[Zawgyi]



Icardi-Celebrate

Icardi-Celebrate


Dybala

Dybala


Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အာဂျင်တီးနားအသင်းအတွက် ပထမဆုံးသွင်းဂိုးတွေ သွင်းယူခဲ့ကြတဲ့  Icardi နဲ့  Dybala

အာဂျင်တီးနား နာမည်ကျေ် တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ အီကာဒီ Icardi နဲ့ ဒီဘားလား Dybala တို့ဟာ နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းအတွက် ပထမဆုံးသွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ကြပါတယ်။ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာ ခြေစွမ်းပြကစားနေပြီး ဂိုးတွေသွင်းယူနေတဲ့ အီကာဒီ နဲ့ ဒီဘားလား တို့ဟာ အခုမှ နိုင်ငံအသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာကတော့ ထူးခြားမှုတစ်ခုလို့ပဲ ပြောရမှာပါ။

Icardi-Celebrate

Icardi-Celebrate

အာဂျင်တီးနားအသင်းက မက္ကဆီကိုအသင်းကို ( ၂ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ ခြေစမ်းပွဲရဲ့ ပွဲချိန်(၂)မိနစ်မှာ အီကာဒီ ဟာ အသင်းအတွက် ပထမဂိုးကိုသွင်းယူပေးခဲ့ပြီး ပွဲချိန်(၈၇)မိနစ်မှာတော့ အီကာဒီအစား လူစားဝင်လာတဲ့ ဒီဘာလား က အသင်းအတွက် ဒုတိယဂိုးကို သွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။

Dybala

Dybala

အာဂျင်တီးနားအသင်းမှာ အီကာဒီ ဟာ ၂၀၁၃ ခုနှစ်က စတင်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ(၈)ပွဲကစားအပြီးမှာ ပထမဆုံးသွင်းဂိုးကို ရယူခဲ့တာဖြစ်သလို ဒီဘားလား ဟာလည်း ၂၀၁၅ ခုနှစ်ကစတင်ရွေးချယ်ခံခဲ့ရပြီး လက်ရှိအချိန်ထိ(၁၈)ပွဲကစားအပြီးမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ နာမည်ကျော်တိုက်စစ်ကစားသမား နှစ်ဦးဟာ အာဂျင်တီးနားအသင်းမှာ ဂိုးပေါက်တွေ့ခဲ့ကြတာကြောင့် နောက်လာမယ့်ပွဲတွေမှာ ဂိုးတွေ ဆက်တိုက်သွင်းယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Bleacher Report Football
Photo: Sumarium , Argentina Twitter
Ko Kyue(Akhayar)
www.akhayar.com