Huawei ဟာ နောက်ဆုံးထွက်အဓိကမျိုးဆက် Mate 9 စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ပြီးနောက် ယခုအခါမှာတော့ ဖုန်းအတွင်းမှာ Amazon ရဲ့ Alexa ကို App တစ်ခုအနေနဲ့ ထည့်သွင်းလာဖို့ရှိနေပါတယ်။ Huawei ရဲ့ ပြောကြားချက်အရ အသုံးပြုသူတွေအနေနဲ့ “အဆင်ပြေစေနိုင်မယ့် User Interface” ကို ထည့်သွင်းထားကြောင်း Digital Assistant နဲ့ ပတ်သက်ပြီး သိရပါတယ်။

လုပ်ဆောင်ချက်တွေအနေနဲ့ Digital Assistant နဲ့ တခြား Gadgets တွေကိုလည်း ထည့်သွင်းပေးထားမှာပါ။ ဒါဟာ Alexa ကို Mobile Device တွေမှာ Pre-Install လုပ်ထားတာ ပထမဆုံးအကြိမ်အနေနဲ့လည်း ဖြစ်ပါတယ်။ ဒါဟာဆိုရင် Apple ရဲ့ Siri နဲ့ Google ရဲ့ Pixel ဖုန်းတွေမှာ စတင်ထည့်သွင်းလိုက်တဲ့ Google Assistant တို့လိုမျိုး AI တစ်ခုအနေနဲ့ ထည့်သွင်းထားလိုတဲ့ ဆန္ဒတစ်ရပ်လည်း ဖြစ်ပါတယ်။

Mate 9 ဟာ သူ့ချည်းပဲကို ဒေါ်လာ ၆၀၀ ပဲကျသင့်တာ ဖြစ်ပြီး မျက်နှာပြင်အကျယ် ၅.၉လက်မ 1080p မျက်နှာပြင်၊ 4GB RAM၊ 64GB Storage တို့ပါဝင်ပါတယ်။ 4000 mAh ဘက်ထရီ၊ Fingerprint Sensor၊ ကျောဘက်ကင်မရာနှစ်လုံးတွဲ စနစ်တို့လည်း ပါဝင်ပါတယ်။

Chipset ကို Huawei ရဲ့ Kirin 960 processor ကို အသုံးပြုအလုပ်လုပ်မှာ ဖြစ်ကာ၊ ကုမ္ပဏီရဲ့ ပြောကြားချက်အရ Machine Learning အယ်လ်ဂိုရစ်သမ်ကိုလည်း ထည့်သွင်းထားတာကြောင့် Chip အတွက် လုပ်ဆောင်ချက် နှေးကွေးလေးလံသွားမှုမရှိအောင်လည်း ထိန်းသိမ်းထားနိုင်မှာပါ။

ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းက ထုတ်လုပ်ထားတဲ့ Mate 9 ဖုန်းအတွက် မြန်မာနိုင်ငံကို တင်ပို့မယ့် အလုံးတွေမှာ Alexa ဝန်ဆောင်မှုပါဝင်ခြင်းရှိမရှိတော့ သိရခြင်းမရှိသေးပါဘူး။

Joker (Akhayar)

Ref: The Verge