စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ မန်ယူတိုက်စစ်မှူး လူကာကူ Lukaku ကို ခေါ်ယူလိုနေပြီး ကစားသမားကလည်း မန်ယူအသင်းကနေ ထွက်ခွာချင်နေတာ အားလုံးအသိပါ။ သိပ်မကြာခင် ရက်ပိုင်းကလည်း အင်တာမီလန်အသင်းတိုက်စစ်မှူး အီကာဒီ Icardi ဟာ အသင်းရဲ့ လေ့ကျင့်ရေးစခန်းရှိတဲ့ ဆွစ်ဇာလန်နိုင်ငံ Lugano မြို့ကနေ မီလန်မြို့ကို ကလပ်အသင်းနဲ့ သူ့ရဲ့(၂)ဦး သဘောတူညီမှုနဲ့ ပြန်ခဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ ပါတော့မှာမဟုတ်တာကြောင့် အသင်းကနေထွက်ခွာဖို့များသွားပြီလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် အီကာဒီ ဟာ ” အင်တာမီလန်အသင်းမှာ (၂)နှစ်ဆက်နေမယ်။လစာယူမယ်။ အသင်းမပြောင်းဘူး ” လို့ ပြောခဲ့တာကြောင့် အခြေအနေတွေက ပိုပြီးစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။

အင်တာမီလန်နဲ့ လူကာကူတို့ရဲ့ အပြောင်းအရွှေ့ကတော့ မန်ယူအသင်းအလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးပေါင်(၇၅)သန်းကြောင့်သာ အပြောင်းအရွှေ့ကကြန့်ကြာနေတာလို့ ပြောကြရပါလိမ့်မယ်။ ဒါပေမယ့် အီကာဒီ သာ အသင်းကမထွက်ရင် ဒီအပြောင်းအရွှေ့ကဖြစ်လာဖို့ ရာခိုင်နှုန်းတော့နည်းနေပါတယ်။ အခုဆိုရင်လည်း လူကာကူ ဟာ မန်ယူအသင်းမှာ နေရတာ စိတ်မပါတော့သလိုဖြစ်နေပြီး ဘယ်အချိန်ထွက်ရမလဲဆိုတာကို စောင့်နေရတဲ့ ပုံမျိုးဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ မန်ယူအသင်းရဲ့ စက်ဘီးစီးလေ့ကျင့်ခန်း အစီအစဉ်မှာ လူကာကူ ဟာ ပျင်းရိစွာ စက်ဘီးနင်းနေပြီး တ၀ါးဝါးနဲ့ သန်းနေတဲ့ ဗီဒီယိုထွက်ပေါ်လာလို့ပါပဲ။ မန်ယူအသင်းက Perth Glory ကို (၂ – ၀ )နဲ့ အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲကိုလည်း ဒဏ်ရာအကြောင်းပြချက်နဲ့ လွဲချော်ခဲ့တဲ့ လူကာကူ ဟာ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး သတင်းထောက်ကို ” ရှေ့တစ်ပတ်ကြရင် တစ်ခုခုသိရလိမ့်မယ် ” လို့ ပြောကြားခဲ့တာကြောင့် အီကာဒီ ၊ လူကာကူ နဲ့ အင်တာမီလန်တို့ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းက ဘာတွေဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

လူကာကူ တ၀ါးဝါးနဲ့ သန်းနေတဲ့ ဗီဒီယို ကြည့်ရန်လင်ခ့်

Ref: The Sun
Photo: Lukaku Facebook , Icardi Facebook
Ko Kyue(Akhayar)
www.akhayar.com