This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဆြီဒင္နဲ႔ပဲြကုိ ေနာက္ခံလူ ဟမ္းမဲလ္ Hummels လဲြေခ်ာ္မယ္လုိ႔ အတည္ျပဳခဲ့တဲ့ ဂ်ိဳအာခ်င္လုိး Joachim Low

ဂ်ာမနီအသင္းနည္းျပ ဂ်ိဳအာခ်င္လုိး Joachim Low က အသင္းေနာက္ခံလူ ဟမ္းမဲလ္ Hummels ဟာ လည္ပင္းဒဏ္ရာေၾကာင့္ ဆြီဒင္နဲ႔ကစားမယ့္ပဲြကုိ လဲြေခ်ာ္မယ္လုိ႔ အတည္ျပဳေျပာၾကားခဲ့တယ္။ ဟမ္းမဲလ္ဟာ မကၠဆီကုိအသင္းကုိ ႐ႈံးနိမ့္ခဲ့တဲ့ပဲြမွာ ခ်မွတ္ခဲ့တဲ့ ဂ်ိဳအာခ်င္လုိးရဲ႕နည္းဗ်ဴဟာေတြကုိ ေ၀ဖန္ခဲ့တဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အဲဒီလုိေ၀ဖန္ခဲ့လုိ႔ ဂ်ိဳအာခ်င္လုိးက သူ႔ကုိ လူစာရင္းက ခ်န္လွပ္ခဲ့တာလားလုိ႔ ထင္စရာျဖစ္ခဲ့တယ္။ ဒါေပမဲ့ ဂ်ိဳအာခ်င္လုိးကေတာ့ ဟမ္းမဲလ္ရဲ႕လည္ပင္းဒဏ္ရာက သက္သာျခင္းမရွိလုိ႔ ဆြီဒင္နဲ႔ပဲြကုိ လဲြေခ်ာ္မွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ၿပီး ႐ူဒီဂါ Rudiger ကုိ အစားထုိး သုံးစဲြသြားဖုိ႔ရွိေနပါတယ္။

Germany-defender-Mats-Hummels-will-miss-his-sides-World-Cup-clash-with-Sweden-

Germany-defender-Mats-Hummels-will-miss-his-sides-World-Cup-clash-with-Sweden-

ဂ်ိဳအာခ်င္လုိးက”ဟမ္းမဲလ္ဟာ ဆြီဒင္နဲ႔ပြဲမွာ ပါ၀င္ကစားႏုိင္မွာ မဟုတ္ပါဘူး။ သူရဲ႕လည္ပင္း႐ုိးမွာ တစ္ေန႔ကတည္းက နာက်င္တဲ့ေ၀ဒနာ ခံစားေနရၿပီး အခုအခ်ိန္အထိ သက္သာလာျခင္းမရွိေသးပါဘူး။ ဟမ္းမဲလ္ဟာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းမဆင္းႏုိင္ေပမယ့္ အနားယူဖုိ႔ အခ်ိန္လုံလုံေလာက္ရွိပါတယ္။ ဒီလုိဒဏ္ရာမ်ိဳးက တစ္ညတည္းနဲ႔ ေကာင္းလာတာမ်ိဳး မဟုတ္ပါဘူး”လုိ႔ ဆုိခဲ့ပါတယ္။ ဂ်ာမနီအသင္းဟာ အုပ္စုအဖြင့္မွာ မကၠဆီကုိအသင္းကုိ ႐ႈံးနိမ့္ခဲတာေၾကာင့္ အခု ဆြီဒင္နဲ႔ပဲြမွာ အမွားလုပ္လုိ႔မရေတာ့ဘဲ ရလဒ္ေကာင္းရယူဖုိ႔ လုိအပ္ေနပါၿပီ။

REF:AS
Photo: Sports Illustrated,European Soccer
Naing Linn(Akhayar)

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဆွီဒင်နဲ့ပွဲကို နောက်ခံလူ ဟမ်းမဲလ် Hummels လွဲချော်မယ်လို့ အတည်ပြုခဲ့တဲ့ ဂျိုအာချင်လိုး Joachim Low

ဂျာမနီအသင်းနည်းပြ ဂျိုအာချင်လိုး Joachim Low က အသင်းနောက်ခံလူ ဟမ်းမဲလ် Hummels ဟာ လည်ပင်းဒဏ်ရာကြောင့် ဆွီဒင်နဲ့ကစားမယ့်ပွဲကို လွဲချော်မယ်လို့ အတည်ပြုပြောကြားခဲ့တယ်။ ဟမ်းမဲလ်ဟာ မက္ကဆီကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ချမှတ်ခဲ့တဲ့ ဂျိုအာချင်လိုးရဲ့နည်းဗျူဟာတွေကို ဝေဖန်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အဲဒီလိုဝေဖန်ခဲ့လို့ ဂျိုအာချင်လိုးက သူ့ကို လူစာရင်းက ချန်လှပ်ခဲ့တာလားလို့ ထင်စရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဂျိုအာချင်လိုးကတော့ ဟမ်းမဲလ်ရဲ့လည်ပင်းဒဏ်ရာက သက်သာခြင်းမရှိလို့ ဆွီဒင်နဲ့ပွဲကို လွဲချော်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရူဒီဂါ Rudiger ကို အစားထိုး သုံးစွဲသွားဖို့ရှိနေပါတယ်။

Germany-defender-Mats-Hummels-will-miss-his-sides-World-Cup-clash-with-Sweden-

Germany-defender-Mats-Hummels-will-miss-his-sides-World-Cup-clash-with-Sweden-

ဂျိုအာချင်လိုးက”ဟမ်းမဲလ်ဟာ ဆွီဒင်နဲ့ပွဲမှာ ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။ သူရဲ့လည်ပင်းရိုးမှာ တစ်နေ့ကတည်းက နာကျင်တဲ့ဝေဒနာ ခံစားနေရပြီး အခုအချိန်အထိ သက်သာလာခြင်းမရှိသေးပါဘူး။ ဟမ်းမဲလ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းနိုင်ပေမယ့် အနားယူဖို့ အချိန်လုံလုံလောက်ရှိပါတယ်။ ဒီလိုဒဏ်ရာမျိုးက တစ်ညတည်းနဲ့ ကောင်းလာတာမျိုး မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။ ဂျာမနီအသင်းဟာ အုပ်စုအဖွင့်မှာ မက္ကဆီကိုအသင်းကို ရှုံးနိမ့်ခဲတာကြောင့် အခု ဆွီဒင်နဲ့ပွဲမှာ အမှားလုပ်လို့မရတော့ဘဲ ရလဒ်ကောင်းရယူဖို့ လိုအပ်နေပါပြီ။

REF:AS
Photo: Sports Illustrated,European Soccer
Naing Linn(Akhayar)