[Zawgyi]

Floyd Mayweather ရဲ႕ စံခ်ိန္ကုိ လက္သီးနဲ႔ ခ်ိဳးဖ်က္မယ့္ Tenshin Nasukawa

ဝိတ္တန္းငါးခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ဟာ ၂ဝ၁၈ခုႏွစ္ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ ဂ်ပန္ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ ထုိးသတ္မယ္လုိ႔ ႏုိဝင္ဘာလ (၅) ရက္ေန႔မွာ ျပဳလုပ္တဲ့ Rizin Fighting Federation ရဲ႕ သတင္းစာရွင္းလင္းပြဲမွာ တရားဝင္ေၾကညာခဲ့တာ အားလုံးသိၾကမယ္ထင္ပါတယ္။ Tenshin Nasukawa ဟာ ကစ္ေဘာက္ဆင္ (၂၇) ပြဲ ထုိးသတ္ခဲ့ၿပီး ရာႏႈန္းျပည့္ႏုိင္ပြဲရရွိထားပါတယ္။ ႏုိင္ပြဲ (၂၇) ပြဲမွာ ပြဲ (၂ဝ) က အလဲထုိးနဲ႔ အႏုိင္ရရွိထားသူပါ။

ဒါ့အျပင္ သုိင္းေပါင္းစုံ (၄) ပြဲ ကစားဖူးၿပီး ရာႏႈန္းျပည့္ႏုိင္ပြဲရရွိထားပါေသးတယ္။ အခြင့္အေရးရရွိလာရင္ အားပါျပင္းထန္တဲ့ လက္သီးခ်က္ေတြနဲ႔ အႏုိင္ယူလာတဲ့ Tenshin Nasukawa ဟာ အသက္ (၂ဝ) သာရွိေသးၿပီး (၄၁) ႏွစ္ရွိၿပီျဖစ္တဲ့ ေဘာက္ဆင္ဘုိးေအႀကီး Floyd Mayweather နဲ႔ယွဥ္ရင္ ငယ္ဂုဏ္ရွိတာေတာ့ ေသခ်ာပါတယ္။

ေၾကးစားေဘာက္ဆင္ပြဲ (၅ဝ) မွာ ရာႏႈန္းျပည့္ႏုိင္ပြဲရရွိထားသူျဖစ္တဲ့ Floyd Mayweather ဟာ အေမရိကန္ႏုိင္ငံမွာပဲ ထုိးသတ္ဖူးၿပီး ျပည္ပႏုိင္ငံမွာ ထုိးသတ္ခ်င္ေနတာပါ။ အခုရင္ဆုိင္ရမယ့္ လက္ေဝွ႔ရုံက ဂ်ပန္ႏုိင္ငံရဲ႕ Saitama Super Arena အားကစားရုံႀကီး ျဖစ္တယ္လုိ႔ သိရပါတယ္။

“ျပည္ပႏုိင္ငံတစ္ခုမွာ ကြ်န္ေတာ့္ရဲ႕ ကြ်မ္းက်င္မႈကုိ ထုတ္ျပခ်င္ပါတယ္။ အထူးပြဲအေနနဲ႔ေပါ့။ သူတုိ႔လုိခ်င္တဲ့ ေသြး၊ ေခြ်းနဲ႔ မ်က္ရည္ေတြ ပုိင္ဆုိင္ရမွာေပါ့” လုိ႔ Floyd Mayweather လုိ႔ ဆုိပါတယ္။

“ဘဝရဲ႕ အႀကီးမားဆုံးအခုိက္အတန္႔ပါ။ ကြ်န္ေတာ္ဟာ သမုိင္းကုိ ေျပာင္းလဲႏုိင္မယ့္ လူသားျဖစ္ေတာ့မွာေပါ့။ ကြ်န္ေတာ့္လက္သီးေတြနဲ႔ သက္ေသျပမယ္။ လက္သီးတစ္လုံးတည္းနဲ႔ေပါ့။ ေစာင့္ၾကည့္ၾကပါဦး” လုိ႔ ISE Championship ရဲ႕ ဖယ္သာဝိတ္တန္းကမၻာ့ခ်န္ပီယံျဖစ္တဲ့ Tenshin Nasukawa က ဆုိသြားပါတယ္။ ကဲ . . . . အာရွသားေလး Tenshin Nasukawa အေနနဲ႔ ေဘာက္ဆင္ကေဝႀကီး Floyd Mayweather ကုိ ေနာက္ေကာက္ခ်ႏုိင္ပါ့မလား။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Floyd Mayweather ရဲ့ စံချိန်ကို လက်သီးနဲ့ ချိုးဖျက်မယ့် Tenshin Nasukawa

