[Zawgyi]

(၁၀)ႏွစ္ေလာက္ကတည္း အေမရိကန္ကုိ ေရာက္ခဲ့ရင္ သမၼတေတာင္ျဖစ္ေနၿပီလုိ႔ ၾကြား၀ါခဲ့တဲ့ Ibrahimovic

LA ဂလက္ဆီအသင္းရဲ႕ ဆြီဒင္၀ါရင့္တိုက္စစ္မွဴးႀကီး အီဘရာဟီမုိဗစ္ Ibrahimovic ကေတာ့ စကားႀကီးစကားက်ယ္ ေျပာလုိက္ျပန္ပါၿပီ။ အဲဒါကေတာ့ တကယ္လုိ႔ သူသာ လြန္ခဲ့တဲ့(၁၀)ေလာက္ကတည္းက အေမရိကန္ႏုိင္ငံကုိ ေျခခ်ခဲ့မယ့္ဆုိရင္ အခုအခ်ိန္မွာ သမၼတေလာက္အထိျဖစ္ေနၿပီလုိ႔ ဆုိခဲ့တာပါ။ အီဘရာဟီမုိဗစ္ဟာ အရင္ကတည္းက ေလလုံးထြားခဲ့သူျဖစ္ေပမယ့္ သူေျပာတဲ့စကားအတိုင္း ေအာင္ျမင္မႈေတြရယူႏုိင္ခဲ့လုိ႔ လူအထင္ႀကီး႐ုံသက္သက္ ေျပာဆုိတတ္သူေတာ့ မဟုတ္ပါဘူး။ အရင္တုန္းကဆုိရင္ သူ႔ကုိယ္သူ ျခေသၤ့ ၊ ဘုရားသခင္ (God)တို႔နဲ႔ တင္စားခဲ့ၿပီး သူ႔ရဲ႕ေျပာစကားေတြကလည္း မီဒီယာေတြအတြက္ သည္းေျခႀကိဳက္ျဖစ္ခဲ့ရတယ္။

Ibrahimovic-Interview

Ibrahimovic-Interview

အသက္(၃၆)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အီဘရာဟီမုိဗစ္ဟာ ၿပီးခဲ့တဲ့ရာသီကုန္က မန္ယူနဲ႔လမ္းခဲြခဲ့ၿပီး ေမဂ်ာလိဂ္ကလပ္ LA ဂလက္ဆီအသင္းကုိ ေျပာင္းေရႊ႕ခဲ့သူျဖစ္သလုိ အသင္းအတြက္ (၁၅)ပဲြကစား (၁၂)ဂုိးသြင္းယူထားလုိ႔ အသက္အရြယ္နဲ႔မလုိက္တဲ့ စြမ္းေဆာင္ရည္ျပသေနတယ္လုိ႔လည္းဆုိရမယ္။ မီဒီယာေတြက အေမရိကန္ေဘာလုံးေလာကကုိ ေျပာင္းလဲႏုိင္ခဲ့ၿပီလားလုိ႔ အီဘရာဟီမုိဗစ္ကုိ ေမးျမန္းခဲ့ၿပီး သူက”အဲဒါေတာ့ ကၽြန္ေတာ္မသိဘူး။ ကုိယ္လုပ္စရာရွိတာေတာ့ လုပ္ျပေနတာပဲ။ လြန္ခဲ့တဲ့(၁၀)ႏွစ္ကတညး္က အေမရိကန္ကုိ ကၽြန္ေတာ္ မေရာက္ခဲ့တာ ကံေကာင္းတယ္၊ မဟုတ္ရင္ အခုအခ်ိန္ေလာက္ဆုိ ကၽြန္ေတာ္ အေမရိကန္သမၼတျဖစ္ေနေလာက္ၿပီ”လုိ႔ ေျဖခဲ့တာပါ။

Ibrahimovic-LA-Galaxy

Ibrahimovic-LA-Galaxy

အီဘရာဟီမုိဗစ္ဟာ ၂၀၁၆ ခုႏွစ္တုန္းကလည္း CNN သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ လက္ရွိအေမရိကန္သမၼတ ေဒၚနယ္လ္ထရန္႔ Donald Trump အေပၚ သူ႔ရဲ႕အျမင္ကုိ ေမးျမန္းခဲ့ေတာ့ “ကၽြန္ေတာ္ စိတ္မ၀င္စားဘူး”လုိ႔ ေျဖခဲ့ဖူးပါတယ္။ တကယ္လုိ႔သာ လြန္ခဲ့တဲ့(၁၀)ႏွစ္ကတည္းက အေမရိကန္ကုိ အီဘရာဟီမုိဗစ္ ေရာက္လာခဲ့ရင္ သူ႔ရဲ႕အရွိန္အ၀ါေၾကာင့္ သူေျပာသလုိ အေမရိကန္သမၼတမ်ားျဖစ္ေနမလားပဲ . . .

