[Zawgyi] 
လွ်ပ္စစ္ကားေတြအတြက္ Upgrade တစ္ခုလို႔ေျပာလို႔ရမယ့္ နည္းပညာအေျပာင္းအလဲတစ္ခုကို ကိုရီးယားအေျခစိုက္ ကားကုမၸဏီေတြျဖစ္တဲ့ Hyundai နဲ႔ Kia က သယ္လာေပးေတာ့မွာပါ။ Solar ျပားေတြကေတာ့ ေရွ႕ေျပးစမ္းသပ္တဲ့ Concept ကားေတြမွာပဲ ေတြ႕ရတတ္ေပမယ့္ အခုလို ေစ်းကြက္ထဲတင္ေရာင္းမယ့္ကားေတြအတြက္ေတာ့ ပါမလာခဲ့ပါဘူး။

Solar On Toyota

Hyundai နဲ႔ Kia ကေတာ့ သူတို႔သတ္မွတ္ထားတ့ဲကား တခ်ိဳ႕မွာ Solar ျပားေတြကိုတပ္ဆင္ေပးသြားဖို႔ စီစဥ္ေနတာပါ။ ကနဦးတပ္ဆင္္ေပးသြားမယ့္ Solar ျပားေတြကိုေတာ့ ေခါင္မိုးေတြေပၚမွာပဲ တပ္ဆင္ေပးသြားမွာပါ။ Solar ျပားေတြတပ္ထားတာေၾကာင့္ ကားေတြမွာ Sunroof အတြက္ အဆင္မေျပေတာ့ ျဖစ္သြားေစပါတယ္။

Kia K900 Sunroof

Sunroof အတြက္ေတာ့ ေနာက္ပိုင္းမွာ ပိုအဆင့္ျမင့္တဲ့နည္းပညာသံုးၿပီး ေဖာက္ျမင္ရတဲ့ Solar ျပားေတြကို ကားေခါင္မိုးေတြအတြက္ တပ္ေပးလာမွာျဖစ္တာေၾကာင့္ Sunroof ပါတဲ့ကားေတြအတြက္ အဆင္ေျပသြားမွာပါ။ အဲ့ဒီ Solar ျပားေတြကို ကားေခါင္မိုးေတြေပၚမွာ တပ္ေပးလာတာေၾကာင့္ Battery ေတြကို အားျပန္သြင္းႏိုင္လာမွာပါ။ ေစ်းကြက္ထဲမွာ Battery ကို အမ်ားႀကီး အားျပန္သြင္းဖို႔လိုအပ္တာေတြကေတာ့ လွ်ပ္စစ္ကား (EV) ေတြနဲ႔ စြမ္းအင္ႏွစ္မ်ိဳးသံုးကား (Hybrid) ေတြပါ။ လက္ရွိအခ်ိန္မွာေတာ့ Panasonic ကလည္း ဒီလို Solar နည္းပညာကို ပိုင္ဆိုင္ထားၿပီးသားျဖစ္သလို ဆက္ၿပီး တိုးတက္လာေအာင္ ဖန္တီးေနတုန္းပါပဲ။

Toyota Prius

EV ေတြကေတာ့ Battery ကိုပဲအားထားၿပီး ခရီးေရာက္ေအာင္ ေမာင္းရတာျဖစ္သလို Hybrid ေတြကလည္း Battery ကို အားကိုးၿပီး ဆီအသံုးျပဳမႈနည္းေအာင္နဲ႔ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ထုတ္တာနည္းေအာင္လုပ္ထားရတဲ့အတြက္ Battery ေတြက အေရးပါေနပါတယ္။ အခုလို First Generation Solar ျပားေတြကေတာ့ Hybrid ကားေတြရဲ႕ Battery ေတြကို ရာသီဥတုေကာင္းတဲ့ေန႔မွာ 30% ကေန 60% ဝန္းက်င္အထိ အားျပန္သြင္းေပးႏိုင္မွာပါ။ အခုလို Solar ျပားေတြပါတဲ့ကားေတြကိုေတာ့ လာမယ့္ ၂၀၁၉ ခုႏွစ္ေက်ာ္ရင္ အဆင့္သင့္ျဖစ္လာႏိုင္မယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Toyota Prius Prime လိုကားမ်ိဳးမွာပဲ Solar ျပားေတြသံုးထားတာ ေတြ႕ရပါေသးတယ္။

