Zawyè (Akhayar) 
www.akhayar.com
[UNICODE]
Huawei ကနေ မကြာသေးခင်က Budget စမတ်ဖုန်းအမျိုးအစားသစ်တစ်ခုဖြစ်တဲ့ Huawei Y9 (2019) ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ အခုထွက်လာတဲ့ Huawei Y9 (2019) ဟာ နောက်နှစ်အတွက်ရည်ရွယ်ထားတဲ့ဖုန်းတစ်ခုဖြစ်တဲ့အတိုင်း ပါဝင်တဲ့စွမ်းဆောင်ရည်ပိုင်းအရ တော်တော်လေးကိုကောင်းတယ်လို့ ပြောလို့ရနေပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ အဆိုပါ Huawei Y9 (2019) ဟာ မြန်မာနိုင်ငံစျေးကွက်ကိုလည်း ဝင်ရောက်လာမှာဖြစ်ပါတယ်။
Huawei Y9 ဟာ ကြီးမားတဲ့ 6.5″ Full HD+ Display ကို အသုံးပြုထားပြီးတော့ Notch ပါဝင်တဲ့ Display အမျိုးအစားလည်းဖြစ်ပါတယ်။ Resolution အနေနဲ့ 2340×1080 Pixels ရှိမှာဖြစ်ပြီးတော့ Screen-to-Body Ratio အနေနဲ့လည်း 90.1% အထိရှိနေမှာဖြစ်ပါတယ်။
Processor ပိုင်းအနေနဲ့ကတော့ 12nm Architecture အသုံးပြုထားတဲ့ Kirin 710 Processor ကို ထည့်သွင်းထားပြီးတော့ RAM 4GB ဒါမှမဟုတ် RAM 6GB ကို ရွေးချယ်နိုင်မှာပါ။ RAM အပေါ်မူတည်ပြီးတော့ Storage ကလည်း 64GB ဒါမှမဟုတ် 128GB ပါဝင်မှာဖြစ်ပါတယ်။ GPU Turbo စနစ်ကိုလည်း ရရှိဦးမှာဆိုတော့ Gamer တွေအကြိုက်တွေ့ဦးမှာပါ။
Camera ပိုင်းအနေနဲ့ကတော့ 16MP + 2MP Back Camera နဲ့အတူ Front Camera ကိုလည်း 13MP + 2MP ထည့်သွင်းထားတာဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ AI နည်းပညာတွေကို ထည့်သွင်းပေးထားပြီးတော့ Intelligent Portrait Mode ၊ Low Light 4-in-1 Technology တွေအပြင် AI Scenery Recognition စနစ်တွေပါ ထည့်သွင်းပေးထားဦးမှာဖြစ်ပါတယ်။ အဲ့ဒီအပြင် Gesture တွေကိုလည်း Support ပေးသွားဦးမှာပါ။
Battery ပိုင်းအနေနဲ့ကတော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီးတော့ ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်တာပဲဖြစ်ဖြစ် ၉ နာရီဆက်တိုက်ပြုလုပ်နိုင်မှာပါ။ သီချင်းနားထောင်မယ်ဆိုရင်တော့ ၅၂ နာရီအထိ နားထောင်နိုင်ဦးမှာလည်း ဖြစ်ပါတယ်။
Huawei ရဲ့ Y9 (2019) ဖုန်းဟာ ယခင် Huawei က ထွက်ရှိထားတဲ့ Y Series စမတ်ဖုန်းတွေနဲ့ယှဉ်ရင် သိသိသာသာကိုတိုးတက်လာတယ်လို့ ပြောနိုင်ပြီးတော့ Huawei ဖုန်းအသစ်ကိုမျှော်လင့်နေတဲ့သူတွေအတွက်တော့ စိတ်လှုပ်ရှားစရာပါ။
Zawyè (Akhayar) 
www.akhayar.com