည္း ဘယ္ေလာက္အထိ ေျခစြမ္းျပႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာ ေကာင္းေနတဲ့ ကစားသမား ျဖစ္ပါတယ္။

REF:Wikipedia
Photo:Karolina Fund, IceNews, Guide to Iceland
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ယူရိုတုန်းကလို မထင်မှတ်တာတွေ လုပ်ပြဖို့ ရုရှားမြေကို ချီတက်လာတဲ့ အိုက်စလန်အသင်း

အိုက်စလန်အသင်း
ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ပြီး မထင်မှတ်တာတွေ လုပ်ပြခဲ့တဲ့ အိုက်စလန်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်လာခဲ့ပါတယ်။ ယူရိုတုန်းက ပါဝင်ခဲ့တဲ့ ကစားသမားအများစု အပြီးသတ် လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ကမ္ဘာ့ဖလားမှာလည်း မထင်မှတ်တာတွေ ထပ်မံလုပ်ပြဖို့ တာဆူနေကြပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တဲ့ လူဦးရေ အနည်းဆုံးနဲ့ အသေးဆုံး နိုင်ငံအဖြစ် မှတ်တမ်းဝင်မယ့် အသင်းဖြစ်ပါတယ်။ ၁၉၅၄ ပြိုင်ပွဲမှာ ခြေစစ်ပွဲ ဝင်ရောက်ဖို့ စာရင်းပေးသွင်းခဲ့ပေမယ့် ပယ်ဖျက်ခံခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။ အသင်းကို ဘောလုံးစင်မြင့်ထက် တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ ဆွီဒင်လူမျိုးနည်းပြ လာယာဘက်ခ် အနားယူသွားခဲ့ပေမယ့် သူနဲ့အတူ အသင်းကို ပူးတွဲ ကိုင်တွယ်ခဲ့တဲ့ ဟယ်လ်ဂရင်မ်ဆမ်ကလည်း အသင်းကို လမ်းကြောင်းမှန်ပေါ်မှာ ဆက်လက်ရပ်တည်စေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီ၊ သြစတြီးယားတို့လို အသင်းတွေကို ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်မှာ နာမည်ကြီး အင်္ဂလန်အသင်းကိုပါ ထပ်မံ ကျော်ဖြတ်နိုင်ခဲ့တဲ့ အိုက်စလန်အသင်းရဲ့ ခြေစွမ်းပိုင်းက လက်ရှိအချိန်အထိလည်း ပုံစံမပျက်သေးလို့ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Iceland-Team-Celebrations

Iceland-Team-Celebrations

ကမ္ဘာ့ဖလားသမိုင်းကြောင်း
အိုက်စလန်ရဲ့ ကမ္ဘာ့ဖလားသမိုင်းက အခုမှ အစပြုတဲ့ အသင်းပါ။ သမိုင်းတစ်လျှောက် တစ်ကြိမ်မှ ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့အတွက် အခုတစ်ကြိမ် ခြေစစ်ပွဲ အောင်မြင်မှုကတင် အိုက်စလန်အတွက် အမြင့်ဆုံး အောင်မြင်မှုဖြစ်နေပါပြီ။

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ခရိုအေးရှား၊ ယူကရိန်းနဲ့ တူရကီတို့လို့ မာကျောတဲ့ အသင်းတွေကို အကောင်းဆုံး ကျော်ဖြတ်ပြီး အုပ်စုပထမနေရာကို ရယူနိုင်ခဲ့တာက အိုက်စလန်အတွက် အထင်ကြီးလောက်စရာပါ။ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ တောက်လျှောက် ခြေစွမ်းပြခဲ့ပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မယ့် အုပ်စုပထမနေရာကိုပါ ရယူနိုင်ခဲ့ပါတယ်။ ခြေစစ်ပွဲ (၁၀)ပွဲ ကစားခဲ့ရာမှာ (၇)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ်တွေနဲ့ ရမှတ် (၂၂)မှတ်ထိ ရယူကာ အုပ်စုပထမနေရာကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲမှာတော့ အဲဗာတန်အသင်းရဲ့ ကွင်းလယ် ကစားသမား ဆီဂတ်ဒ်ဆန်က ခြေစွမ်းပြခဲ့ပြီး အသင်းအတွက် (၄)ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။

Iceland-Key-Player-Gylfi-Sigurdsson

Iceland-Key-Player-Gylfi-Sigurdsson

စောင့်ကြည့်ရမယ့် ကစားသမားများ
အပြီးသတ်လူစာရင်းမှာ ဥရောပအခြေစိုက် ကစားသမား အများစုကို ရွေးချယ်ထားခဲ့ပြီး တောင့်တင်းတဲ့ စုဖွဲ့မှုနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဝါရင့်ဂိုးသမား ဟယ်လ်ဒေါ်ဆင် ဦးစားပေးဂိုးသမားအဖြစ် ပါဝင်လာခဲ့ပြီး နောက်တန်းမှာတော့ မထင်မရှား ဥရောပအခြေစိုက် ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ အဓိက ကွင်းလယ်လူ ဆီဂတ်ဒ်ဆန် ဦးဆောင်မှုနဲ့အတူ ပုံစံကောင်းပြနေတဲ့ အသင်းခေါင်းဆောင် ဂူနာဆန်၊ ဂူမန်ဆန်၊ ဘီယန်းနာဆန်နဲ့ ဟယ်လ်ဒေါ်ဆန်တို့ ပါဝင်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေဖြစ်တဲ့ ဖင်ဘော်ဂါဆန်၊ ဘီယွန်းဆီဂတ်ဒ်ဆန်နဲ့ ဘော့တ်ဗာဆန်တို့အပြင် PSV အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ် ကစားသမား အဲလ်ဘတ်ဂူမန်ဆန်ကိုပါ ရွေးချယ်ထားပါတယ်။ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမားကတော့ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ အဓိက နေရာက ခြေစွမ်းပြခဲ့သလို အသက်အရွယ်ပိုင်းအရလည်း အကောင်းဆုံးအချိန်ကို ရောက်နေတဲ့ ကွင်းလယ်လူ ဆီဂတ်ဒ်ဆန်ပဲ ဖြစ်ပါတယ်။ ယူရိုပြိုင်ပွဲနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းအရ လာမယ့် ပြိုင်ပွဲမှာလည်း ဘယ်လောက်အထိ ခြေစွမ်းပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းနေတဲ့ ကစားသမား ဖြစ်ပါတယ်။

REF:Wikipedia
Photo:Karolina Fund, IceNews, Guide to Iceland
Aung Kyaw Wai (Akhayar)
www.akhayar.com