လူရယ်လို့ဖြစ်လာရင် သတ္တဝါတွေအပေါ် မေတ္တာစိတ်အပြည့်နဲ့ ညှာတာထောက်ထားတတ်ဖို့ လိုအပ်ပါတယ်။ လူတန်းစားခွဲခြားတာမျိုး မလုပ်ဘဲနဲ့ လူသားတိုင်းအပေါ် တူညီတဲ့ မေတ္တာမျိုးထားနိုင်မှသာ လူပီသရာကျပါမယ်။ အရာရာတိုင်းကို မေတ္တာတရားနဲ့ လွှမ်းခြုံထားမယ်ဆိုရင် ကမ္ဘာကြီးက ငြိမ်းချမ်းနေပါပြီ။ ကဲ. . . အခုဖော်ပြပေးမှာကတော့ ကမ္ဘာတစ်လွှားမှာ စာနာထောက်ထားတဲ့စိတ်ဓာတ်နဲ့ ကူညီပေးကြတဲ့ သူရဲကောင်းတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြမှာဖြစ်ပါတယ်။

၁။ မာရသွန်မှာ ရေတိုက်ပေးတဲ့ Jacqueline Kiplimo

ဒီပုံကတော့ ၂ဝ၁ဝခုနှစ် တရုတ်နိုင်ငံ ဇန်ကိုင်မာရသွန် (Zheng-Kai Marathon) ပွဲမှာ ကင်ညာနိုင်ငံသူ Jacqueline Kiplimo ဟာ တရုတ်မသန်စွမ်းအပြေးသမား ရေသောက်ဖို့ အခက်ခဲဖြစ်နေတာကို မြင်ရပြီး ရေတိုက်ဖို့ ကြိုးစားနေတဲ့ပုံရိပ်ပါ။ သူနဲ့အတူ ၁ဝကီလိုမီတာကနေ ၃၅ကီလိုမီတာမှတ်တိုင်အထိ ရေတိုက်ဖို့ ကူညီပေးရင်း ပြေးနေတာဖြစ်ပါတယ်။ ပြိုင်ပွဲမှာတော့ Jacqueline Kiplimo ဟာ ဒုတိယနေရာက ပန်းဝင်ခဲ့ပေမယ့် သူမရဲ့ကူညီရိုင်းပင်းတတ်တဲ့စိတ်ဓာတ်ကို ပရိသတ်အားလုံးက သဘောကျတဲ့အတွက် ဒေါ်လာ၁သောင်း ဆုချခဲ့ပါတယ်။

Jacqueline-Kiplimo-Helps-A-Disabled-Runner-Finish-A-Marathon-In-Taiwan-Costing-Her-A-First-Place-Finish

၂။ အိမ်နီးချင်းတွေကို ဖုန်းအားသွင်းစေခဲ့တဲ့သူ

အမေရိကန်အရှေ့ပိုင်းကမ်းရိုးတန်းမှာ မုန်တိုင်းမိတဲ့အခါ လျှပ်စစ်အားတွေ ပြတ်တောက်ကုန်ပါတယ်။ စာနာစိတ်ကြီးမားတဲ့လူတစ်ယောက်ဟာ လျှပ်စစ်ပစ္စည်းတွေ အားသွင်းနိုင်စေဖို့ အခမဲ့ချပေးထားတာ ဖြစ်ပါတယ်။ အခက်အခဲဖြစ်နေတုန်းမှာ ကူညီတဲ့သဘောပါပဲ။

 

A-friendly-neighbor-on-the-East-Coast-offered-power-to-those-who-need-it-after-Superstorm-Sandy-hit

You May Like : ကမ္ဘာ့ရှေးအကျဆုံး နာရီကြီးဟာ ဘယ်မှာကွယ်

၃။ အင်တာဗျူးသွားဖို့ အဝတ်အစားတွေ အခမဲ့လျှော်ဖွတ်ပေးသူ

အလုပ်လက်မဲ့တွေအနေနဲ့ ပိုက်ဆံမရှိရင် အင်တာဗျူးသွားဖို့တောင် အဝတ်အစား တောက်တောက်ပြောင်ပြောင် မဝတ်နိုင်ပါဘူး။ Dry Cleaning and Laundry Services ဟာ အင်တာဗျူးဖြေမယ့်လူတွေအတွက် အဝတ်အစားတွေ အခမဲ့လျှော်ဖွတ်ပေးတာဖြစ်ပါတယ်။ ဒါကလည်း စာနာစိတ်နဲ့ လက်တွဲကူတဲ့ပုံရိပ်တွေပါ။

Free-Dryclean-For-Jobless-People

၎။ ပြိုင်ဘက်ကို တွဲကူခဲ့တဲ့ Meghan Vogel

Ohio Division III ကျောင်းပေါင်းစုံ မီတာ ၃၂ဝဝအပြေးပြိုင်ပွဲမှာ အပြေးသမား Arden McMath ဟာ လမ်းခုလတ်မှာပဲ ခြေချော်သွားပါတယ်။ ပြိုင်ဘက်ဟန်ချက်ပျက်သွားတာကို သတိထားမိလိုက်တဲ့ Meghan Vogel ဟာ Arden McMath ကို မီတာ ၃ဝအထိတွဲကူပြီး ပန်းဝင်စေပါတယ်။ ဒီလိုကူညီလိုက်လို့ သူတို့နှစ်ယောက်ဟာ အသိအကျွမ်းလို့ မထင်လိုက်ပါနဲ့။ ကျောင်းမတူတဲ့အတွက် မသိကြပါဘူး။

Meghan-Vogel-with-Arden-McMath

၅။ စစ်သားကို  လက်ဖက်ရည်တိုက်ခဲ့တဲ့ အာဖဂန်နစ္စတန်နိုင်ငံသား

အမေရိကန်နဲ့အာဖဂန်နစ္စတန်ပူးပေါင်းပြီး တာလီဘန်တွေကို ပူးပေါင်းနှိမ်နှင်းတဲ့ တိုက်ပွဲမှာ ရေဆာနေတဲ့ အမေရိကန်စစ်သားကို အာဖဂန်နစ္စတန်နိုင်ငံသားတစ်ယောက်က လက်ဖက်ရည်တိုက်နေတဲ့ မြင်ကွင်းကလည်း ကရုဏာသက်စရာ ဖြစ်ခဲ့ပါတယ်။ အသားအရောင်မခွဲခြားဘဲနဲ့ လူလူချင်း တန်းတူညီမျှရှုမြင်ပေးတဲ့ အာဖဂန်နစ္စတန်နိုင်ငံသားရဲ့စိတ်ဓာတ်ကလည်း မလေးစားဘဲနဲ့ကို မနေနိုင်တော့ပါဘူး။

Afghanistan

ကဲ . . ဒါတွေကတော့ လူသားချင်း ကူညီတတ်ဖို့ လိုပါတယ်ဆိုတာ ပြသွားတာဖြစ်ပါတယ်။ စာဖတ်သူတွေရဲ့ နေ့စဉ်ဘဝမှာရော အားနည်းနေတဲ့သူကို ကူညီခဲ့ဖူးလား။ ကူညီဖူးတဲ့ အတွေ့အကြုံကိုလည်း မျှဝေပေးပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com