Huawei ရဲ့ Y Series စမတ်ဖုန်းတွေဟာ လက်ရှိ Budget နဲ့ Mid Range Series ဖုန်းတွေထဲမှာ နာမည်ရပြီးအောင်မြင်နေတာလည်းဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဒီ Y Series ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Display Notch မပါဘဲ လုံးဝ Full Screen Experience ကို ရရှိနိုင်မယ့် Huawei Y9 Prime 2019 ဖုန်းသစ်က ဈေးကွက်ထဲကို ဝင်ရောက်လာပါပြီ။ ဒီ Huawei Y9 Prime 2019 ကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ ဝယ်သုံးနေတာပဲဖြစ်ဖြစ် ဒီဖုန်းနဲ့ ဆောင်ရွက်နိုင်တဲ့အသုံးဝင်မယ့်အချက်လေးတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။

(1) ပုံမှန် Video တွေအစား Wide Format Video တွေများများကြည့်ပါ

ဒီ Huawei Y9 Prime 2019 စမတ်ဖုန်းဟာ Display ပိုင်းမှာ လက်ရှိထွက်ထားပြီးဖြစ်တဲ့ Huawei Y Series ဖုန်းတွေကနေ လုံးဝကွဲထွက်လာပြီးတော့ Display မှာ Notch တွေ၊ Camera Hole တွေလုံးဝမပါဝင်တဲ့ Full Screen Experience ကိုပေးနိုင်တဲ့ဖုန်းတစ်ခုလည်းဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီကြီးမားတဲ့ 6.59” ရှိတဲ့ 19.5:9 Ratio ရှိပြီး Full HD+ Resolution အပြည့်ရတဲ့ Display က Wide Format ရုပ်ရှင်တွေအတွက်တော့ လုံးဝစိတ်တိုင်းကျစေမှာပါ။ ဒါတင်မဟုတ်သေးပါဘူး… Huawei Y9 2019 ဖုန်းက Wide Color Gamut ကိုပါ 85% အထိ Support ပေးတဲ့အတွက် Netflix လိုမျိုး Quality ကောင်းကောင်းရုပ်ရှင်တွေကြည့်ရင် ပိုပြီးတော့ Color တွေကလှပနေဦးမှာပါ။

(2) Selfie ရိုက်ရင် Portrait Lighting နဲ့ဦးစားပေးရိုက်ပါ

Huawei ကနေ ဒီ Y9 Prime 2019 ဖုန်းမှာ Full Screen Experience အတွက် Selife Camera ကို Pop-up Design နဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒီ Selfie Camera ကို ကြည့်မယ်ဆိုရင်လည်း 16MP Sensor Size နဲ့ Aperture f2.2 ကြောင့် လှပတဲ့ Selfie ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ Huawei ကနေ ပြုတ်ကျရင် Selfie Camera ကို အလိုအလျောက်သိမ်းပေးတဲ့ Intelligent Protection Mechanism ၊ အကြိမ်ရေ ၁ သိန်းအထိ Pop-up လုပ်နိုင်စွမ်းနဲ့ 15Kg အလေးချိန်ကိုပါ ခံနိုင်ရည်ရှိအောင် လုပ်ပေးထားတော့ အကြမ်းတော်တော်လေးခံတဲ့ Selfie Camera လည်းဖြစ်ပါတယ်။

ဒီလိုမျိုးအလန်းစား Selfie Camera ကိုသုံးပြီး Professional ကျပြီးလှပတဲ့ Selfie ဓါတ်ပုံတွေကို ရိုက်မယ်ဆိုရင် Huawei Y9 Prime 2019 မှာပါတဲ့ Feature တစ်ခုက အရမ်းအသုံးဝင်နေမှာပါ။ ဒါကတော့ Portrait Lighting Feature ပဲဖြစ်ပါတယ်။ Soft Lighting ၊ Butterfly Lighting ၊ Split Lighting နဲ့ Stage Lighting တွေထဲက ကိုယ်ကြိုက်တဲ့ပုံရအောင် ပြောင်းပြီး ရိုက်နိုင်ပြီးတော့ ထွက်လာတဲ့ရုပ်ထွက်က လုံးဝအကြိုက်တွေ့စေမှာပါ။

