[Zawgyi]

Paul Walker ရဲ႕ လူေတြ တစ္ခါမွမျမင္ဖူးတဲ့ ပံုရိပ္ေလးေတြပါတဲ့ ‘I Am Paul Walker’ Trailer

၂၀၁၃ ခုႏွစ္ ႏုိဝင္ဘာလအတြင္း ကယ္လီဖုိးနီးယားျပည္နယ္၊ Santa Clarita ျမိဳ႕မွာ ကားမေတာ္တဆျဖစ္မႈနဲ႔ ေသဆံုးသြားတဲ့ မင္းသားေခ်ာ Paul Walker ရဲ႕ အမွတ္တရအျဖစ္ ရုိက္ကူးတင္ဆက္ထားတဲ့ ‘I Am Paul Walker’ Documentary ဇာတ္ကားဟာ  ၾသဂုတ္လ ၁၁ ရက္ေန႔မွာ ပြဲဦးထြက္ ျပသေတာ့မွာ ျဖစ္ပါတယ္။

Paul Walker

Paul Walker

ျပီးခဲ့တဲ့ ၾကာသပေတးေန႔က ထြက္ရွိထားတဲ့ ဇာတ္ကားရဲ႕ Trailer မွာေတာ့ Paul Walker ရဲ႕ သူငယ္ခ်င္းေတြ၊ မိသားစုဝင္ေတြနဲ႔ လုပ္ေဖာ္ကိုင္ဘက္ေတြဟာ Paul အေၾကာင္းအမွတ္တရေတြကို ေျပာၾကားထားခဲ့ၾကပါတယ္။

Paul Walker

Paul Walker

ဒီ Trailer မွာ အမွတ္ရစရာအေကာင္းဆံုးကေတာ့ Paul ငယ္ငယ္တုန္းက ပီယာႏိုတီးေနတဲ့ ပံုေတြ၊ စက္ဘီးစီးေနတဲ့ ပံုေလးေတြကို ဝမ္းနည္းေၾကကြဲဖြယ္ ေတြ႔ျမင္ရတာပါပဲ။ Trailer ထဲမွာ သူ႔ညီမ Ashlie ကေတာ့ “သူသြားတာ ျမန္လြန္းတယ္” လို႔ ေၾကေၾကကြဲကြဲေျပာထားပါတယ္။ ၂၀၀၁ ခုႏွစ္က Fast and the Furious ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာ Rob Cohen ကေတာ့ Paul Walker ရဲ႕ “ကၽြန္ေတာ့္သမီးေလးက ကၽြန္ေတာ့္ဘဝ၊ ကၽြန္ေတာ္ဂရုစုိက္သမွ် အရာအားလံုးပါပဲ” လို႔  သူ႔သမီးေလးအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာကို ျပန္လည္ေျပာျပခဲ့ပါတယ္။

ဒါရိုက္တာ Rob Cohen

ဒါရိုက္တာ Rob Cohen

“ဒါေပမယ့္ ရုပ္ရွင္ကေတာ့ အရာရာအားလံုးကုို ပါေအာင္ ရုိက္မျပႏုိင္ခဲ့ပါဘူး” လို႔ Rob Cohen ကမခ်ိတင္ကဲ ထပ္ေျပာခဲ့ပါတယ္။ ဒီလို ခံစားေၾကကြဲရေစတဲ့ ရုပ္ရွင္ရဲ႕ Trailer ေလးကို တစ္ခ်က္ေလာက္ၾကည့္လိုက္ပါဦး။

‘I Am Paul Walker’ ရုပ္ရွင္ကေတာ့ Paul Walker ရဲ႕ အလြမ္းေျပအမွတ္တရအျဖစ္က်န္ေနေတာ့မွာပါ။

Yoe Lu (Akhayar)

www.akhayar.com

Source : etonline.com
[Unicode]

Paul Walker ရဲ့ လူတွေ တစ်ခါမှမမြင်ဖူးတဲ့ ပုံရိပ်လေးတွေပါတဲ့ ‘I Am Paul Walker’ Trailer

၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ Santa Clarita မြို့မှာ ကားမတော်တဆဖြစ်မှုနဲ့ သေဆုံးသွားတဲ့ မင်းသားချော Paul Walker ရဲ့ အမှတ်တရအဖြစ် ရိုက်ကူးတင်ဆက်ထားတဲ့ ‘I Am Paul Walker’ Documentary ဇာတ်ကားဟာ  သြဂုတ်လ ၁၁ ရက်နေ့မှာ ပွဲဦးထွက် ပြသတော့မှာ ဖြစ်ပါတယ်။

Paul Walker

Paul Walker

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထွက်ရှိထားတဲ့ ဇာတ်ကားရဲ့ Trailer မှာတော့ Paul Walker ရဲ့ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ Paul အကြောင်းအမှတ်တရတွေကို ပြောကြားထားခဲ့ကြပါတယ်။

Paul Walker

Paul Walker

ဒီ Trailer မှာ အမှတ်ရစရာအကောင်းဆုံးကတော့ Paul ငယ်ငယ်တုန်းက ပီယာနိုတီးနေတဲ့ ပုံတွေ၊ စက်ဘီးစီးနေတဲ့ ပုံလေးတွေကို ဝမ်းနည်းကြေကွဲဖွယ် တွေ့မြင်ရတာပါပဲ။ Trailer ထဲမှာ သူ့ညီမ Ashlie ကတော့ “သူသွားတာ မြန်လွန်းတယ်” လို့ ကြေကြေကွဲကွဲပြောထားပါတယ်။ ၂၀၀၁ ခုနှစ်က Fast and the Furious ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Rob Cohen ကတော့ Paul Walker ရဲ့ “ကျွန်တော့်သမီးလေးက ကျွန်တော့်ဘဝ၊ ကျွန်တော်ဂရုစိုက်သမျှ အရာအားလုံးပါပဲ” လို့  သူ့သမီးလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ပြန်လည်ပြောပြခဲ့ပါတယ်။

ဒါရိုက်တာ Rob Cohen

ဒါရိုက်တာ Rob Cohen

“ဒါပေမယ့် ရုပ်ရှင်ကတော့ အရာရာအားလုံးကို ပါအောင် ရိုက်မပြနိုင်ခဲ့ပါဘူး” လို့ Rob Cohen ကမချိတင်ကဲ ထပ်ပြောခဲ့ပါတယ်။ ဒီလို ခံစားကြေကွဲရစေတဲ့ ရုပ်ရှင်ရဲ့ Trailer လေးကို တစ်ချက်လောက်ကြည့်လိုက်ပါဦး။

‘I Am Paul Walker’ ရုပ်ရှင်ကတော့ Paul Walker ရဲ့ အလွမ်းပြေအမှတ်တရအဖြစ်ကျန်နေတော့မှာပါ။

Yoe Lu (Akhayar)

www.akhayar.com

Source : etonline.com