[Zawgyi]

အိပ္မက္ကို ထုတ္ေဖာ္ေျပာျပခဲ႔တဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo

ပရိသတ္အားေပးမႈမ်ားစြာ ရရိွထားတဲ႔ စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ သူ႔ရဲ႕အိပ္မက္ကို ထုတ္ေဖာ္ေျပာၾကားခဲ႔ပါတယ္။ စီေရာ္နယ္လ္ဒို Cristiano Ronaldo လိုအရာအားလံုး ျပည္႔စံုေနသူတစ္ေယာက္ရဲ႕ အိပ္မက္က ဘာလဲဆိုတာစိတ္၀င္စားစရာပါ။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ အိပ္မက္ကေတာ႔ သူ႔ရဲ႕သား ခရစ္စတီယာႏိုဂ်ဴနီယာ ကို သူ႔ေျခရာနင္းႏိုင္မယ္႔ ေဘာလံုးသမားျဖစ္ေစခ်င္တာပဲျဖစ္ပါတယ္။

Cristiano-Ronaldo-and-Cristiano-Jnr

Cristiano-Ronaldo-and-Cristiano-Jnr

စီေရာ္နယ္လ္ဒို Cristiano Ronaldo ဟာ သူ႔သားကို ေဘာလံုးသမားတစ္ဦးအျဖစ္ ျမင္ေတြ႔ခ်င္တာျဖစ္ျပီး လိုအပ္တာေတြ အကုန္ကူညီသြားမွာျဖစ္ေပမယ္႔ သူ႔သားကိုေတာ႔ ဒီကိစၥနဲ႔ပတ္သက္ျပီး ဖိအားေပးသြားမွာမဟုတ္ဘူး လို႔ေျပာခဲ႔တာပါ။ စီေရာ္နယ္လ္ဒို Cristiano Ronaldo ရဲ႕ (၈)ႏွစ္အရြယ္သားျဖစ္သူ ခရစ္စတီယာႏိုဂ်ဴနီယာ ဟာ ဖခင္ျဖစ္သူ စီေရာ္နယ္လ္ဒို Cristiano Ronaldo နဲ႔ မၾကာခဏတြဲျမင္ရသူျဖစ္ျပီး ပရိသတ္ခ်စ္ခင္မႈကို ရရိွထားသူပါ။

Cristiano-Ronaldo-plays-with-his-son-Cristiano-Jnr

Cristiano-Ronaldo-plays-with-his-son-Cristiano-Jnr

စီေရာ္နယ္လ္ဒို Cristiano Ronaldo က ” ခရစ္စတီယာႏိုဂ်ဴနီယာ က ရံႈးနိမ္႔တာကိုမၾကိဳက္ပဲ ႏိုင္လိုစိတ္ျပင္းထန္သူပါ။ က်ြန္ေတာ္ ငယ္ငယ္တုန္းက ပံုစံအတိုင္းပါပဲ ။ ဒါက ၁၀၀ ရာခိုင္ႏႈန္းေသခ်ာပါတယ္။ သူက ေကာင္းမြန္တဲ႔ ခႏၶာကိုယ္ပိုင္ဆိုင္ထားသလို ျမန္လည္းျမန္ျပီး ေဘာလံုးက်ြမ္းက်င္မႈနဲ႔ ကန္ခ်က္ေတြကလည္း ေကာင္းမြန္ပါတယ္။ ဒါေပမဲ႔ သူကငယ္ပါေသးတယ္ သူ႕ဆံုးျဖတ္ခ်က္ကို သူကိုယ္တိုင္ခ်ရမွာပါ။ က်ြန္ေတာ္က သူ႔ကိုဖိအားေပးသြားမွာ မဟုတ္ပါဘူး။ က်ြန္ေတာ္႔ရဲ႕ အိပ္မက္ကေတာ႔ က်ြန္ေတာ္႔သားကို ေဘာလံုးသမားအျဖစ္ ျမင္ေတြ႕ခ်င္တာပါ ” လို႔ ေျပာၾကားခဲ႔ပါတယ္။

Ref: Daily Mail
Photo: Goal.com , Time , People
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိပ်မက်ကို ထုတ်ဖော်ပြောပြခဲ့တဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo

ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ သူ့ရဲ့အိပ်မက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စီရော်နယ်လ်ဒို Cristiano Ronaldo လိုအရာအားလုံး ပြည့်စုံနေသူတစ်ယောက်ရဲ့ အိပ်မက်က ဘာလဲဆိုတာစိတ်ဝင်စားစရာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ အိပ်မက်ကတော့ သူ့ရဲ့သား ခရစ်စတီယာနိုဂျူနီယာ ကို သူ့ခြေရာနင်းနိုင်မယ့် ဘောလုံးသမားဖြစ်စေချင်တာပဲဖြစ်ပါတယ်။

Cristiano-Ronaldo-and-Cristiano-Jnr

Cristiano-Ronaldo-and-Cristiano-Jnr

စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ သူ့သားကို ဘောလုံးသမားတစ်ဦးအဖြစ် မြင်တွေ့ချင်တာဖြစ်ပြီး လိုအပ်တာတွေ အကုန်ကူညီသွားမှာဖြစ်ပေမယ့် သူ့သားကိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖိအားပေးသွားမှာမဟုတ်ဘူး လို့ပြောခဲ့တာပါ။ စီရော်နယ်လ်ဒို Cristiano Ronaldo ရဲ့ (၈)နှစ်အရွယ်သားဖြစ်သူ ခရစ်စတီယာနိုဂျူနီယာ ဟာ ဖခင်ဖြစ်သူ စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ မကြာခဏတွဲမြင်ရသူဖြစ်ပြီး ပရိသတ်ချစ်ခင်မှုကို ရရှိထားသူပါ။

Cristiano-Ronaldo-plays-with-his-son-Cristiano-Jnr

Cristiano-Ronaldo-plays-with-his-son-Cristiano-Jnr

စီရော်နယ်လ်ဒို Cristiano Ronaldo က ” ခရစ်စတီယာနိုဂျူနီယာ က ရှုံးနိမ့်တာကိုမကြိုက်ပဲ နိုင်လိုစိတ်ပြင်းထန်သူပါ။ ကျွန်တော် ငယ်ငယ်တုန်းက ပုံစံအတိုင်းပါပဲ ။ ဒါက ၁၀၀ ရာခိုင်နှုန်းသေချာပါတယ်။ သူက ကောင်းမွန်တဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ထားသလို မြန်လည်းမြန်ပြီး ဘောလုံးကျွမ်းကျင်မှုနဲ့ ကန်ချက်တွေကလည်း ကောင်းမွန်ပါတယ်။ ဒါပေမဲ့ သူကငယ်ပါသေးတယ် သူ့ဆုံးဖြတ်ချက်ကို သူကိုယ်တိုင်ချရမှာပါ။ ကျွန်တော်က သူ့ကိုဖိအားပေးသွားမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အိပ်မက်ကတော့ ကျွန်တော့်သားကို ဘောလုံးသမားအဖြစ် မြင်တွေ့ချင်တာပါ ” လို့ ပြောကြားခဲ့ပါတယ်။

Ref: Daily Mail
Photo: Goal.com , Time , People
Ko Kyue(Akhayar)
www.akhayar.com