(3) ရူခင်းပုံတွေကို Ultrawide Camera နဲ့ရိုက်ပါ

Huawei Y9 Prime 2019 မှာ Triple Back Camera ကို တပ်ဆင်ပေးထားပြီးတော့ 16MP f1.8 Primary Sensor ၊ 8MP 120-degree Ultrawide Sensor နဲ့အတူ Portrait ဓါတ်ပုံတွေအတွက် 2MP Depth Sensor တွေပါဝင်မှာပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ ယခင် Y Series ဖုန်းတွေမှာ မပါဝင်ခဲ့တဲ့ ဒီ Ultrawide Camera က ရူခင်းပုံတွေရိုက်တတ်တဲ့သူတွေအတွက် မတရားအဆင်ပြေမှာဖြစ်ပြီး ပုံမှန် Primary Camera နဲ့ ရိုက်တာထက် Frame ထဲကို အများအပြားထည့်သွင်းရိုက်ကူးနိုင်မှာပါ။

(4) Gestures Navigation ကို အသုံးပြုပါ

ဒီလိုမျိုး Huawei Y9 Prime 2019 က လုံးဝ Full Screen Display ကို ပေးနိုင်နေပြီးတော့ ကိုယ်က System Navigation အတွက် သာမန် Recent ၊ Home ၊ Back Button တွေကို သုံးနေတုန်းဆိုရင် ရှိတဲ့ Screen အောက်ပိုင်းက နေရာပုပ်နေသလိုဖြစ်နေမှာပါ။

အဲ့ဒီအတွက် Huawei ကနေ Y9 Prime 2019 မှာ System Navigation အတွက် Gestures တွေကို ထည့်သွင်းပေးထားပြီး ကျိန်းသေ အခုလို Gesture တွေကို ပြောင်းသုံးတာက Display အပြည့်သုံးနိုင်မယ့်အပြင် ပိုပြီးလည်း လွယ်ကူဦးမှာပါ။ Google Assistant ကို ခေါ်ဖို့ကလည်း Screen ရဲ့ အောက်ဖက်ထောင့်တွေကနေ အပေါ်ကိုဆွဲလိုက်ရုံပဲဆိုတော့ အရမ်းကို အဆင်ပြေတဲ့ Navigation လို့တောင် ပြောလို့ရပါတယ်။

ဒါကတော့ လက်ရှိ Mid Range ဈေးကွက်ထဲကို ဝင်ရောက်လာတဲ့ Huawei Y9 Prime 2019 စမတ်ဖုန်းမှာ ပြုလုပ်သင့်တဲ့ အချက်တချို့ပဲဖြစ်ပြီးတော့ Specification ပိုင်းတွေကိုကြည့်မယ်ဆိုရင်လည်း Kirin 710F Processor ၊ 4GB RAM ၊ 128GB Storage တွေနဲ့ 4000mAh Battery တွေကြောင့် တော်တော်လေးကို အဆင်ပြေတယ်လို့ပြောလို့ရပါတယ်။ ဒါ့အပြင် USB-C ကိုအသုံးပြုထားတော့ Mid Range ဖုန်းတစ်ခုအနေနဲ့ အားရစရာပါ။

ဒီ Huawei Y9 Prime 2019 စမတ်ဖုန်းကို လက်ရှိဈေးကွက်ထဲမှာ ငွေကျပ် ၃၃၉,၀၀၀ ကျပ်နဲ့ ဝယ်ယူရရှိနိုင်ပြီဖြစ်ပြီးတော့ Notch ကိုမကြိုက်ဘဲ Full Screen Experience ကိုလည်း လိုချင်တယ်၊ Camera ပိုင်းလည်း ကောင်းမွန်ဖို့လိုအပ်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ဖုန်းတစ်လို့တောင် ပြောလို့ရပါတယ်။