[Zawgyi]

အခ်စ္ေရးနဲ႕ပတ္သက္ျပီး စိတ္ခ်မ္းသာေနရတဲ့ Hwang Bo Ra

ေတာင္ကုိရီးယားရဲ႕ နာမည္ေက်ာ္မင္းသမီးတစ္လက္ျဖစ္တဲ့ Hwang Bo Ra ကုိ “What’s Wrong with the Secretary Kim” ဆုိတဲ့ ဇာတ္လမ္းတြဲေလးမွာ ကုမၸဏီ၀န္ထမ္းအမ်ဳိးသမီးတစ္ေယာက္အျဖစ္ ပရိသတ္ေတြၾကည့္ဖူးၾကမယ္ထင္ပါတယ္။ ဒီကားမွာ သူ႕ရဲ႕ဇာတ္ရုပ္က ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူေလးျဖစ္တာမုိ႕ ၾကည့္ရႈသူပရိသတ္တုိင္း ရယ္ရယ္ေမာေမာနဲ႕ သေဘာက်ခဲ့တာျဖစ္ပါတယ္။

Hwang Bo Ra and Long-Time Boyfriend Cha Hyun Woo

အသက္ (၃၄)ႏွစ္ရွိျပီျဖစ္တဲ့ မင္းသမီး Hwang Bo Ra တစ္ေယာက္ သူမရဲ႕ လက္ရွိအခ်စ္ေရးနဲ႕ ပတ္သက္ျပီး အင္တာဗ်ဳးမွာ ယုံၾကည္မႈရွိရွိနဲ႕ ေျဖဆုိထားတယ္လုိ႕ သိရပါတယ္။ သူမရဲ႕ ခ်စ္သူဟာ ပရိသတ္ေတြသိျပီးသားျဖစ္တဲ့ ေတာင္ကုိရီးယားမင္းသား Cha Hyun Woo ျဖစ္ျပီး သူတုိ႕စုံတြဲဟာ ခ်စ္သူသက္တမ္း(၆) ႏွစ္ခန္႕ရွိေနျပီျဖစ္တယ္လုိ႕လည္း ဆုိပါတယ္။ သူမဟာ ခ်စ္သူရဲ႕ အစ္ကုိျဖစ္သူ မင္းသား၊ ဒါရုိက္တာ Ha Jung Woo နဲ႕လည္း အရမ္းရင္းႏွီးတဲ့တုိင္ပင္ေဖာ္တုိင္ပင္ဖက္ မိတ္ေဆြေကာင္းေတြျဖစ္သလုိ၊ အရက္တူတူေသာက္ေဖာ္လည္း ျဖစ္တယ္လုိ႕ ပြင့္ပြင့္လင္းလင္း ေျပာျပပါတယ္။

ဒါ့ျပင္ သူမဟာ ခ်စ္သူရဲ႕ မိသားစုနဲ႕ ရင္းႏွီးေႏြးေထြးတဲ့ ဆက္ဆံေရးရွိျပီး မင္းသား Cha Hyun Woo ကုိခ်စ္ရတာဟာ သူမအတြက္ အဖုိးမျဖတ္ႏုိင္တဲ့အရာတစ္ခုလုိ႕ ဆုိပါတယ္။ အႏုပညာေလာကသားေတြျဖစ္ၾကတဲ့ သူတုိ႕ႏွစ္ေယာက္ရဲ႕ အခ်စ္ေရးဟာ ၂၀၁၃ ခုႏွစ္မွာ အစျပဳခဲ့ျပီး ပရိသတ္ေတြကုိ ၂၀၁၄ ခုႏွစ္မွာမွ အသိေပးခဲ့တာပါ။ သူမရဲ႕ ရုပ္ရည္ဟာ ရွိရင္းစြဲအသက္ထက္ကုိ ႏုပ်ိဳျပီး ခ်စ္စရာေကာင္းေနတုန္းပဲမုိ႕ လက္ရွိအခ်ိန္ထိ အႏုပညာေလာကမွာ ရပ္တည္ေနဆဲျဖစ္ပါတယ္။

Stella(Akhayar)

www.akhayar.com

[Unicode]

အချစ်ရေးနဲ့ပတ်သက်ပြီး စိတ်ချမ်းသာနေရတဲ့ Hwang Bo Ra

တောင်ကိုရီးယားရဲ့ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Hwang Bo Ra ကို “What’s Wrong with the Secretary Kim” ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ယောက်အဖြစ် ပရိသတ်တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီကားမှာ သူ့ရဲ့ဇာတ်ရုပ်က ပျော်ပျော်နေတတ်တဲ့ သူလေးဖြစ်တာမို့ ကြည့်ရှုသူပရိသတ်တိုင်း ရယ်ရယ်မောမောနဲ့ သဘောကျခဲ့တာဖြစ်ပါတယ်။

Hwang Bo Ra and Long-Time Boyfriend Cha Hyun Woo

အသက် (၃၄)နှစ်ရှိပြီဖြစ်တဲ့ မင်းသမီး Hwang Bo Ra တစ်ယောက် သူမရဲ့ လက်ရှိအချစ်ရေးနဲ့ ပတ်သက်ပြီး အင်တာဗျုးမှာ ယုံကြည်မှုရှိရှိနဲ့ ဖြေဆိုထားတယ်လို့ သိရပါတယ်။ သူမရဲ့ ချစ်သူဟာ ပရိသတ်တွေသိပြီးသားဖြစ်တဲ့ တောင်ကိုရီးယားမင်းသား Cha Hyun Woo ဖြစ်ပြီး သူတို့စုံတွဲဟာ ချစ်သူသက်တမ်း(၆) နှစ်ခန့်ရှိနေပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူမဟာ ချစ်သူရဲ့ အစ်ကိုဖြစ်သူ မင်းသား၊ ဒါရိုက်တာ Ha Jung Woo နဲ့လည်း အရမ်းရင်းနှီးတဲ့တိုင်ပင်ဖော်တိုင်ပင်ဖက် မိတ်ဆွေကောင်းတွေဖြစ်သလို၊ အရက်တူတူသောက်ဖော်လည်း ဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

ဒါ့ပြင် သူမဟာ ချစ်သူရဲ့ မိသားစုနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိပြီး မင်းသား Cha Hyun Woo ကိုချစ်ရတာဟာ သူမအတွက် အဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုလို့ ဆိုပါတယ်။ အနုပညာလောကသားတွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ၂၀၁၃ ခုနှစ်မှာ အစပြုခဲ့ပြီး ပရိသတ်တွေကို ၂၀၁၄ ခုနှစ်မှာမှ အသိပေးခဲ့တာပါ။ သူမရဲ့ ရုပ်ရည်ဟာ ရှိရင်းစွဲအသက်ထက်ကို နုပျိုပြီး ချစ်စရာကောင်းနေတုန်းပဲမို့ လက်ရှိအချိန်ထိ အနုပညာလောကမှာ ရပ်တည်နေဆဲဖြစ်ပါတယ်။

Stella(Akhayar)

www.akhayar.com