ကစားသမားဘ၀တစ္ေလွ်ာက္ အီဘရာဟီမုိဗစ္ ရရွိခဲ့တဲ့ ဆုဖလားမ်ား

Ajax
Eredivisie: 2001–02, 2003–04
KNVB Cup: 2001–02
Johan Cruyff Shield: 2002

Inter Milan
Serie A: 2006–07, 2007–08, 2008–09
Supercoppa Italiana: 2006, 2008

Barcelona
La Liga: 2009–10
Supercopa de España: 2009, 2010
UEFA Super Cup: 2009
FIFA Club World Cup: 2009

A.C. Milan
Serie A: 2010–11
Supercoppa Italiana: 2011

Paris Saint-Germain
Ligue 1: 2012–13, 2013–14, 2014–15, 2015–16
Coupe de France: 2014–15, 2015–16
Coupe de la Ligue: 2013–14, 2014–15, 2015–16
Trophée des Champions: 2013, 2014, 2015

Manchester United
EFL Cup: 2016–17
UEFA Europa League: 2016–17[330]
FA Community Shield: 2016

REF:The Sun
Photo:The Sun,Sky Sports,.cdn
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၁၀)နှစ်လောက်ကတည်း အမေရိကန်ကို ရောက်ခဲ့ရင် သမ္မတတောင်ဖြစ်နေပြီလို့ ကြွားဝါခဲ့တဲ့ Ibrahimovic

LA ဂလက်ဆီအသင်းရဲ့ ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် Ibrahimovic ကတော့ စကားကြီးစကားကျယ် ပြောလိုက်ပြန်ပါပြီ။ အဲဒါကတော့ တကယ်လို့ သူသာ လွန်ခဲ့တဲ့(၁၀)လောက်ကတည်းက အမေရိကန်နိုင်ငံကို ခြေချခဲ့မယ့်ဆိုရင် အခုအချိန်မှာ သမ္မတလောက်အထိဖြစ်နေပြီလို့ ဆိုခဲ့တာပါ။ အီဘရာဟီမိုဗစ်ဟာ အရင်ကတည်းက လေလုံးထွားခဲ့သူဖြစ်ပေမယ့် သူပြောတဲ့စကားအတိုင်း အောင်မြင်မှုတွေရယူနိုင်ခဲ့လို့ လူအထင်ကြီးရုံသက်သက် ပြောဆိုတတ်သူတော့ မဟုတ်ပါဘူး။ အရင်တုန်းကဆိုရင် သူ့ကိုယ်သူ ခြင်္သေ့ ၊ ဘုရားသခင် (God)တို့နဲ့ တင်စားခဲ့ပြီး သူ့ရဲ့ပြောစကားတွေကလည်း မီဒီယာတွေအတွက် သည်းခြေကြိုက်ဖြစ်ခဲ့ရတယ်။

Ibrahimovic-Interview

Ibrahimovic-Interview

အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့ရာသီကုန်က မန်ယူနဲ့လမ်းခွဲခဲ့ပြီး မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်သလို အသင်းအတွက် (၁၅)ပွဲကစား (၁၂)ဂိုးသွင်းယူထားလို့ အသက်အရွယ်နဲ့မလိုက်တဲ့ စွမ်းဆောင်ရည်ပြသနေတယ်လို့လည်းဆိုရမယ်။ မီဒီယာတွေက အမေရိကန်ဘောလုံးလောကကို ပြောင်းလဲနိုင်ခဲ့ပြီလားလို့ အီဘရာဟီမိုဗစ်ကို မေးမြန်းခဲ့ပြီး သူက”အဲဒါတော့ ကျွန်တော်မသိဘူး။ ကိုယ်လုပ်စရာရှိတာတော့ လုပ်ပြနေတာပဲ။ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက အမေရိကန်ကို ကျွန်တော် မရောက်ခဲ့တာ ကံကောင်းတယ်၊ မဟုတ်ရင် အခုအချိန်လောက်ဆို ကျွန်တော် အမေရိကန်သမ္မတဖြစ်နေလောက်ပြီ”လို့ ဖြေခဲ့တာပါ။

Ibrahimovic-LA-Galaxy

Ibrahimovic-LA-Galaxy

အီဘရာဟီမိုဗစ်ဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း CNN သတင်းဌာနနဲ့ အင်တာဗျူးမှာ လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့် Donald Trump အပေါ် သူ့ရဲ့အမြင်ကို မေးမြန်းခဲ့တော့ “ကျွန်တော် စိတ်မဝင်စားဘူး”လို့ ဖြေခဲ့ဖူးပါတယ်။ တကယ်လို့သာ လွန်ခဲ့တဲ့(၁၀)နှစ်ကတည်းက အမေရိကန်ကို အီဘရာဟီမိုဗစ် ရောက်လာခဲ့ရင် သူ့ရဲ့အရှိန်အဝါကြောင့် သူပြောသလို အမေရိကန်သမ္မတများဖြစ်နေမလားပဲ . . .

ကစားသမားဘဝတစ်လျှောက် အီဘရာဟီမိုဗစ် ရရှိခဲ့တဲ့ ဆုဖလားများ

Ajax
Eredivisie: 2001–02, 2003–04
KNVB Cup: 2001–02
Johan Cruyff Shield: 2002

Inter Milan
Serie A: 2006–07, 2007–08, 2008–09
Supercoppa Italiana: 2006, 2008

Barcelona
La Liga: 2009–10
Supercopa de España: 2009, 2010
UEFA Super Cup: 2009
FIFA Club World Cup: 2009

A.C. Milan
Serie A: 2010–11
Supercoppa Italiana: 2011

Paris Saint-Germain
Ligue 1: 2012–13, 2013–14, 2014–15, 2015–16
Coupe de France: 2014–15, 2015–16
Coupe de la Ligue: 2013–14, 2014–15, 2015–16
Trophée des Champions: 2013, 2014, 2015

Manchester United
EFL Cup: 2016–17
UEFA Europa League: 2016–17[330]
FA Community Shield: 2016

REF:The Sun
Photo:The Sun,Sky Sports,.cdn
Naing Linn(Akhayar)
www.akhayar.com