[Zawgyi]

လူကာကူ (Lukaku )ရဲ႕ သြင္းဂိုးေတြနဲ႔ မန္ခ်က္စတာယူႏုိက္တက္ အႏုိင္ရၿပီးအက္ဖ္ေအဖလား ကြာတားဖိုင္နယ္တက္ေရာက္

ဟတ္ဒါဖီးလ္အသင္းဟာ မန္ခ်က္စတာယူႏုိက္တက္ရဲ႕အက္ဖ္ေအဖလားအိပ္မက္ကို မဟန္႔တားႏုိင္ခဲ့ပါဘူး။ မန္ခ်က္စတာယူႏုိက္တက္က ခ်န္ပီယံေမွ်ာ္လင့္ခ်က္ ျဖစ္ႏုိင္ေျခအရွိဆံုးဖလားတစ္လံုးအတြက္ အဓိကကစားသမားမ်ားစြာကို ပြဲထြက္ခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ဆန္းခ်က္ဇ္(Sanchez)၊ မာတာ(Mata) တို႔ကို ထည့္ခဲ့ပါတယ္။ ဆန္းခ်က္ဇ္က လူကာကူ (Lukaku)ဒုတိယဂိုးသြင္းယူႏုိင္ေအာင္ (၅၅)မိနစ္မွာ ဂိုးဖန္တီးေပးခဲ့သလို၊ မာတာကလည္း ဂိုးတစ္ဂိုးသြင္းယူႏုိင္ခဲ့ေပမယ့္ ႐ုပ္သံအကူဒုိင္စနစ္နဲ႔ လူကၽြံေနတယ္ဆုိၿပီး ဆံုးျဖတ္ခဲ့ရလုိ႔ နစ္နာခဲ့ရပါတယ္။ ဆန္းခ်က္ဇ္အတြက္ေတာ့ အက္ဖ္ေအဖလား ေနာက္ဆံုး(၁၆)ပြဲမွာ (၈)ဂိုးသြင္းၿပီး ဂိုးဖန္တီး (၈)ႀကိမ္ျပဳလုပ္ႏုိင္တဲ့မွတ္တမ္းကို ပိုင္ဆုိင္ခဲ့ပါတယ္။

ဂိုးဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ေပးႏုိင္ခဲ့သည့္ ဆန္းခ်က္ဇ္(Sanchez)

ဂိုးဖန္တီးမႈတစ္ႀကိမ္ျပဳလုပ္ေပးႏုိင္ခဲ့သည့္ ဆန္းခ်က္ဇ္(Sanchez)

မန္ခ်က္စတာယူႏုိက္တက္အတြက္ အဖြင့္ဂိုးကို လူကာကူ ပြဲအစ(၃)မိနစ္မွာပဲ သြင္းယူခဲ့လို႔ ပြဲက လြယ္ကူသြားခဲ့တာပါပဲ။ ကြင္းလယ္(၃)ေယာက္တန္းမွာ ဘယ္ဘက္ျခမ္းထြက္ကစားခဲ့တဲ့ မာတစ္က ေျခစြမ္းျပခဲ့လို႔ လူကာကူကလည္း အရင္ပြဲေတြကထက္ တုိက္စစ္မွာ ပိုၿပီးလႈပ္ရွားႏုိင္ခဲ့ပါတယ္။ လူကာကူက အက္ဖ္ေအဖလားေနာက္ဆုံုး (၁၀)ပြဲမွာ (၁၀)ဂိုးအထိ သြင္းယူႏုိင္ခဲ့တာပါပဲ။

ရလဒ္မ်ား

ရွက္ဖီးလ္၀င္္းစ္ေဒး ၀-၀ ဆြမ္ဆီး

၀က္စ္ဘရြန္း ၁-၂ ေဆာက္သမ္တန္

ဘရိုက္တန္ ၃-၁ ကိုဗင္ထရီ

ဟတ္ဒါဖီးလ္ ၀-၂ မန္ခ်က္စတာယူႏုိက္တက္

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

လူကာကူ (Lukaku )ရဲ့ သွင်းဂိုးတွေနဲ့ မန်ချက်စတာယူနိုက်တက် အနိုင်ရပြီးအက်ဖ်အေဖလား ကွာတားဖိုင်နယ်တက်ရောက်

ဟတ်ဒါဖီးလ်အသင်းဟာ မန်ချက်စတာယူနိုက်တက်ရဲ့အက်ဖ်အေဖလားအိပ်မက်ကို မဟန့်တားနိုင်ခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်က ချန်ပီယံမျှော်လင့်ချက် ဖြစ်နိုင်ခြေအရှိဆုံးဖလားတစ်လုံးအတွက် အဓိကကစားသမားများစွာကို ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းမှာလည်း ဆန်းချက်ဇ်(Sanchez)၊ မာတာ(Mata) တို့ကို ထည့်ခဲ့ပါတယ်။ ဆန်းချက်ဇ်က လူကာကူ (Lukaku)ဒုတိယဂိုးသွင်းယူနိုင်အောင် (၅၅)မိနစ်မှာ ဂိုးဖန်တီးပေးခဲ့သလို၊ မာတာကလည်း ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ရုပ်သံအကူဒိုင်စနစ်နဲ့ လူကျွံနေတယ်ဆိုပြီး ဆုံးဖြတ်ခဲ့ရလို့ နစ်နာခဲ့ရပါတယ်။ ဆန်းချက်ဇ်အတွက်တော့ အက်ဖ်အေဖလား နောက်ဆုံး(၁၆)ပွဲမှာ (၈)ဂိုးသွင်းပြီး ဂိုးဖန်တီး (၈)ကြိမ်ပြုလုပ်နိုင်တဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည့် ဆန်းချက်ဇ်(Sanchez)

ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည့် ဆန်းချက်ဇ်(Sanchez)

မန်ချက်စတာယူနိုက်တက်အတွက် အဖွင့်ဂိုးကို လူကာကူ ပွဲအစ(၃)မိနစ်မှာပဲ သွင်းယူခဲ့လို့ ပွဲက လွယ်ကူသွားခဲ့တာပါပဲ။ ကွင်းလယ်(၃)ယောက်တန်းမှာ ဘယ်ဘက်ခြမ်းထွက်ကစားခဲ့တဲ့ မာတစ်က ခြေစွမ်းပြခဲ့လို့ လူကာကူကလည်း အရင်ပွဲတွေကထက် တိုက်စစ်မှာ ပိုပြီးလှုပ်ရှားနိုင်ခဲ့ပါတယ်။ လူကာကူက အက်ဖ်အေဖလားနောက်ဆုံး (၁၀)ပွဲမှာ (၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့တာပါပဲ။

ရလဒ်များ

ရှက်ဖီးလ်ဝင်းစ်ဒေး ဝ-၀ ဆွမ်ဆီး

ဝက်စ်ဘရွန်း ၁-၂ ဆောက်သမ်တန်

ဘရိုက်တန် ၃-၁ ကိုဗင်ထရီ

ဟတ်ဒါဖီးလ် ဝ-၂ မန်ချက်စတာယူနိုက်တက်

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။