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

ကားခေါင်မိုးတွေပေါ်မှာ Solar ပြားတွေတပ်ပေးသွားမယ့် Hyundai နဲ့ Kia

လျှပ်စစ်ကားတွေအတွက် Upgrade တစ်ခုလို့ပြောလို့ရမယ့် နည်းပညာအပြောင်းအလဲတစ်ခုကို ကိုရီးယားအခြေစိုက် ကားကုမ္ပဏီတွေဖြစ်တဲ့ Hyundai နဲ့ Kia က သယ်လာပေးတော့မှာပါ။ Solar ပြားတွေကတော့ ရှေ့ပြေးစမ်းသပ်တဲ့ Concept ကားတွေမှာပဲ တွေ့ရတတ်ပေမယ့် အခုလို ဈေးကွက်ထဲတင်ရောင်းမယ့်ကားတွေအတွက်တော့ ပါမလာခဲ့ပါဘူး။

Solar On Toyota

Hyundai နဲ့ Kia ကတော့ သူတို့သတ်မှတ်ထားတဲ့ကား တချို့မှာ Solar ပြားတွေကိုတပ်ဆင်ပေးသွားဖို့ စီစဉ်နေတာပါ။ ကနဦးတပ်ဆင်ပေးသွားမယ့် Solar ပြားတွေကိုတော့ ခေါင်မိုးတွေပေါ်မှာပဲ တပ်ဆင်ပေးသွားမှာပါ။ Solar ပြားတွေတပ်ထားတာကြောင့် ကားတွေမှာ Sunroof အတွက် အဆင်မပြေတော့ ဖြစ်သွားစေပါတယ်။

Kia K900 Sunroof

Sunroof အတွက်တော့ နောက်ပိုင်းမှာ ပိုအဆင့်မြင့်တဲ့နည်းပညာသုံးပြီး ဖောက်မြင်ရတဲ့ Solar ပြားတွေကို ကားခေါင်မိုးတွေအတွက် တပ်ပေးလာမှာဖြစ်တာကြောင့် Sunroof ပါတဲ့ကားတွေအတွက် အဆင်ပြေသွားမှာပါ။ အဲ့ဒီ Solar ပြားတွေကို ကားခေါင်မိုးတွေပေါ်မှာ တပ်ပေးလာတာကြောင့် Battery တွေကို အားပြန်သွင်းနိုင်လာမှာပါ။ ဈေးကွက်ထဲမှာ Battery ကို အများကြီး အားပြန်သွင်းဖို့လိုအပ်တာတွေကတော့ လျှပ်စစ်ကား (EV) တွေနဲ့ စွမ်းအင်နှစ်မျိုးသုံးကား (Hybrid) တွေပါ။ လက်ရှိအချိန်မှာတော့ Panasonic ကလည်း ဒီလို Solar နည်းပညာကို ပိုင်ဆိုင်ထားပြီးသားဖြစ်သလို ဆက်ပြီး တိုးတက်လာအောင် ဖန်တီးနေတုန်းပါပဲ။

Toyota Prius

EV တွေကတော့ Battery ကိုပဲအားထားပြီး ခရီးရောက်အောင် မောင်းရတာဖြစ်သလို Hybrid တွေကလည်း Battery ကို အားကိုးပြီး ဆီအသုံးပြုမှုနည်းအောင်နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်တာနည်းအောင်လုပ်ထားရတဲ့အတွက် Battery တွေက အရေးပါနေပါတယ်။ အခုလို First Generation Solar ပြားတွေကတော့ Hybrid ကားတွေရဲ့ Battery တွေကို ရာသီဥတုကောင်းတဲ့နေ့မှာ 30% ကနေ 60% ဝန်းကျင်အထိ အားပြန်သွင်းပေးနိုင်မှာပါ။ အခုလို Solar ပြားတွေပါတဲ့ကားတွေကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်ကျော်ရင် အဆင့်သင့်ဖြစ်လာနိုင်မယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ Toyota Prius Prime လိုကားမျိုးမှာပဲ Solar ပြားတွေသုံးထားတာ တွေ့ရပါသေးတယ်။

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com