ဝိတ်တန်းငါးခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ဟာ ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ဂျပန်ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ ထိုးသတ်မယ်လို့ နိုဝင်ဘာလ (၅) ရက်နေ့မှာ ပြုလုပ်တဲ့ Rizin Fighting Federation ရဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားဝင်ကြေညာခဲ့တာ အားလုံးသိကြမယ်ထင်ပါတယ်။ Tenshin Nasukawa ဟာ ကစ်ဘောက်ဆင် (၂၇) ပွဲ ထိုးသတ်ခဲ့ပြီး ရာနှုန်းပြည့်နိုင်ပွဲရရှိထားပါတယ်။ နိုင်ပွဲ (၂၇) ပွဲမှာ ပွဲ (၂ဝ) က အလဲထိုးနဲ့ အနိုင်ရရှိထားသူပါ။

ဒါ့အပြင် သိုင်းပေါင်းစုံ (၄) ပွဲ ကစားဖူးပြီး ရာနှုန်းပြည့်နိုင်ပွဲရရှိထားပါသေးတယ်။ အခွင့်အရေးရရှိလာရင် အားပါပြင်းထန်တဲ့ လက်သီးချက်တွေနဲ့ အနိုင်ယူလာတဲ့ Tenshin Nasukawa ဟာ အသက် (၂ဝ) သာရှိသေးပြီး (၄၁) နှစ်ရှိပြီဖြစ်တဲ့ ဘောက်ဆင်ဘိုးအေကြီး Floyd Mayweather နဲ့ယှဉ်ရင် ငယ်ဂုဏ်ရှိတာတော့ သေချာပါတယ်။

ကြေးစားဘောက်ဆင်ပွဲ (၅ဝ) မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားသူဖြစ်တဲ့ Floyd Mayweather ဟာ အမေရိကန်နိုင်ငံမှာပဲ ထိုးသတ်ဖူးပြီး ပြည်ပနိုင်ငံမှာ ထိုးသတ်ချင်နေတာပါ။ အခုရင်ဆိုင်ရမယ့် လက်ဝှေ့ရုံက ဂျပန်နိုင်ငံရဲ့ Saitama Super Arena အားကစားရုံကြီး ဖြစ်တယ်လို့ သိရပါတယ်။

“ပြည်ပနိုင်ငံတစ်ခုမှာ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုကို ထုတ်ပြချင်ပါတယ်။ အထူးပွဲအနေနဲ့ပေါ့။ သူတို့လိုချင်တဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေ ပိုင်ဆိုင်ရမှာပေါ့” လို့ Floyd Mayweather လို့ ဆိုပါတယ်။

“ဘဝရဲ့ အကြီးမားဆုံးအခိုက်အတန့်ပါ။ ကျွန်တော်ဟာ သမိုင်းကို ပြောင်းလဲနိုင်မယ့် လူသားဖြစ်တော့မှာပေါ့။ ကျွန်တော့်လက်သီးတွေနဲ့ သက်သေပြမယ်။ လက်သီးတစ်လုံးတည်းနဲ့ပေါ့။ စောင့်ကြည့်ကြပါဦး” လို့ ISE Championship ရဲ့ ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံဖြစ်တဲ့ Tenshin Nasukawa က ဆိုသွားပါတယ်။ ကဲ . . . . အာရှသားလေး Tenshin Nasukawa အနေနဲ့ ဘောက်ဆင်ကဝေကြီး Floyd Mayweather ကို နောက်ကောက်ချနိုင်ပါ့မလား။

ကျော်စိုးအောင် (အခရာ)

www.akhayar.com