[Zawgyi]
Huawei နဲ့ Samsung ဟာ ၄င်းတို့ရဲ့နည်းပညာသစ် စမတ်ဖုန်းဖြစ်လာမယ့် Foldable Smartphone (ကွေးခေါက်နိုင်တဲ့စမတ်ဖုန်း) တွေကို ဈေးကွက်မှာ သူ့ထက်ငါဦးအောင်ချပြနိုင်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ လက်တလောထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Huawei ရဲ့ Chair Man တစ်ဦးဖြစ်တဲ့ Ken Hu ရဲ့ပြောကြားချက်အရ ၄င်းတို့ရဲ့ ပထမဦးဆုံး 5G Smartphone ဟာ ကွေးခေါက်နိုင်တဲ့ Foldable Phone အနေနဲ့ထွက်ရှိလာမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် အေစာပိုင်းလောက်မှာတွေ့မြင်ရမယ်လို့ဆိုပါတယ်။
Samsung’s CEO
Ref; GSMArena
ncTori(Akhayar)
www.akhayar.com
[Unicode]
5G Network ပါပြီး ကွေးခေါက်နိုင်တဲ့ပထမဆုံးစမတ်ဖုန်းကို Huawei မိတ်ဆက်ဖွယ်ရှိ
Huawei နဲ့ Samsung ဟာ ၎င်းတို့ရဲ့နည်းပညာသစ် စမတ်ဖုန်းဖြစ်လာမယ့် Foldable Smartphone (ကွေးခေါက်နိုင်တဲ့စမတ်ဖုန်း) တွေကို ဈေးကွက်မှာ သူ့ထက်ငါဦးအောင်ချပြနိုင်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ လက်တလောထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Huawei ရဲ့ Chair Man တစ်ဦးဖြစ်တဲ့ Ken Hu ရဲ့ပြောကြားချက်အရ ၎င်းတို့ရဲ့ ပထမဦးဆုံး 5G Smartphone ဟာ ကွေးခေါက်နိုင်တဲ့ Foldable Phone အနေနဲ့ထွက်ရှိလာမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် အေစာပိုင်းလောက်မှာတွေ့မြင်ရမယ်လို့ဆိုပါတယ်။
Huawei’s Chairman Ken Hu
ဒါ့အပြင် Hu က 5G Network ဟာ IOT Product တွေအတွက် တည်ငြိမ်ပြီး ပိုမိုမြန်ဆန်တဲ့ Mobile Broadband တစ်ခုဖြစ်လာတော့မယ်လို့လည်းထပ်လောင်းပြောကြားခဲ့ပါသေးတယ်။
Samsung ဟာ 5G Modem ကိုချပြခဲ့ပြီးတာကြောင့် သိပ်မကြာတော့တဲ့အချိန်တွင်းမှာ 5G Smartphone တွေကိုထုတ်လုပ်တော့မှာဖြစ်ကြောင်းပြောလာပါတယ်။
Samsung’s CEO
Samsung CEO ကလည်း ၎င်းတို့ရဲ့ Foldable Phone ကို ယခုနှစ်အကုန်မှာတွေ့မြင်ရမှာဖြစ်တယ်လို့အတည်ပြုလိုက်ပါတယ်။ ဒါပေမယ့် Foldable Phone အကြောင်းကိုပြောရာမှာ 5G အကြောင်းထည့်သွင်းပြောဆိုခြင်းမရှိတာကြောင့် Samsung အနေနဲ့ Foldable Phone ကို 5G Network ထည့်ပေးနိုင်ပါ့မလားဆိုတာတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။
Ref; GSMArena
ncTori(Akhayar)
www.akhayar.com